Blue Streak (1999)
He's A Cop That's Not.

Synopsis:
Blue Streak (1999)_____IMDb – 6.3/10
Blue Streak ကားနဲ့ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရအကြီးကြီးတစ်ခုရှိခဲ့လို့ ပြောရဦးမည်…
ဒီကားက သာမန်ဟာသကားတွေနဲ့မတူ …မင်းသားက သူခိုးအကြီးစားဖြစ်တဲ့အပြင်
ဉာဏ်ကလည်းကောင်းတယ်….ဇာတ်လမ်းကလည်း ဆွဲဆောင်မှုရှိတဲ့အပြင် နောက်ခံတေးတွေကလည်း
အမိုက်စား…Martin Lawrence ကြီးကလည်း ဒါမျိုးသရုပ်ဆောင်အတော်ပိုင်သည်..
သူ့ကြည့်နေရာ တစ်ချိန်လုံးရယ်နေရတယ်…ဒီကားကြည့်ပြီးရယ်နေတာကို
တစ်ချိန်တုန်းက ကျွန်တော့်ကိုရက်ရက်စက်စက်ဖြတ်ခဲ့တဲ့ရည်းစားက တွေ့သွားပြီး
နင်အဲ့လိုပေါတောတော ဟီလာတိုက်တတ်လို့ နင့်ကိုဖြတ်ခဲ့တာလို့ပြောသွားတယ်…
သူပြောတာကိုကြားမိတော့ ကျွန်တော်မတုံမဆိုင်းပဲ အေးပါ ရပါတယ် နင့်ကိုငါနားလည်ပါသလို
ခုလည်း ငါပျော်နေပါတယ်လို့
ခပ်ပြုံးပြုံးလေးပြောမိတယ်….
ဇာတ်ကားကရယ်ရတော့ နှလုံးပါမြူးပြီးအရာအားလုံးဟာ လှပနေတယ်….အရင်က အသည်းကွဲပြီး
ဘဝက စုတ်ပြတ်နေတယ်ဆိုတဲ့အတွေးတွေ ကြက်ပျောက်ငှက်ပျောက်ပဲ…
စိတ်နာခဲ့ဖူးတဲ့သူကိုတောင်ခပ်ပြုံးပြုံးလေး တုန့်ပြန်နိုင်တယ်…
ဒါကြောင့် ကျွန်တော်တို့ ဘဝမှာ ဟာသကားလေးတွေ လိုကိုလိုအပ်သည်……..
ကျွန်တော်ပြောတာမလွန်ကြောင်း ဒီကားကြည့်ဖူးတဲ့သူတွေသိပါလိမ့်မယ်….
မကြည့်ရသေးတဲ့သူတွေအတွက်ဇာတ်လမ်းအညွှန်းလေးသွားရအောင်…..
Miles ဆိုတဲ့သူခိုးတစ်ယောက်ရှိတယ်….သူကတော်သလို အချီကြီးတွေမှကြံလေ့ရှိတဲ့သူမျိုး…
တစ်နေ့တော့ ၁၇သန်းတန်စိန်ကြီးကို အပေါင်းအပါတွေနဲ့အတူ ခိုးကြတယ်…
သစ္စာဖောက်တစ်ယောက်ကြောင့် သူတို့အဖွဲ့ဒုက္ခရောက်ရတယ်…စိန်တုံးကြီးကို နီးစပ်ရာအဆောက်အဦးမှာ
ဖွက်ထားနိုင်ခဲ့ပေမယ့် Miles တစ်ယောက်ရဲဖမ်းခံရပြီး ထောင်ကျသွားတယ်…..
ထောင်ကထွက်လာတဲ့အချိန် ဖွက်ထားတဲ့ စိန်တုံးကြီးရှိရာအဆောက်အဦးဆီကိုလာခဲ့ပေမယ့်
တွေ့လိုက်ရတဲ့မြင်ကွင်းကြောင့် သူ ရူးမတတ်ဖြစ်သွားတယ်…….
အဲ့ဒါကတော့ အဆောက်အဦးကြီးက ရဲစခန်းကြီးဖြစ်နေလို့ပါ…
ကိုင်း Miles ဘယ်လိုတွေရှေ့ဆက်မလဲ …..
ခံစားကြည့်လိုက်ပါ …..နင်းကန်ရယ်ရတဲ့ဟာသကားမို့ ခံစားကြည့်လိုက်ပါဦး…
ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်…..
File Size :(1.87GB) and (876 MB)
Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p
Format…mp4
Duration…01:33:00
Genre : Action, Comedy, Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by Zuel Khant Thwin
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။