Bleed for This (2016)
This is what the greatest comeback in sports history looks like

Synopsis:
ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့လုပ်နိုင်မယ်လို့မထင်တဲ့အရာတွေကို
လုပ်ဖို့အတွက် ယုံကြည်မှုဟာ ပဓာနကျပါတယ်
ဘယ်လောက် အထောက်အပံကောင်းတွေရှိရှိ ယုံကြည်မှုမရှိရင်
ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေဟာ အကောင်အထည်ပေါ်လာနိုင်မှာ မဟုတ်ပါဘူး
အဲ့ဒီအချက်ကို ဖြစ်ရပ်မှန်အဖြစ်အပျက်တစ်ခုကို မှတ်တမ်းတင်ထားတဲ့
ဒီရုပ်ရှင်လေးက သက်သေပြထားပါတယ်
၁၉၉၀ခုနှစ်ဝန်းကျင်က ဗန်နီပါဇီယန်ဇာလို့အမည်ရတဲ့
အမေရိကန်လက်ဝှေ့သမားတစ်ယောက်ဟာ နာမည်ကြီးကာစမှာ
ကားအက်ဆီးဒန့်တစ်ခုကြောင့် လက်ဝှေ့လိုအားကစားမျိုးကိုပြန်ကစားဖို့ မဖြစ်နိုင်တဲ့
လည်ပင်းရိုးကျိုးသွားတဲ့ဒဏ်ရာကို ရရှိခဲ့ပြီး
ကံကောင်းစွာနဲ့အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်
သူ့ရဲ့ဘဝလိုဖြစ်နေတဲ့လက်ဝှေ့ကို မဖြစ်နိုင်တဲ့အခြေအနေကနေ ပြန်ကစားဖို့အတွက်
လူတိုင်းကဝိုင်းဝန်းတားဆီးနေသည့်ကြားကပင် ယုံကြည်မှုပြင်းထန်စွာ ကြိုးစားခဲ့ပြီး
ကမ္ဘာ့လက်ဝှေ့ချန်ပီယံအဖြစ် ပြန်လာနိုင်ခဲ့ကာ
အားကစားလောကရဲ့အစဉ်အလာမရှိဆုံး ပြန်လာနိုင်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်
ဒီဖြစ်ရပ်မှာကာယကံရှင်နေရာကသရုပ်ဆောင်ထားတဲ့မင်းသား Miles Tellerဟာ
ကျွန်တော်တို့ပရိတ်သတ်တွေနဲ့သိပ်မစိမ်းတဲ့ မင်းသားတစ်လက်ဖြစ်ပြီး
ဒီရုပ်ရှင်မှာလည်းပီပီပြင်ပြင် သရုပ်ဆောင်သွားနိုင်ခဲ့ပါတယ်
Imdb 6.8နဲ့ Rotten Tomatoes 70%ထိရရှိထားပါတယ်
Flim of the yearဆုကိုလည်းရရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပြီး ကျွန်တော်တို့စိတ်ခွန်အားတွေကို
တစ်စိတ်တစ်ပိုင်း အားဖြည့်ပေးနိုင်မယ့်
ရုပ်ရှင်ချစ်သူတွေလက်မလွတ်သင့်တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်
ဒီဖြစ်ရပ်က ကာယကံရှင်တွေရဲ့ပုံရိပ်တွေ ပြောစကားတွေဟာ
ရုပ်ရှင်ရဲ့နောက်ဆုံးပိုင်းမှာပါဝင်နေလို့ ပြီးဆုံးသည်အထိ
ကြည့်ပေးကြပါလို့ ပြောချင်ပါတယ်….
File Size : (1 GB) and (318 MB)
Quality : Blu-Ray 720p
Running Time : 1hr 57min
Format : Mp4
Genre : Biography, Drama, Sport
Subtitle : Myanmar Subtitle (Hard Sub)
Source : BluRay 1080p
Translated by Ye Pyae Sone Tun
Encoded by Moe Myint Lwin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။