Bridget Jones: The Edge of Reason (2004)
Same Bridget. Brand new diary.

Synopsis:
Bridget Jones: The Edge of Reason (2004)
ဒီကားကတော့ 2001 ခုနှစ်ကထွက်ခဲ့တဲ့ Bridget Jones’s Diary ရဲ့ အဆက်ပါ။ ဘရစ်ဂျစ် တို့နှစ်ဦးချစ်သူဖြစ်ပြီးနောက်ပိုင်းကို ဆက်လက်ရိုက်ကူးထားတာပါ။
ဘရစ်ဂျစ်ဟာ သူ့ချစ်သူမာ့ခ်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းမှာ ၀င်ဆံ့ဖို့ကြိုးစားရင်း ကြားထဲမှာ ချစ်သူကို လုပ်ဖော်ကိုင်ဖက်ရှေ့နေမလေးနဲ့ ဖောက်ပြန်နေလားဆိုတာ သံသယ၀င်စရာကိစ္စတွေ တစ်ခုပြီးတစ်ခုဖြစ်လာပါတယ်။
မာ့ခ်က သံသယတွေကိုမဖြေရှင်းတဲ့အခါမှာ ဘရစ်ဂျစ်ကစိတ်ဆိုးပြီး လမ်းခွဲလိုက်ပါတယ်။ အဲ့နောက်မှာအရင်ရည်းစားဟောင်း ဒယ်နီရယ်နဲ့ Program ရိုက်ကူးဖို့ ထိုင်းကို သူငယ်ချင်းခေါ်ပြီးလိုက်သွားပါတယ်။ ထိုင်းမှာ ဘရစ်ဂျစ်သူငယ်ချင်းက အသက်ငယ်ငယ်ကောင်လေးနဲ့ တွေ့ပြီးတွဲခုတ်နေပါတယ်။
ဒယ်နီရယ်ကလည်း ရည်းစားနဲ့ကွဲလို့ တွေဝေနေတဲ့ဘရစ်ဂျစ်ကိုပြန်ရဖို့ ပြန်ကပ်နေပါတယ်။ ဒါပေမဲ့ ဒယ်နီရယ်ရဲ့ မိန်းမရှုပ်ပွေတဲ့အကျင့်ကြောင့် ဘရစ်ဂျစ်က ပြန်လက်မခံခဲ့ပါဘူး။ ထိုင်းကနေ သူငယ်ချင်းခေါ်ပြီးပြန်လာတဲ့အခါမှာ လေဆိပ်မှာ သူငယ်ချင်းရဲ့ပစ္စည်းကိုသယ်ပေးတဲ့ ဘရစ်ဂျစ်က ကိုကိန်းသယ်ဆောင်မှုနဲ့ ဖမ်းစစ်ဆေးခံရပါတော့တယ်။
ထိုင်းက အကျဉ်းထောင်ထဲမှာနေရင်း ဘရစ်ဂျစ်ကသူ့ကိုလွှတ်ပေးမယ့်လူကိုစောင့်မျှော်နေပါတယ်။ မထင်ထားစရာဘဲ ဘရစ်ဂျစ်ဆီရောက်လာသူကတော့ မာ့ခ်ပါ။ မာ့ခ်က ဘရစ်ဂျစ်လွတ်အောင်ကူညီတာကိုတော့ အမှန်အတိုင်းမပြောခဲ့ပါဘူး။
သူငယ်ချင်းတွေပြောပြလို့ အမှန်အတိုင်းသိလိုက်ရတဲ့အခါ ဘရစ်ဂျစ်တို့ ချစ်သူနှစ်ဦး ပြန်လည်အဆင်ပြေပြီး ပျော်ရွှင်စရာအဆုံးသတ်ဖြစ်မလား… ဘရစ်ဂျစ်အထင်လွဲနေတဲ့ရှေ့နေမလေးရဲ့ တကယ့်ချစ်သူကရော ဘယ်သူလဲဆိုတာ လှည့်ကွက်လေးတွေနဲ့ ကြည်ကြည်နူးနူး ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်)
Size – 2GB, 960MB
Quality – 1080p, 720p
IMDb Rating – 6/10
Format – mp4
Duration – 1H 48Min
Genre – Comedy, Drama, Romance
Subtitle – Myanmar Subtitle (Hardsub)
Translated by Shune Lai KK
Encoded by Y
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။