Channel Myanmar

Bridge of Destiny (2020)

BLDramaRomance

IMDB: /10 votes

1118524

Report error

442

ပထမဆုံး ပြောချင်တာကတော့ တကယ်ကောင်းတဲ့ ဗီယက်နမ် အချစ်ကားလေးပါ။

အချစ်ကားပေမယ့် အချစ်လည်းမကြမ်းသလို ဒရာမာလည်းဆန်ပါတယ်။

လှည့်ကွက် မြှပ်ကွက်တွေနဲ့ ဇာတ်လမ်းဆင်ရိုက်ကူးထားပြီးတော့ “ဟာကနဲ” ဖြစ်သွားမယ့်ကားကိုကြည့်ချင်ရင်တော့

ဒီကားလေးကို ညွှန်းပေးချင်ပါတယ်…

အုတ်ဖုတ်လုပ်ငန်းပိုင်ရှင် သူဌေးသားလေးဖြစ်တဲ့ “ချုန်း” က တစ်နေ့မှာ လုပ်ငန်းခွင်ကိုလှည့်လည်စစ်ဆေးတုန်း

အားကောင်းမောင်းသန် အလုပ်သမားလေး “ကွန်း” ကိုတွေ့ပြီးချစ်ခင်စုံမက်ခဲ့ပါတယ်။(Boy Love ပေါ့ဗျာ)

ဒီအထိ အားလုံးအဆင်ပြေပေမယ့် “ချုန်း” နဲ့ လက်ထပ်မယ့် “ဟ” ဆိုတဲ့ မိန်းကလေးပေါ်လာရာကနေ ဇာတ်လမ်းစပါတော့တယ်။

“တခြားသူတွေနဲ့ မတူ မတည်နိုင်တဲ့ကတိတွေ မပေးဘဲ

ကိုယ်တို့နှစ်ယောက်ရှေ့ဆက်ချစ်သွားရအောင်” …. “ကွန်း” အတွက်ရေးပေးခဲ့တဲ့ “ချုန်း” ရဲ့ကဗျာလေး …

“ကျွန်မကို တကယ်ချစ်ရဲ့လား?” “မင်းကိုပဲ လက်ထပ်သွားမှာပါ” လို့ “ဟ” ကို ပြောလာတဲ့ “ချုန်း”…

“ချုန်း” နဲ့ “ကွန်း” တို့နောက်ဆုံးနှုတ်ဆက်နေတဲ့နေ့လေးမှာ ချစ်ကြည်နူးပြီးတစ်တီတူးနေတာကို ချုန်းအဖေကတွေ့ပြီး

သူ့သား Gay နေတာကို ဒေါသူပုန်ထပါတော့တယ်။

“ဟ” ကတော့ Two Way သမား ချုန်းအကြောင်းကိုသိပေမယ့်  “ချုန်း” ရဲ့ရင်သွေးလေးကိုလွယ်ထားရတာကြောင့်

လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်…။

ဒါပေမယ့် နောက်ဆုံးမှာ “ကွန်း” နောက်ကို “ချုန်း” ပြေးလိုက်ချိန်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး

“ဟ” ရဲ့ကလေးလည်းပျက် “ချုန်း” လည်း တံတားပေါ်ကနေပြုတ်ကျသေဆုံးသွားပါတော့တယ်။

နှစ်နှစ်ဆယ်ကြာတော့ “ကွန်း” တစ်ယောက် အရမ်းလှပတဲ့ဒီဇိုင်နာမိန်းကလေးတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး

ခပ်ချောချော သားလေးတစ်ယောက်ရကာ ပျော်ရွှင်စွာမိသားစုဘဝလေးကို ဖြတ်သန်းနေပါတယ်။

ဒါကို “ထန်” ဆိုတဲ့ယောက်ျားလေးတစ်ယောက်က “ကွန်း” ကိုတွေ့အောင်ရှာပြီး

ဆေးရုံတက်နေတဲ့ မိန်းကလေးတစ်ယောက်နဲ့ပေးတွေ့လိုက်တဲ့အခါမှာတော့….

အတိတ်က အကြောင်းတွေနဲ့ ဘယ်လိုဆက်စပ်လာမလဲဆိုတာ စပွိုင်းမိမှာစိုးလို့မရေးတော့ပါဘူးနော်….

ဇာတ်လမ်းမှာ ဘယ်လိုမြှပ်ကွက်တွေရှိမလဲဆိုတာကို ဒေါင်းလုပ်ဆွဲနေရင်းခန့်မှန်းကြည့်ပါ

ပြီးရင် အဖြေတိုက်ကြည့်ကြတာပေါ့ ။ ။

(Boy Love တွေရော Straight Love တွေရော စုံနေတာမို့ အချစ်ကိုဖွေရှာသူတွေ လက်လွတ်ခံလို့မဖြစ်ပါဘူး)

 

File size…(1.7 GB) and (1 GB)
Quality….WEB-DL 1080p and 720p
Format…mp4
Duration….01:30:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung

Translated by JoJoVa



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available

Genres



Related movies