Exit print mode Print Data A+ A- Undo all

Beauty And The Beast (2014)

Beauty And The Beast (2014)

Synopsis:

A Bela E A Fera ( 2014 )

Beauty and the Beast ဇာတ်လမ်းက ဒစ္စနေး ကျေးဇူးနဲ့ ကျွန်တော်တို့
ဟိုးကလေးပေါက်စလေးကတည်းကရင်းနှီးလာတဲ့ ဇာတ်လမ်းပဲ။
၁၉၄၆ကထွက်တဲ့ ပြင်သစ်ကားအပြင် ခုထိ ဒီဇာတ်လမ်းကို ရိုက်လာလိုက်တာ
၁၀ကားအထက်တော့ ရှိနေပြီ။ ဒီထဲမှာ ၁၉၉၁က ထွက်တဲ့ ဒစ္စနေးကာတွန်းကားနဲ့
၂၀၁၇ထွက်တဲ့ အန်မာဝတ်ဆန်နဲ့ ရိုက်တဲ့ကားတော့ လူသိအများဆုံးဖြစ်လိမ့်မယ်။

442

၂၀၁၇ကားက ၁၉၉၁ကားရဲ့ Live Actionပဲဆိုတော့ ဒီလူသိအများဆုံး ၂ခုက ဇာတ်လမ်းအတူတူနီးပါးပဲ။
၁၉၉၁ကားကိုတော့ ၁၇၅၆ကထွက်ခဲ့တဲ့ Jeanne-Marieရဲ့ဗားရှင်း ဇာတ်လမ်းကိုသုံးထားပြီး
၁၉၄၆ရုပ်ရှင်ကနေလည်း မှီးထားတယ်။ ၄၆ရုပ်ရှင်ကလည်း Jeanne-Marieဗားရှင်းပဲ။
ဒါပေမဲ့ သူက Beauty and the Beast ရဲ့ မူရင်း စာရေးဆရာတော့မဟုတ်ဘူး။ မူရင်းကို ၁၇၄၀မှာ
Gabrielle-Suzanneက ရေးခဲ့တယ်။

ဒီ၂၀၁၄ ပြင်သစ်ကားကတော့ Gabrielle-Suzanneရဲ့ မူရင်းစာအုပ်ကို ရိုက်ထားတာ။
ကျွန်တော်တို့ ကြည့်နေကျဇာတ်နဲ့ တော်တော်လေးတော့ ကွဲပြားခြားနားတယ်။
ရိုက်လာခဲ့သမျှထဲမှာလည်း မူရင်းဇာတ်ကိုရိုက်တာက ဒီတစ်ကားပဲ ထင်ထင်ရှားရှားတွေ့ရတယ်။

ဒါရိုက်တာကတော့ Crying Freemanတို့ Silent Hillတို့ကို အသက်သွင်းခဲ့တဲ့လူ။
ပြောသာပြောရတယ် သူရိုက်ထားတာ ၄ကားပဲရိုက်တဲ့နောက် ဒီကားနဲ့
Brotherhood of the Wolfကလည်း သူ့ဟာနဲ့သူတော့ ပရိသတ်အာရုံစိုက်မှုရခဲ့တော့ ၄ကားလုံး
အထိုက်အလျောက် အောင်မြင်တယ်။ အကုန်လုံးက ဂိမ်းတို့ မန်ဂါတို့ကို LAရိုက်ထားတာတွေချည်းပဲ။
သူ့လိုင်းကလည်း horror , fantasyဆိုတော့ ဒီဇာတ်နဲ့ ကွက်တိတော့ ကွက်တိပဲ။
ဒါကြောင့်လည်း ဒီထဲကBeastက နည်းနည်းတော့ ကြက်သီးထစရာကောင်းတယ်။

ပြင်သစ်ကားဆိုပေမဲ့ အင်တာပရိသတ်ကို တားဂတ်ထားထားလို့လားမသိ။
သုံးထားတဲ့ သရုပ်ဆောင်တွေက ပြင်သစ်တွေပေမဲ့ အမေရိကန်ရုပ်ရှင်နယ်ပယ်မှာ
နေရာအခိုင်အမာရထားတဲ့လူတွေကိုသုံးထားတယ်။ ဒါပေမဲ့လည်း အနုပညာအရအောင်မြင်တဲ့
ကားကောင်းတွေကို ရိုက်ထားတဲ့သူတွေပါပဲ။ ကျွန်တော်တို့နဲ့လည်း မစိမ်းဘူး။

