မင်းသားကြီး လီဗြောင်ဟွန်းရဲ့ ၂၁ ရာစု ခေတ်ဦးက BL ဇာတ်ကားပါ။
၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။
မြန်မာက “အမျှင်” ဆိုပြီး ပြန်ရိုက်ခဲ့ပါတယ်။
ထိုင်းကတော့ ၂၀၁၉ ခုနှစ် “Dew”
ဆိုတဲ့ နာမည်နဲ့ ပြန်ရိုက်ခဲ့ပါတယ်။
ပြန်ရိုက်ထားတဲ့ကားတွေကတော့ မြန်မာမှု၊
ထိုင်းမှု ပြုတာ ဖြစ်တဲ့အတွက် မူရင်းကားရဲ့အရသာနဲ့ မတူပါဘူး။
ဒါကတော့ “Dew” ဇာတ်ကားရဲ့လင့်ခ်ပဲ ဖြစ်ပါတယ်။
ဒီကားမှာတော့ ၁၉၈၀ ဝန်းကျင်က စထားပါတယ်။
ဆောအင်ဝူးဆိုတဲ့ ကောင်လေးဟာ လီထယ်ဟီး ဆိုတဲ့
ကောင်မလေးကို မြင်မြင်ချင်းပဲ ချစ်မိတယ်
ဆိုတဲ့ အချစ်မျိုးနဲ့ ချစ်ခဲ့ပြီး တစ်သက်တာ
ပေါင်းဖက်ဖို့အထိ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း ကံကြမ္မာရဲ့လှည့်စားမှုတွေကြောင့် မမျှော်လင့်ဘဲ
ထယ်ဟီးတစ်ယောက် ဆုံးပါးခဲ့ရပါတယ်။
၁၇ နှစ် အကြာမှာတော့ ဆောအင်ဝူးဆိုတဲ့
ကောင်လေးဟာ အိမ်ထောင်ရက်သားကျပြီး
ကလေးတစ်ယောက်အဖေ ကျောင်းဆရာတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
ခပ်ဆိုးဆိုးကျောင်းသားတွေရဲ့အတန်းပိုင်ဖြစ်လာတဲ့ ဆောအင်ဝူးဟာ
ကျောင်းသား-ဆရာ ဆက်ဆံရေး အရမ်းကို အဆင်ပြေခဲ့ပါတယ်။
ဒီအချိန်မှာပဲ ဆောအင်ဝူးတစ်ယောက် အင်ဟွန်ဘင် ဆိုတဲ့
ကျောင်းသားတစ်ယောက်အပေါ်ကို ကြွေမိသွားပါတော့တယ်။
ဒါတွေက ဘာကြောင့်များပါလဲ?????
ဇာတ်လမ်းထဲမှာ ကျွန်တော်တို့ ဆက်ပြီး အဖြေရှာကြည့်ပါစို့ဗျာ။
ဇာတ်ဆောင် မင်းသမီး လီအွန်ဂျူကတော့ ၂၀၀၄ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ The Scarlet Letter မှာ ပါတဲ့
ဖော်ချွတ်အခန်းတွေကြောင့် အိပ်မရတဲ့ရောဂါ စွဲကပ်ခဲ့ပြီး
၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ ကိုယ့်ကိုကိုယ် သတ်သေခဲ့ပါတယ်။
IMDb 7/10 ရထားတဲ့ ဇာတ်ကားဖြစ်တာမို့ တော်တော်လေးကောင်းတဲ့ ရုပ်ရှင်ထဲမှာ ပါဝင်ပါတယ်။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ August ပဲ ဖြစ်ပါတယ်
File Size – 1.1 gb
Quality – bluray 1080p
Subtitle – burmese
Translator – August
Encoder – Thit San Khant
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

















![[18+]Nerisa(2021)](https://image.tmdb.org/t/p/w185/zY4AnEPcNPEA6oEE288qYfw6Kqq.jpg)














![[18+] Nude Model (2016)](https://image.tmdb.org/t/p/w185/uh2XSyL86xECgizmG4VRG2vEnge.jpg)



![[18+] Eros (2004)](https://www.channelmyanmar.to/wp-content/uploads/2022/04/MV5BMTk2MjQ2NTAzOV5BMl5BanBnXkFtZTcwMTg5NzgyMQ@@._V1_FMjpg_UX1000_-135x200.jpg)