Exit print mode Print Data A+ A- Undo all

Bridgend (2015)

Bridgend (2015)Bridgend (2015)

Synopsis:

 

၂၀၀၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်တုန်းကဘရစ်ဂျန့်ဆိုတဲ့

442

မြို့တစ်မြို့မှာ လူငယ်အနည်းဆုံး ၂၆ ခန့်ကကိုယ့်ကိုယ်ကိုယ်

သေကြောင်းကြံခဲ့ကြတဲ့ဖြစ်ရပ်မှန်တစ်ခုရှိပါတယ်။

ပိုထူးဆန်းတာကတော့ အဲ့လိုသေကြောင်းကြံတဲ့

လူငယ်တွေအားလုံးထဲမှာတစ်ယောက်ကလွဲပြီး

ကျန်တဲ့သူတွေအားလုံးဆွဲကြိုးချသေခဲ့ကြတာပါပဲ။

ရဲတင်ပြချက်တွေအရတော့ သေကြောင်းကြံတဲ့

ဂိုဏ်းတစ်ခုကို အပြစ်တင်ရမယ်ဆိုပေမဲ့ တကယ်တမ်း

အမှုတွေနဲ့ ဆက်စပ်နေတဲ့သက်သေတွေကိုတော့ မတွေ့ခဲ့

ကြပါဘူး။အခုတင်ဆက်ပေးမဲ့ Bridgend ဆိုတဲ့

ဇာတ်ကားကအဲ့ဒီအဖြစ်အပျက်ကိုပဲအခြေခံပြီး

ရိုက်ကူးထားတာဖြစ်ပါတယ်။IMDb Rating 5.4 နဲ့

နိုင်ငံတကာကပေးအပ်ထားတဲ့ရုပ်ရှင်ဆုများစွာလည်း

ရရှိခဲ့ပြီး အဲ့ဒီဖြစ်ရပ်မှန်ကိုသည်းထိပ်ရင်ဖိုပုံစံလေး

ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။

ဇာတ်လမ်းအစမှာ ဆာရာဆိုတဲ့ ကောင်မလေးက

အဖေဖြစ်သူနဲ့ အတူတူဘရစ်ဂျန့်မြို့ကို ပြောင်းရွှေ့လာခဲ့ပြီး

အဲ့ဒီမြို့က ကျောင်းမှာပဲ သွားတက်ရောက်ခဲ့ပါတယ်။

အဲ့ဒီကျောင်းမှာဆာရာက ဂျိန်းမီဆိုတဲ့ကောင်လေးနဲ့

သူ့အဖွဲ့တွေနဲ့ အဖွဲ့ကျသွားခဲ့ကြပြီး။ရေကန်ထဲ ကိုယ်တုံးလုံး

ရေဆင်းချိုးတာတွေအပြင် တခြားသောလူငယ်ဘ၀

ပေါက်ကရတွေများစွာလည်း အတူတူလုပ်ခဲ့ကြပြီး

ပျော်ရွှင်နေခဲ့ကြပါတယ်။အဲ့လိုပျော်ရွှင်နေတာတွေက

တစ်နေ့မှာတော့ အားလုံးအတွက် ပျောက်ကွယ်သွားတော့

ပါတယ်။ဘာလို့လဲဆိုတော့ သူတို့အဖွဲ့ထဲက ကောင်လေး

တစ်ယောက်က ဆွဲကြိုးချပြီးသေသွားတဲ့ သတင်းကို

ကြားလိုက်ရလို့ပါပဲ။ဒါပေမယ့်လည်း လူငယ်ပီပီပဲ

ခဏကြာတော့ မေ့ပျောက်သွားခဲ့ပြီး အရင်လိုပဲပြန်ကဲ

နေခဲ့ပါတယ်။ကဲလို့မကြာသေး သူငယ်ချင်းတွေ

တစ်ယောက်ပြီး တစ်ယောက်ဆွဲကြိုးချပြီးသေကြောင်းကြံ

နေကြတဲ့အခါမှာတော့ ဆာရာတို့လည်း ကြောက်လန့်လာပြီး

အဲ့လိုဖြစ်ရပ်ဆိုးတွေကြားမှာ ရှင်သန်အောင်ဘယ်လို

ကြိုးစားကြမယ်ဆိုတာကို စိတ်ဝင်စားစရာကြည့်ရှုရမဲ့

ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။

 

File size…1.61GB / 635MB
Quality…Blu-Ray 1080p 5.1CH  / 720p
Format…mp4
Duration….1h 44m
Genre ….. Drama , Horror
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Saw Lay



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Popularity
4.389
Status
Released
ID IMDb.com
tt4180576
IMDB Rating
5.5
IMDB votes
2.7K
ID Themoviedb.org
316885
TMDb Rating
5.3
TMDb votes
68