Exit print mode Print Data A+ A- Undo all

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020

Mind Over Mayhem
Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020

Synopsis:

442

DCEU လို့ သိကြတဲ့ DC Extended Universe ဟာ Aquaman and the Lost Kingdom ရုပ်ရှင်အပြီး ၂၀၂၃ ခုနှစ်မှာတော့ ပိတ်သိမ်းသွားခဲ့ပြီပဲဖြစ်ပါတယ်။ ဒါရိုက်တာ Zack Snyder နဲ့အစပြုခဲ့တဲ့ DCEU ဟာ ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Warner Bros. နဲ့ အနုပညာရှင် ဒါရိုက်တာတွေကြားက အဆင်မပြေမှုတွေအပြင် အခြားကိစ္စရပ်များကြောင့်ပါ ဝိဝါဒကွဲပြဲတဲ့ အစီအစဉ်တွေနဲ့ မတည်ငြိမ်တဲ့ Universe တစ်ခုဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် DCEU ဟာ Superman, Batman, Wonder Woman,Aquaman,Flash တို့လို ပရိတ်သတ်သဘောကျတဲ့ဇာတ်ကောင်တွေကိုလဲ တင်ဆက်နိုင်ခဲ့တာမလို့ DC ဖန်တွေအတွက် ကျေနပ်စရာကိစ္စရပ်တွေလဲ ရှိခဲ့ပြီး ထိုက်သင့်တဲ့အောင်မြင်မှုတွေလဲ ရရှိခဲ့ပါတယ်။

ဒါကြောင့်မလို့ ပြီးဆုံးခဲ့ပြီဖြစ်တဲ့ DCEU ရုပ်ရှင်အားလုံးကို BluRay 4K Quality နဲ့သိမ်းထားလို့ရအောင်တင်ဆက်လိုက်ပါတယ်…..DCEU ရုပ်ရှင်အားလုံးကို ဒီမှာ https://channelmyanmar.to/category/special-package/dceu/  ကြည့်လို့ရပါတယ်။ CM App မှာတော့ 4K Quality နဲ့ ကြည့်လို့ရပါတယ်။

DCEU အနေနဲ့ ရုပ်ရှင် (၁၆) ကား ထွက်ရှိခဲ့ပါတယ်။

– Man of Steel (2013)
– Batman vs Superman: Dawn of Justice (2016)
– Suicide Squad (2016)
– Wonder Woman (2017)
– Justice League (2017) (Theatrical Cut)
– Aquaman (2018)
– Shazam! (2019)
– Birds of Prey (and the Fantabulous Emancipation of One Harley Quinn) (2020)
– Wonder Woman 1984 (2020)
– Zack Snyder’s Justice League (2021)
– The Suicide Squad (2021)
– Black Adam (2022)
– Shazam!: Fury of the Gods (2023)
– The Flash (2023)
– Blue Beetle (2023)
– Aquaman and the Lost Kingdom (2023)

+++++++++++++++++++++++++++++

Birds of Prey (and the Fantabulous Emancipation of One Harley Quinn) 2020

IMDb Rating (6.1 ) / Rotten Tomatoes (79%)

