
အခုတစ်ခါတော့ ၂၀၁၇ ခုနှစ်ထွက် ဇာတ်ကားအသစ်လေးကိုတင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးကလဲ လွန်ခဲ့တဲ့ ၂ပတ်က ထွက်ရှိခဲ့ပြီး စာတန်းထိုးဖိုင် ထွက်ရှိမလာတာကြောင့် ကိုယ်တိုင် ဖန်တီးပြီး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးက အဖေတစ်ယောက်ရဲ့ မေတ္တာကို ဖော်ကျူးပြထားပြီး သားသမီး ဘယ်ဘ၀ ရောက်နေပါစေ အနစ်နာခံ ချစ်တဲ့ အဖေတစ်ယောက်ရဲ့ ဘ၀ ကို ပုံဖော်ပြထားတာပါ
ဇာတ်လမ်း အကျဉ်းလေးကတော့မြို့တစ်မြို့က နာမည်ကြီးသမားတော်တစ်ယောက်ဟာ ညို နဲ့ လေ ဆိုတဲ့ တပည့် နှစ်ယောက်ရှိပြီး တပည့် ၂ယောက်ဟာ ပညာစုံတဲ့ အခါမှာ မိမိတို့ အဆင်ပြေရာအရပ်ကို ထွက်ခွာ သွားကြပါတယ် သမားတော်ကြီးဟာအသက်ရှည်ဆေးကိုစမ်းသပ်ဖော်စပ်နေပြီး အောင်မြင်လုခင်အခြေအနေကိုရောက်ရှိလာပါတယ် ဒီလိုနဲ့ တစ်နေ့မှာ သမားတော်ကြီးရဲ့ သမီးဟာ ရောဂါတစ်ခု ဖြစ်လာတဲ့ အခါမှာ သမားတော်ကြီးဟာ သူ့ရဲ့ အောင်မြင်ခါနီး ဆေးကိုတိုက်လိုက်ပါတယ် ကံမကောင်းစွာ နဲ့ပဲ ဆေးအမယ်တစ်ခု လိုသွားခဲ့ပြီး သမားတော်ကြီးရဲ့ သမီးလေးဟာ သွေးစုပ်ကောင်ဘ၀ ကိုရောက်သွားပါတော့တယ် ဒီလိုနဲ့ အနှစ်၂၀ကြာခဲ့ပြီး မန်ချူးရီးယားကို ဂျပန်က သိမ်းပိုက်တဲ့ခေတ်မှာ လေသမားတော်ဟာ ဥရောပက ပြန်လာခဲ့ပြီး ဂျပန်အရာရှိတွေနဲ့ ပနံသင့်ကာ ဖော်လံဖား လုပ်ကာကောင်းစားနေပါတော့တယ် တရက်မှာ ဂျပန်ဗိုလ်တစ်ယောက်ဟာ သေနတ်မှန်ပြီး သေလုသေခင်မှာ ပဲ အသက်ရှည်ဆေးကို တိုက်လိုက်မိတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်ကြမယ်ဆိုတာကို တော့ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ
ကိုယ်တိုင်ဖန်တီးယူထားတဲ့ စာဖိုင်ဖြစ်တာကြောင့် လိုအပ်ချက်များရှိခဲ့ပါက ကျွန်တော်ရဲ့ လိုအပ်ချက်သာဖြကြောင်းကြိုတင်တောင်းပန်အပ်ပါတယ်
ဘာသာပြန်ကတော့ Real YWNA ပါ
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။






























