Broken Sword Hero ( 2017 )


Synopsis:
2017 ခုနှစ်ထွက် ထားပြီး အိုင်အမ်ဒီဘီ ၆.၅ ရရှိထားတဲ့
ထိုင်းရိုးရာ မွေ့ထိုင်းကားလေး
တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်ကားလေးက ခပ်ကြမ်းကြမ်း လက်ဝှေ့ကားကို
ကြိုက်နှစ်သက်တဲ့ သူတွေ စစ်ကားကိုကြိုက်နှစ်သက်တဲ့သူတွေ
အနေနဲ့ လက်လွတ်မခံသင့်တဲ့
ကားလေးဖြစ်ပြီး ဒီကားထဲမှာတော့ မြန်မာ ထိုင်း
သမိုင်းကြောင်းလေးကို လဲ နည်းနည်းတော့
ဇောင်းပေးရိုက်ကူးပြထားပါတယ် လက်ဝှေ့ကားဆိုတော့
အထွေအထူးတော့ ညွန်းနေစရာတော့ မရှိပါဘူး
ဇာတ်လမ်း အကျဉ်းလေးကတော့ ၁၇၀၀ ပတ်ဝန်းကျင်က
ထိုင်းနိုင်ငံမှာ မြန်မာ တွေက ထိုင်းကို
ကျူးကျော်စစ်ဆင်နွဲနေတုန်းမှာ ထိုင်းတွေရဲ့
ရဲရဲတောက် သတ္တိတွေနဲ့ သူတို့ရဲ့
သမိုင်းဝင် စတုတ္ထအကြိမ် မွေ့ထိုင်းချန်ပီယံ
ပြိုင်ပွဲကြီးကို ကျင်းပပုံတွေနဲ့
ကလေးတွေကို ငယ်စဉ်ကတည်းက
လေ့ကျင့်ပေးတာတွေကို ရိုက်ကူးပြထားတာမို့
ထိုင်းတွေ မြန်မာတွေ ကို ဘယ်လို များ
အပုတ်ချ ရိုက်ထားလဲဆိုတာကိုတော့
ပရိတ်သတ်ကြီးကပဲ ဆက်လက် ကြည့်လိုက်ကြပါတော့ဗျာ
Translated By May Thu Soe
Encoded By Kyaw Ye Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။