ဒီဇာတ်လမ်းကတော့ ဆူဆိုက်စကွက်ထဲမှာ အားလုံးအားကျကြတဲ့ စုံတွဲလေးဖြစ်တဲ့
ဂျိုကာ နဲ့ ဟာလေကွင်းတို့ရဲ့ နောက်ဆက်တွဲပါပဲ။
ဇာတ်လမ်းအစမှာ ဟာလေကွင်းနဲ့ ဂျိုကာတို့ လမ်းခွဲရတာကနေ စပါတယ်။
လမ်းခွဲအပြီးမှာ နဂိုက ဟာလေကွင်းကို ချဉ်နေတဲ့ တစ်မြို့လုံးနီးပါးဟာ
ဂျိုကာကိုမပူရတော့တဲ့အတွက် ဟာလေကွင်းကို အမဲဖျက်ဖို့ လိုက်လာကြပါတော့တယ်။
ဟာလေကွင်းကတော့ “သူက ဂျိုကာမရှိဘဲ မနေနိုင်ပါဘူးတို့၊ ခဏနေ ပြန်တွဲမှာပါပဲ၊
ဂျိုကာလက်ဖြောက်တီးလိုက်တာနဲ့ ရင်ခွင်ထဲပြန်ပြေးဝင်မှာပါ”
တို့ သူငယ်ချင်းတွေက ဒီလိုအတင်းတုပ်တာတွေကို မကျေနပ်တာပေါ့။
ဒါကြောင့် တကယ်ပြတ်ပြီဆိုတာ သက်သေပြဖို့
သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး စခဲ့တဲ့ ဓာတုစက်ရုံကြီးကို ဖျက်ဆီးပစ်လိုက်ပါလေရော။
ဒီနောက်မှာတော့ ဂေါ့သမ်ရဲ့ နာမည်ကြီးမာဖီယားကြီးတစ်ယောက်က
သူ့ကိုဖမ်းမိပြီးသတ်ဖို့လုပ်ပါတော့တယ်။
အသတ်ခံရမှာ ကြောက်သွားတဲ့ ဟာလေကွင်းက မာဖီးယားကြီးပျောက်သွားတဲ့
အရေးကြီးတဲ့ စိန်တုံးကြီးကို ရအောင်ရှာပေးမယ်လို့ အပေးအယူလုပ်ရင်း ပြန်လွတ်လာတာပေါ့။

နောက်ပိုင်းဇာတ်လမ်းကတော့ အဲဒီစိန်ကြီးကို ရှာဖို့ သူ့လိုပဲ
ထက်မြက်တဲ့မိန်းမတစ်စုနဲ့ ပူးပေါင်းပြီး စွန့်စားခန်းဖွင့်ရတာတွေကို ပြထားတာပါ။
အားလုံးက သတ်ဖို့လိုက်နေတဲ့ ကလေးမလေးတစ်ယောက်ကို ကယ်ထားတာတို့၊
သူအဘိုးလိုချစ်တဲ့လူကြီးတစ်ယောက်ရှိတာတို့ တွေ့ရတော့
ဟာလေကွင်းက ထက်မြက်ရုံတင်မကဘဲ
စိတ်ထားလေးကလည်း ဖြူစင်ရှာတာလည်း တွေ့ရမှာပါ။

ဒါပေမယ့် ဟာလေကွင်းရဲ့အတိတ်တို့ အခြားထက်မြက်တဲ့ မိန်းမတွေရဲ့
အတိတ်ဇာတ်လမ်းတွေကတော့ deep ပြီး dark ကြောင်း
တစ်ခွန်း၂ခွန်းထည့်ပြောထားတာမို့ အပျော်ကြည့်ကားချည်းပဲ
သက်သက်လို့တော့ ပြောလို့မရပြန်ပါဘူး။

အရမ်းချစ်တဲ့ရည်းစားနဲ့ပြတ်သွားပြီး ကိုယ့်ခြေထောက်ပေါ်ကို ရပ်တည်ဖို့ ကြိုးစားတဲ့
စိတ်ထားဖြူစင်တဲ့ ထက်မြက်တဲ့မိန်းမဇာတ်ရုပ်ကို ပြထားတာဖြစ်လို့
ကြည့်လို့လည်းကောင်း မက်ဆေ့တွေလည်းအများကြီးရမယ့် ရုပ်ရှင်လေးပါပဲ။

File size…(6.8 GB)/ (1.8 GB)/(1.1 GB)
Quality…BluRay 4K HEVC /1080p HEVC/720p
Format…mkv/mp4
Duration….01:48:54
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by Littleneo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Cathy Yan
Stars
Ali Wong, Chris Messina, Dana Lee, Ella Jay Basco, Ewan McGregor, Jurnee Smollett-Bell, Margot Robbie, Mary Elizabeth Winstead, Matthew Willig, Rosie Perez
Budget
USD $75 000 000,00
Revenue
USD $205 537 933,00
Popularity
81.227
Status
Released
ID IMDb.com
tt7713068
IMDB Rating
6.6
IMDB votes
53875
ID Themoviedb.org
495764
TMDb Rating
6.933
TMDb votes
9954