Beast နေရာကနေ Vincent Casselက သရုပ်ဆောင်ထားတယ်။ La Hainတို့ The Apartmentတို့လို
ဒိတ်ဒိတ်ကြဲပြင်သစ်ကားတွေ Ocean’sတို့ Black Swanတို့လို အမေရိကန်ကားတွေမှာ
မင်းသားလုပ်ခဲ့တဲ့သူဆိုတော့ အားလုံးကောင်းကောင်းသိနေတဲ့သူပဲ။
Beauty နေရာကတော့ တကယ့်အလှလေးပဲ။ ဘွန်းဂဲလ်တစ်ဖြစ်လဲ Lea Seydoux။
သူ့ကိုတော့ ကျွန်တော်တော့ Midnight in Parisမှာ ပထမဆုံးစကြွေဆင်းခဲ့ဖူးတယ်။
နောက်ပိုင်းလည်း ပိုပိုကြမ်းလာပါတယ်။ Wes Anderson , Yorgos Lanthimos , Sam Mendes ,
Denis Villeneuve တို့လို ဒိတ်ဒိတ်ကြဲ ဒါရိုက်တာတွေနဲ့ ဆက်တိုက်ကိုရိုက်နေရတယ်။

ဇာတ်ကတော့ သင်္ဘောသုံးစီးပိုင်တဲ့ ကုန်သည်ကြီးတစ်ယောက်ရှိတယ်။
သူ့မှာ သားသမီးခြောက်ယောက်ရှိတယ်။ ကြမ္မာငင်တဲ့တစ်နေ့မှာ သင်္ဘောတွေအကုန် မုန်တိုင်းမိပြီး
ဆုံးရှုံးသွားတော့ ကျေးလက်ဘက်မှာ ဆင်းဆင်းရဲရဲနေရဖို့ အကြောင်းဖန်လာတယ်။
ဒီလိုနဲ့ တစ်နေ့ကိစ္စရှိလို့ မြို့ကိုသွားရင်း အပြန်မှာBeastရဲ့ ရဲတိုက်ကို မျက်စိလည်လမ်းမှားရောက်သွားပြီး
မယူသင့်တာကို သွားယူမိတယ်။ Beastက သူ့ကို တစ်ရက်အချိန်ပေးပြီး ပြန်လာအသေခံဖို့မှာလိုက်တယ်။

အိမ်ရောက်တော့ ဒီအကြောင်းပြောပြတော့ သူ့သမီး အငယ်ဆုံးလေးက သူ့အဖေအစား
အသေခံဖို့ထွက်သွားရာကနေ အလှလေးနဲ့ အရိုင်းကောင်ရဲ့ ဇာတ်လမ်းက အစပြုတယ်။
Beastရဲ့ကျိန်စာတို့ ဘာတို့ကအစ ဘယ်လီရဲ့ဘဝနဲ့ကာရိုက်တာကအစ
ကျွန်တော်တို့မြင်နေကျအရိုက်များခဲ့တဲ့ဇာတ်လမ်းနဲ့တော့ ကွဲပြားတယ်။
Beastရဲ့ ကျိန်စာမိတဲ့ဇာတ်က ဝူခုန်းထဲက တစ်ခန်းနဲ့တောင် သွားတူတယ်။

ဒီကားက ဝေဖန်ရေးသမားတွေကြားထဲတော့ အကောင်းပြောခံရလိုက် အဆိုးပြောခံရလိုက် ဖြစ်ခဲ့ပေမဲ့
ဝင်ငွေအရတော့ အောင်မြင်ခဲ့တယ်။ ဇာတ်ရှိန်ကလည်း နည်းနည်းမြန်နေသကိုး။
ဘာပဲပြောပြော fantasyကားတစ်ကားအနေနဲ့ ကြည့်လို့တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။
ကျွန်တော့်အတွက်‌တော့ Lea Seydouxနဲ့တင် ကြည့်ကိုကြည့်ရမယ့်ရုပ်ရှင်ပဲ။

 

File size…    2 GB /  939 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 52m
Genre ….. Drama/Family/Fantasy
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by WiRa Aung



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Beauty and the Beast
Director
Christophe Gans
Stars
André Dussollier, Eduardo Noriega, Léa Seydoux, Vincent Cassel
Release Date
23 Sep 2016
Rated
PG-13
Runtime
112 min
Awards
1 win & 3 nominations.
Country
France, Germany
ID IMDb.com
tt2316801
IMDB Rating
6.4
IMDB votes
14,402