Channel Myanmar

Bed Rest (2022)

ဒီတစ်ခါ​တော့ Horror Type ကြိုက်တဲ့ ညိုကီတို့အတွက် Bed Rest ဆိုတဲ့ သရဲကားလာပါပြီ။ သရဲကားဆို​ပေမယ့် သရဲကို တစ်ကားလုံး မြင်​နေရမှာမျိုးမဟုတ်ဘဲ တဖြည်းဖြည်း တစိမ့်စိမ့်နဲ့ ​ခြောက်တဲ့ သရဲကားမျိုးပါ။

442

အရင်က​လေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျူလီ ရေးဗား နောက်ကိုယ်ဝန်​​ဆောင်တဲ့အခါ အိမ်အသစ်တစ်ခုကို ပြောင်းလာပြီး​နောက် အိမ်အသစ်မှာ ထူးဆန်းစရာ တုန်လှုပ်စရာ​တွေကြုံ​တွေ့လာရတဲ့အခါ ကျန်းမာ​ရေးအ​ခြေအ​နေ​ကြောင့်ဆရာဝန်က အိပ်ရာထဲပဲ အနားယူဖို့ ညွှန်ကြားပြီး​နောက် အိမ်အသစ်ကြီးမှာ ဘာ​တွေဆက်ဖြစ်မလဲ…

ဂျူလီရေးဗား ကြုံ​တွေ့ရတာ​တွေကို ယုံ​ပေးမယ့်သူရှိလား… အိမ်ကြီးရဲ့ အတိတ်သမိုင်းကဘာ​တွေလဲ… ဂျူလီ​ရေးဗားကို ​ခြောက်လှန့်​နေတာ​တွေက သူ့စိတ်​ကြောင့်ပဲလား အနာဂတ်မှာ ဖြစ်မှာ​တွေက သတိ​ပေး​နေတာ​တွေလား… ဆိုတာ​တွေကို ​ကြောက်လည်း​ကြောက် စိတ်ဝင်စားဖို့ကလည်း​ကောင်း​ကောင်းနဲ့ ကြည့်ရမှာပါ။ ဒီကားရဲ့ ပရိုဂျူဆာတွေကလည်း နာမည်ကျော် Franchise ကြီးဖြစ်တဲ့ Scream ကလူတွေဖြစ်တဲ့အပြင် မင်းသမီးကလည်း Scream ထဲက တစ်ယောက်ပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 1.3GB, 700MB
Quality – 720p, 480p
IMDb Rating – 5.2/10
Format – mp4
Duration – 1H 30Min
Genre – Drama, Horror, Mystery
Subtitle – Myanmar Subtitle (Hardsub)
Translated by DB
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Bed Rest (2022)
Bed Rest (2022)
Bed Rest (2022)
Bed Rest (2022)
Bed Rest (2022)
Bed Rest (2022)


No downloads available

Genres



Related movies