Benediction (2022)

Synopsis:
နာမည်ကျော်အင်္ဂလိပ်ကဗျာဆရာ Siegfried Sassoon ရဲ့ဘ၀အကြောင်းရိုက်ထားတဲ့ ကားလေးပါ။Siegfried ဟာပထမကမ္ဘာစစ်တုန်းက မျိုးချစ်စိတ်အပြည့်နဲ့ စစ်ထဲ၀င်ပြီးပြောင်မြောက်စွာတာ၀န်ထမ်းဆောင်ခဲ့လို့ ဆုတံဆိပ်တွေရရှိခဲ့ပါတယ်။ဒါပေမယ့် သူဟာစစ်ရဲ့ အနိဋသာရုံတွေကိုမြင်အပြီးမှာ စစ်ကိုကြာရှည်အောင်လုပ်နေတဲ့ နိုင်ငံရေးသမားတွေကို စိတ်ပျက်ပြီး စစ်ဆန့်ကျင်ရေးကဗျာတွေကိုရေးသားပါတယ်။သူ့ရဲ့စစ်ဆန့်ကျင်ရေးဝါဒတွေကြောင့် သူ့ကိုစစ်ခုံရုံးမတင်ဘဲ စိတ်ကျန်းမာရေးမကောင်းဘူးဆိုပြီး ဆေးရုံကိုပို့ပါတယ်။အဲဒီမှာ သူဟာမိတ်ဆွေအသစ်တွေရပြီး သူ့ရဲ့လျှို့ဝှက်ထားတဲ့ လိင်ကိစ္စကိုစတင်တွေ့ရှိပါတယ်။ ဒီရုပ်ရှင်မှာ သူနဲ့တွဲခဲ့တဲ့ချစ်သူတွေနဲ့ ဆက်ဆံရေးအကြောင်းအပြင် သူ့ကဗျာပေါင်းများစွာလည်း ပါ၀င်ပါတယ်။Siegfried ရဲ့ငယ်ဘ၀နဲ့ ကြီးဘ၀ကိုတလှည့်စီပြထားပြီး လူသဘောသဘာ၀ကို ကဗျာတွေနဲ့အတူရိုက်ပြထားပါတယ်။
ဒါရိုက်တာ Terence Davis ရိုက်ကူးထားပြီး Jack Lowden,Calam Lynch,Peter Capaldi,Kate Phillips တို့ပါ၀င်ထားပါတယ်။
ဖြည်းဖြည်းအေးအေးလေးခံစားရမယ့် ကားမျိုးပါ။
Rotten tomatoes-94%
Metacritic-75%
File size…(1.5 GB)/(827MB)/(391MB)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….02:17:00
Genre…Drama, Biography, War
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by SP
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။