Exit print mode Print Data A+ A- Undo all

Bull Durham (1988)

Romance is a lot like baseball. It's not whether you win or lose. It's how you play the game.
Bull Durham (1988)Bull Durham (1988)

Synopsis:

442

 

အားကစားသမား တစ်​ယောက် နာမည်​ကျော်ဖို့က ဇွဲ လိုတာလား၊ ကံလား ဉာဏ်လား၊ ဝီရိယ လား။ စန်း လား။ ဒါမှမဟုတ် ပါရမီလား။ ကယ်ရိုလိုင်းနား ပြည်နယ် ​မြောက်ပိုင်းက ဒါဟမ်မြို့ ​ဘေ့စ်​​ဘောအသင်းမှာ​တော့ ​Ebby ဆိုတဲ့ ​ရွှေလက်ပိုင်ရှင်​လေးက သူဟာ ဘယ်​လောက်ထိ ဖြစ်​မြောက်နိုင်တယ် ဆိုတာကို သတိမထားမိပဲ ​ရှိ​နေပါတယ်။ ပြာဖုံး​နေတဲ့ ပတ္တမြား​​လေး ကို အ​ရောင်တင်​ပေးဖို့ ​တချိန်တည်းမှာပဲ ​ဘေ့စ်​ဘောကို အလွန် နှစ်သက်တဲ့ Annie ဆိုတဲ့ ဆွဲ​ဆောင်မှုရှိလွန်းတဲ့ အမျိုးသမီး အပြင်၊ အ​တွေ့အကြုံများတဲ့ ​ဘောလုံးရိုက်သမားCrash တစ်​ယောက် ဒါဟမ် အသင်းဆီ​ရောက်လာတဲ့ အခါမှာ​တော့ ဘာ​တွေဆက်ဖြစ်မလဲဆိုတာကို ဒီ၁၉၈၉ ထုတ် ရုပ်ရှင်မှာ ရယ်​မော​ မြူးကြွစရာ ကြည့်ရှုရမှာပါ။

၈၀​ကျော်ခုနှစ်က ဖက်ရှင်​တွေ၊ သီချင်း​​တွေနဲ့ ​ရင်ခုန်စိတ်လှုပ်ရှားဖွယ်ဘေ့စ်​ဘော ​​လောကကြီးကို ​ဘောင်သွင်းထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်​ငွေ​ကြေးအရလည်း အလွန်​အောင်မြင်ခဲ့ပါတယ်။ ဒါရိုက်တာ ကလည်း ​ဘေ့စ်​ဘော ကစားသမား​ ဖြစ်ခဲ့တာ​ကြောင့် ​ဇာတ်ကားက ပိုအသက်ဝင်စစ်မှန်ပြီး ​ဝေဖန်သူ​တွေက အားကစားရုပ်ရှင်​တွေထဲ နံပါတ် ၁ ပါလို့ ချီးကျူးသံ​တွေလည်း ကြား​နေရဆဲပါ။ ငယ်ရွယ်တဲ့ Tim Robbinsနဲ့ Kevin Costner တို့ သူတို့ထက် အသက်​ရော၊ ဝါ ပါကြီးရင့်တဲ့ နုပျိုဆဲ မင်းသမီးကြီး Susan Sarandon နဲ့ အတွဲညီညီ သရုပ်​​ဆောင်တာကိုလည်း ​တွေ့မြင်ရမှာပါ။ ​

နောက်ဆုံးမှာ Annie တစ်​ယောက် ဘယ်သူနဲ့ လက်တွဲသွားမလဲ။ Ebby နဲ့ Crash ​ရော သူတို့ ​ရောက်ချင်တဲ့ ပန်းတိုင်ကို ဘယ်လိုသွားကြမလဲ။ အားကစားသမားတစ်​ယောက်ရဲ့ အ​ပြောင်​မြောက်ဆုံး၊ အောင်မြင်နိုင်​ချေအရှိဆုံး အသက်အရွယ်ဟာ ၂၁နှစ် ဖြစ်တယ်လို့ ​ပြောကြပါတယ်။ ဒီထက် အသက်ကြီးသွားပြီး​နောက်မှာ​ အဲ့ဒီကစားသမားရဲ့ ဘဝက ဘယ်လိုမျိုးလဲ ဆိုတာကို ရသ အစုံနဲ့ ကြည့်ရှုရမယ့် IMDB rating 7၊ Rt 97%​ တောင်ရထားတဲ့ ကား​ကောင်းတစ်ကား ပဲ ဖြစ်ပါတယ်။

 

File size…(2.4 GB)/(1.3 GB)
Quality….Blu-Ray 1080p / 720p
Format…mp4
Duration….01:48:00
Genre… Comedy, Romance, Sport
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Summer Lin



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $7 000 000,00
Revenue
USD $50 888 000,00
Popularity
20.267
Status
Released
ID IMDb.com
tt0094812
IMDB Rating
7.0
ID Themoviedb.org
287
TMDb Rating
6.7
TMDb votes
549