Buck Run (2019)

Synopsis:
Buck Run (2019)
==============
IMDb Rating – 5.8/10
အတိတ်က နာကျင်စရာတွေကို လက်ခံနိုင်ဖို့ ကြိုးစားဖူးလား။ နာကျင်မှုတွေ ဆုံးရှုံးမှုတွေနဲ့ အမှန်တရားတွေက
လက်ခံနိုင်ဖို့အတွက် အချိန်အတိုင်းအတာတစ်ခုတော့ လိုအပ်ပါတယ်…..
ဒီကားမှာတော့ ကင်ဆာရောဂါသည်မိခင် သေသွားပြီးနောက်ပိုင်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ မိခင်အလောင်းနဲ့
တစ်အိမ်ထဲမှာ အတူနေရတဲ့ ၁၅နှစ်သားအရွယ် ကောင်လေး ရှော။ အမေမရှိတော့မှ အရက်စွဲနေတဲ့ အဖေရောက်
လာပြီး အဖေဖြစ်သူ ဝီလီယံနဲ့အတူ နေနိုင်ဖို့ ဖြစ်လာပါတော့တယ်။ ဘဝကို အရက်သောက်၊မိန်းမလိုက်စား၊ အဓိပ္ပါယ်မဲ့စွာ
ဖြတ်သန်းပြီး အတိတ်ကအကြောင်းတွေကနေ ရုန်းမထွက်နိုင်တဲ့ ဝီလီယံ။ မိခင်ကို ဆုံးရှုံးလိုက်ရပြီး ဘေးပတ်ဝန်းကျင်က
အနိုင်ကျင့်ခံရတဲ့ ကောင်လေး၊ ငယ်ငယ်ထဲကထွက်သွားပြီး အခုမှပေါ်လာတဲ့ အဖေနဲ့အတူ သူဘယ်လိုနေထိုင်မလဲ…..
သူ့စိတ်ထဲဘာတွေရှိနေမလဲ။ နောက်ဆုံး သူတို့ သားအဖနှစ်ယောက် အတိတ်က နာကျင်စရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား
ဆိုတာကို ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားက ဆုတွေလည်း အတော်များများရထားပြီး ဇာတ်လမ်းအေးအေးလေးတွေကို
စီးမျောခံစားတတ်တဲ့သူတွေအဖို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)
Quality – 1080p, 720p WebRip
Duration – 1h 20min
Subtitle – Myanmar Hardsub
Format – Mp4
Genre : Drama
Source : 1080p.WebRip
Translator – Parris
Encoder – SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။