Beauty (2022)
Life will show you who you really are.

Synopsis:
Beauty (2022)
============
သီချင်းဆိုရတာကို သိပ်နှစ်သက်ပြီး၊ အသံကာလာလှတယ်လို့ နာမည်ကြီးတဲ့
ဗြူးတီး ဆိုတဲ့ လူမည်းမလေး တစ်ယောက်အကြောင်းကို Netflix ကနေပြသ
ထားပါတယ်။
တအား toxic ဖြစ်လွန်းတဲ့ ဖခင်ကို ပိုင်ဆိုင်ထားပြီး အရာရာ စိုးရိမ်ပူပန်လွန်း
အားကြီးတဲ့ မိခင်ကို ပိုင်ဆိုင်ထားတဲ့ သူမ။ အစ်ကိုတွေရဲ့ ချစ်ခင်မှုကို မရရှိတဲ့အပြင်
ဂျက်စမင်ဆိုတဲ့ ကောင်မလေးနဲ့ လိင်တူချစ်ကြိုက်နေတာကို မကြည်ဖြူကြတဲ့
အသိုင်းအဝိုင်းမှာ ကြီးပြင်းနေရတဲ့ သူမ။
သူ့အတွက် တစ်ရက်မှာတော့ နာမည်ကျော်ကြယ်ပွင့်တစ်ယောက်ဖြစ်ဖို့ ကုမ္ပဏီ
တစ်ခုက လာရောက်ကမ်းလှမ်းလာတဲ့အခါ အိမ်တွင်းရေးအခြေအနေတွေ ပိုဆိုး
လာပါတော့တယ်။
သူ(သူမ)သိပ်ကိုဖြစ်ချင်တဲ့ နာမည်ကြီးအဆိုတော်တစ်ယောက် ဖြစ်ခွင့်ပေးပါ့မလား၊
သူကိုယ်တိုင်ကရော ဖြစ်အောင် ကြိုးစားလာနိုင်ပါ့မလားဆိုတာကို ကြည့်ရှု့ရမယ့်
ဇာတ်လမ်းလေးတစ်ပုဒ်ပါ။
ဇာတ်အိမ်အလှည့်အပြောင်းတွေမပါဘဲ လူမည်းကောင်မလေးတစ်ယောက်ရဲ့ ခံစားချက်
တွေကို အရိုးရှင်းဆုံး ထုတ်ဖော်ပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဆိုရင်လည်း
မမှားပါဘူး။ ဒီဇာတ်ကားလေးမှာတော့ ဗြူးတီးအဖြစ် Gracie Marie Bradleyက
သရုပ်ဆောင်ထားပါတယ်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်)
File Size……….(1.57 GB) / (536 MB) / (300 MB)
Quality…………WebRip 1080p / 720p / 480p
Duration………1Hr 35mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Drama, Romance
Translator…….May Thet Khine Soe
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။