[18+] Below Her Mouth (2016)
Where desire lives.![[18+] Below Her Mouth (2016)](https://image.tmdb.org/t/p/w780/gZeJziVigmRqbkEZwKAtSqlLQ6s.jpg)
![[18+] Below Her Mouth (2016)](https://image.tmdb.org/t/p/w185/nTGbq37hYLuNy7YgMg0gVLma0NS.jpg)
Synopsis:
18+ Lesbian ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ..
18+ ဆိုပေမယ့် Drama ဆန်တဲ့ အပြင် ဘဝရဲ့ရွေးချယ်ရပ်တည်မှုတွေ အခက်အခဲတွေကိုလည်းတွေ့ရမှာပါ..
ဒီကားလေးကတော့ Below Her Mouth ဖြစ်ပါတယ်..
Toronto နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ရဲ့ အထူးတင်ဆက်မှူကဏ္ဍမှပြသခဲ့တဲ့ ကားလေးဖြစ်ပါတယ်.. ဒီကားမှာ အဓိက ဇာတ်ဆောင်တွေကတော့ Jasmine နဲ့ Dallas ပါ..
Jasmine က နာမည်ရနေတဲ့ ဖက်ရှင်အယ်ဒီတာတစ်ယောက် ဖြစ်ပြီး သူ့မှာ စေ့စပ်ထားတဲ့ အမျိုးသားလည်း ရှိပါတယ်.. သူ့ဘဝ အတွက် အရာရာ အခြေကျပြီးသားလို့ သူယူဆထားပေမယ့် ကံကြမ္မာဆိုတာ ပုံသေမရှိဘူးဆိုတာကို သူမေ့လျော့နေခဲ့ပါတယ်…
သူ့ဘဝပြောင်းလဲဖို့ ဖြစ်လာမယ့်တစ်ညမှာ Dallas ဆိုတဲ့ကောင်မလေးနဲ့ Jasmine အမှတ်မထင် ဆုံတွေ့မိတယ်။ .Dallas က သူ့ကို ရဲရဲတင်းတင်း ချစ်ရေးဆိုခဲ့ပါတယ်….
တစ်သက်လုံး Straight အနေနဲ့ ရပ်တည်ခဲ့တဲ့ Jasmine ဟာ Dallas ကို လက်မခံခဲ့ပါဘူး.. ဒါပေမယ့် ဖူစာဆိုတာလဲ အခက်သား မဟုတ်လား..
Dallas နဲ့ အတူရှိနေတဲ့အချိန်တွေဟာ Jasmine အတွက် သူ့ရဲ့လက်တွေ့ကျတဲ့ဘဝကနေ လွတ်မြောက်ရာနေရာတစ်ခုလို ဖြစ်နေခဲ့ပါတယ်..
နောက်ဆုံးမှာ Jasmine က ဘာကိုများရွေးချယ်မလဲ..
အနည်ထိုင်ပြီး လက်တွေ့ကျတဲ့ တည်ငြိမ်တဲ့ဘဝလား.. နေ့တိုင်း အခက်အခဲတွေနဲ့ ပြည့်နေတဲ့ စိတ်လှုပ်ရှားပျော်ရွှင်စရာ ဘဝလား..
သူနေသင့်တဲ့ ဘဝလား.. သူနေချင်တဲ့ ဘဝလား..
Jasmine ဘာကိုရွေးချယ်လဲ.. Dallas ကရော ဘယ်လို တုန့်ပြန်မလဲဆိုတာ….။
အမျိုးသမီးဒါရိုက်တာ April Mullen ရဲ့ လက်ရာဖြစ်ပြီး၊ ထူးခြားချက်တစ်ခုအနေနဲ့ ရိုက်ကူးရေး၊ ထုတ်လုပ်ရေးအပိုင်းနဲ့ ဇာတ်လမ်းဇာတ်ညွှန်းပိုင်း အကုန်လုံးကို အမျိုးသမီးတွေကချည်း တာဝန်ယူထားတာပါ.. အမျိုးသား ဒါရိုက်တာတွေ ရိုက်လေ့ရှိတဲ့ Sex sence တွေနဲ့တော့ မတူကွဲပြားနေမှာ သေချာပါတယ်..
တစ်ခါလောက် ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်နော်…။
(ရုပ်ရှင်အညွှန်းကို Love & Life of LGBT – LLL မှကူးယူဖော်ပြပါသည်။)
File Size…(800 MB)
Quality…BluRay Rip 720p
Format…mp4
Duration…01:34:00
Subtitle…Myanmar Subtitle(Hardsub)
Encoder…Nyeinsaeya Aung
Translated by Hein Tet Soe
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။