ကမ္ဘာကြီးမှာ ဒုက္ခတွေ အလိုရမက်လောဘသားတွေ ထူပြောလာတာနဲ့အမျှဆေးကြောသုတ်သင်မယ့်သူတွေပေါ်လာစမြဲပါပဲ Kingmans:The Secret Service
ထဲက ဗယ်လတိုင်းလိုမျိုး ဒါမှမဟုတ်Avengers:Age of Ultron ထဲက Ultronကြီးလိုမျိုးပေါ့ ဒါပေမယ့်အခုဇာတ်ကားမှာတော့ နတ်ဆိုးလိုလိုဘာလိုလိုအမျိုးအမည်
မသိတဲ့ ကောင်ကြီးအနေနဲ့မြင်ရမှာပါသူတို့ကို မမြင်ရဘူး မြင်ရ ရင်လဲအဲ့လူကအသက်မရှင်ဘူး ကိုယ့်ကိုကိုယ်သတ်သေမိတော့တာပဲ ဇာတ်လမ်းအကျဉ်းက
တော့ အဲ့သဘာဝလွန်ကောင်ကြီးထွက်လာတယ်ပေါ့ လူတွေလဲ အစကမသိတော့ကြည့်မိကြပြီး ရူးကုန်တယ် ကိုယ့်ကိုကိုယ်သတ်သေတယ် စိတ်တွေ လွတ်ထွက်ကုန်တယ်
တစ်ရက် မယ်လိုရီဆိုတဲ့ ကျွန်တော်တို့မင်းသမီးချောကြီး Sandra Bullock တစ်ယောက် သူ့ညီမဖြစ်သူနဲ့ ဗိုက်သွားပြတာပေါ့ လမ်းမှာ အဲ့ကမ္ဘာပျက်မယ့်အဖြစ်
အပျက်နဲ့ ကြုံတွေ့မိတာပဲ ကံကောင်းချင်တော့ကယ်မယ့်သူပေါ်လာပြီး အိမ်တစ်အိမ်ထဲရောက်ခဲ့တယ် အဲ့အိမ်မှာလဲအခြားသူတွေရှိတာပေါ့ ဒီတော့ဇာတ်လမ်းက survival
ဇာတ်လမ်း အဲ့အိမ်ထဲမှာပိတ်မိနေတဲ့သူတို့Medusa လိုမျိုးအကြည့်တစ်ချက်နဲ့ရူးစေတဲ့နတ်ဆိုးကြီးဘေးက ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ဘေးကဘယ်လိုရှင်သန်အောင်လုပ်ကြမလဲ ဇာတ်သိမ်းလေးဘယ်လိုဖြစ်သွားမလဲကတော့ ကိုယ့်ဖာသာပဲကြည့်ရှုခံစားကြည့်ပါဆိုတော့တာ ဒီကားလေးက rating သိပ်မများပေမယ့် အတော်လေးသပ်ရပ်လှပတဲ့ကားလို့မြင်မိပါတယ်
နာမည်လေးကလဲBird Box ငှက်အိမ်လေးတဲ့ ဒီနာမည်ပေးထားတာလေးကိုချီးကျူးမိတယ် ဇာတ်လမ်းနဲ့လဲဆက်စပ်နေတာကိုး ဆိုတော့ကာ plotကကျွန်တော်ပြောခဲ့သလိုပဲဘာမှ သိပ်ထူးထူးခြားခြားကြီးမရှိဘူး ဒါပေမယ့်ကြည့်ရတာတော့သိပ်ကိုထူးခြားမှာပါ အဲ့လိုထူးခြားအောင်လဲ မင်းသမီးကြီး Sandra Bullockကဆွဲခေါ်ပေးသွားတာပါ ကလေးသရုပ်
ဆောင်နှစ်ယောက်ကလဲလျှမ်းလျှမ်းတောက်ပဲ
မင်းသမီးကြီးကို The Blind Side တို့Gravity တို့မှာကတည်းကကြွေတာ အခုဒီကားမှာလဲ သူတစ်ယောက်တည်းနဲ့တင်ဇာတ်အိမ်တစ်ခုလုံးစလယ်ဆုံး survival
ဆိုတဲ့အခြေနေကိုပေါ်လွင်အောင်ဖမ်းစားပေးနိုင်တယ် ဒီကားက thriller နဲ့ dramatype လို့ပြောထားပေမယ့် thriller ကိုတော့သိပ်မခံစားရဘူး drama ဘက်ပိုအလေး
သာတယ်လို့ ထင်မိတယ်အဲ့ဒါကလဲ ဒါရိုက်တာ Susanne Bier ကြောင့်နေမယ်သူက drama တွေအရိုက်များတယ်ဆိုတော့thriller ဖြစ်စေမယ့် scene တွေမှာသမားရိုး
ကျဆန်နေတယ်ဒီ Bird Box လေးဟာ 2014 ကအမေရီကန်စာရေးဆရာ Josh Malermanရဲ့ ဝတ္ထုကိုပြန်အသက်သွင်းထားတာမို့လို့movie ရဲ့ပေးချင်တဲ့ message က စာအုပ်
နဲ့ထပ်တူထပ်မျှပါပဲ demon ကောင်တွေ ဘာညာတွေက အဓိကမဟုတ်ဘူးပေါ့ သင်သာ survival အခြေနေရောက်ရင်ဘယ်သွားသွားမျက်လုံးအဝတ်စည်းပြီး
သွားရ မယ်ဆိုရင်ဘယ်လိုခံစားရမလဲ ဘယ်လောက်ထိ ရဲဆေးတင်ဖို့လိုမလဲဆိုတာကို မိန်းမတစ်ယောက်ရဲ့ ခွန်အားဆုံးဖြတ်နိုင် စွမ်းနဲ့ Sandra Bullock ရဲ့ အနုပညာ
အရောနှောလေးပေါင်းပြီး End of the Worldဖီလင်လေးကို ခံစားကြည့်ရတာ သင့်အတွက်တွေးစရာလေးတစ်ခုရသွားမယ်ဆိုရင်တော့
မမှားပါဘူး ဒီရုပ်ရှင်ကားကို ဟိန်းသက်နိုင်က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်
Rating
IMDb-6.6
Rotten Tomatoes-64%
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။