Before We Go (2014)

Synopsis:
Before We Go ဆိုတဲ့ ရုပ်ရှင်ကားကို ကျနော်တို့ အသဲစွဲ ကတ်ပတိန် အမေရိက (Chris Evans) ကိုယ်တိုင်ရိုက်ကူးထားပြီး
သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားပါတယ်…
သူကိုယ်တိုင်ရိုက်လို့ ဟာ.. ဖြစ်ပါ့မလားဘယ်လိုကြီးလဲ လို့ စိတ်ထဲက တွေးမိလိုက်တယ် ပြီးတော့
ရုပ်ရှင်မကြည့်ခင် ရောဂါ တစ်ခုဖြစ်တဲ့ IMDb ၀င်မွှေကြည့်တော့ Rate က 6.9 ရှိနေတော့ အံ့သြောစရာ 🙂
ရုပ်ရှင်ကားတွင် ပါဝင်တဲ့ မင်းသမီးဖြစ်သူ Alice Eve ကလဲ ခေသူ မဟုတ်
Night at the Museum: Secret of the Tomb တို့ She’s Out of My League တို့လို ရုပ်ရှင်ကားကောင်းတွေမှာ
သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီး….
ဇတ်လမ်း အစ မှာ Nick က ဘူတာရုံထဲမှာ ထရန်းပတ် မှုတ်ရင်း ပိုက်ဆံရှာနေစဉ် Brooke က သူ့ရှေ့ကနေ
အလောတကြီး ပြေးသွားတာကို မြင်လိုက်ရတယ် သူ့ရှေ့မှာလဲ သူမ ဖုန်းကျပြီး ကွဲသွားပေမယ့် ရထား ကို မှီအောင်
ပြေးလိုက်ခဲ့တယ် ဒါပေမယ့် သူမ နောက်ကျသွားတယ် ဘူတာရုံထဲက ပြန်ထွက်လာတော့ Nick က သူမ ဖုန်းကိုပြန်ပေးတော့
ကျေးဇူးတင်ပါတယ်က လွဲရင် ဘာမှ ပြန်မရခဲ့…
Nick ပစ္စည်းတွေ သိမ်းရင်း ဘူတာရုံအပြင်ဘက် ထွက်လာတော့ ဘူတာရုံအပြင်ဘက်မှာ နောက်ကျသွားတဲ့ ရထားလက်မှတ်
စာရွတ်ဖြတ်ပိုင်းကို ကိုင်ရင်း မတ်တပ်ရပ်နေတဲ့ Brooke ကို မြင်လို့ မေးကြည့်ရာက
သူမ ပိုက်ဆံအိတ် ခိုးခံလိုက်ရကြောင်း သူမ အိမ်ပြန်ဖို့ ရထားကလဲ နောက်ကျသွားပြီဖြစ်လို့ ဒုက္ခရောက်နေကြောင်း
ပြောပြတယ် … ဒီလိုနဲ့ Brooke ကို ကူညီချင်တဲ့ Nick က Brooke အိမ်ပြန်လို့ရဖို့ အရေး အခိုးခံရတဲ့ အိတ်ပြန်လိုက်ရှာရ
သူမ ပြန်ဖို့အတွက် ကားတွေ လိုက်ငှားကြည့်ရနဲ့ အတော်အလုပ်ရှုပ်သွားတဲ့အချိန်မှာ Nick သိလိုက်ရတာက Brooke ဟာ
အတော်များများကို သူ့အား အမှန်အတိုင်းမပြောခဲ့ဘူး ဆိုတာပါ ….
သူမ ဟာ သတို့သမီးလောင်း ဖြစ်ပြီး မနက်ဖြန် မနက်ဟာ မင်္ဂလာပွဲဖြစ်တဲ့အတွက် မင်္ဂလာပွဲ အမှီ ပြန်ရမှာပါ
ကိုယ့်အကျိုးထက် သူများကို ကူညီချင်တဲ့ Nick ရယ် လျို့ဝှတ်ချက်တွေ များလွန်းပြီး လူတိုင်းကို မယုံတက်တဲ့ Brooke ရယ်
ပိုက်ဆံမရှိ ဒုက္ခအတိ နဲ့ ဘယ်လိုပြန်ရောက်အောင် စခန်းသွားကြမယ်ဆိုတာ ကြည့်မှ သိမှာမို့ ဒီလောက်ပဲ ညွှန်းပါတော့မယ်..
ဒီရုပ်ရှင်ကားကို Htoo Htoo Ka Joe က ဘာသာပြန်ပေးထားပြီး
Thit San Khant မှ အညွှန်းရေးပေးထားပါတယ်
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။