Exit print mode Print Data A+ A- Undo all

Beau Is Afraid (2023)

From his darkest fears comes the greatest adventure.
Beau Is Afraid (2023)Beau Is Afraid (2023)

Synopsis:

Beau Is Afraid (2023)

~ IMDb – 7.1/10, Rotten Tomatoes – 67% ~

442

မင်းသားကြီး ဝါကင်းဖီးနစ်ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဟာသ၊ ဒရာမာ၊ ဟော်ရာ အမျိုးအစားပါ။ ရုပ်ရှင်လောကရဲ့ ထူးထူးဆန်းဆန်းနဲ့ ပြောင်မြောက်တဲ့ ရုပ်ရှင်တွေကို ထုတ်လုပ်နေကျ A24 ကုမ္ပဏီရဲ့ ရုပ်ရှင်ပေါ့။ ဒါရိုက်တာကလည်း ဟော်ရာရုပ်ရှင်လောကရဲ့ ပြောစမှတ်ဖြစ်စရာ ရုပ်ရှင်နှစ်ကားဖြစ်တဲ့ Midsommar နဲ့ Hereditary ကို ရိုက်ခဲ့တဲ့ Ari Aster ပါပဲ။ သူကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာ၊ တွဲဖက်ထုတ်လုပ်သူအဖြစ်လုပ်ခဲ့တာပါ။ ရုပ်ရှင်တစ်ခုလုံးက အိပ်မက်ဆိုးကြီးနဲ့ တူနေပါတယ်။ ကြောက်စရာတွေ ရယ်စရာတွေ သောင်းပြောင်းဖြစ်နေပြီး တစ်ခုကနေ တစ်ခုကို ခုန်ကူးသွားပါတယ်။

ဒီရုပ်ရှင်ဟာ မူလက ၄ နာရီစာ ရိုက်ကူးဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ရုံတင်ဖို့အတွက် ၂ နာရီ ၅၉မိနစ် ဖြစ်အောင် ချုံ့လိုက်ရတာပါ။ မူရင်း ၄ နာရီများ ရှိရင် ကြည့်ချင်စရာပါပဲ။ ဒီရုပ်ရှင်ဟာ ပရိသတ်တွေကို အရှုံးသမား ဆန်ကုန်မြေလေးတစ်ယောက်ရဲ့ နေရာကနေ ခံစားမိအောင် ပြချင်တာပါလို့ ဒါရိုက်တာက ပြောခဲ့ပါသေးတယ်။ ဝါကင်းဖီးနစ်ဟာ သရုပ်ဆောင်တဲ့နေရာမှာ ဆရာတစ်ဆူပါပဲ။ ဒါပေမဲ့ ပိုပီပြင်သွားအောင် သူထပ်ကြိုးစားခဲ့တာတွေရှိပါသေးတယ်။ သူရဲ့လက်ပတ်တီးထဲကို အပ်အချွန်တွေစိုက်ထားပြီး အဲဒီလက်ကို သုံးလိုက်တိုင်းနာကျင်သွားတဲ့ပုံကို သဘာဝကျအောင်လုပ်ခဲ့တာပါ။ ဗိုက်မှာလည်း စက္ကူညှပ်တွေ ညှပ်ထားပြီး လမ်းလျှောက်လိုက်တိုင်း ဗိုက်သားနာနေတာကို ဟန်မဆောင်ဘဲ တကယ်တူအောင် သရုပ်ဆောင်ခဲ့ပါသေးတယ်။

ဒီတော့ ရုပ်ရှင်ကြည့်မယ်ဆိုရင် ရုပ်ရှင်က ဘာအကြောင်းလဲ မေ့မသွားအောင် သေချာတာလေးကို မှတ်ထားလိုက်ပါ။ သားတစ်ယောက်က သူ့အမေရဲ့ဈာပနကို အမီ အိမ်ပြန်တယ်။ ဒါပါပဲ။ ဇာတ်လမ်းနာမည်က “ဘိုး ကြောက်တယ်” တဲ့။ ဘိုးဘာကိုကြောက်လဲဆိုတာ ခေါင်းစဉ်မှာမပါပါဘူး။ ဘိုးကလည်း အများကြီးကိုကြောက်ပါတယ်။ လူသတ်သမားတွေ၊ မိစ္ဆာတွေ၊ လိပ်ပြာမလုံတာတွေ၊ ဘာမှန်းမသိတာတွေ အကုန်ကြောက်ပါတယ်။ ဇာတ်လမ်းထဲမှာ ခွဲထွက်သွားတဲ့ ဇာတ်လမ်းတွေ၊ ပြောင်းသွားတဲ့ Theme တွေ၊ သဲလွန်စတွေလိုလိုတွေအများကြီးပါပါတယ်။ အကောင်းဆုံးအကြံပေးချင်တာက ပြသမျှကို ထိုင်ကြည့်နေဖို့ပါပဲ။ လိုက်စဉ်းစားဖို့လည်းမကြိုးစားပါနဲ့၊ နားလည်ဖို့လည်းမကြိုးစားပါနဲ့၊ သင်ခန်းစာယူဖို့လည်းမကြိုးစားပါနဲ့။ အေး ပြချင်တာပြကွာဆိုပြီး ထိုင်ကြည့်လိုက်ပါ။ ဒါဆိုအရသာရှိပါလိမ့်မယ်။ ကြည့်ပြီးသွားလို့ အတွေးအမြင်တွေ ရဗြူးတွေ တင်ချင်ရင် ချန်နယ်မြန်မာဂရုကနေ ဖိတ်ခေါ်ပါတယ်။

(ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 2.55GB, 1.3GB
Quality – 1080p, 720p
IMDb Rating – 7.1/10
Format – mp4
Duration – 2H 59Min
Genre – Comedy, Drama, Horror
Subtitle – Myanmar Subtitle (Hardsub)
Translated by Mr. Anderson
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Ari Aster
Stars
Alex Bisping, Alicia Rosario, Amy Ryan, Anana Rydvald, Archie Madekwe, Armen Nahapetian, Arthur Holden, Barry Morgan, Bentley Hughes, Bill Hader, Bradley Fisher, Cat Lemieux, Catherine Bérubé, Charles Hardy, David Mamet, Denis Ménochet, Emmanuel Schwartz, Ernest-James Chuipka, François Paquette, Geneviève Marin, Greg Halpin, Harry Standjofski, Hayley Squires, Isabelle Brabant, James Cvetkovski, Joaquin Phoenix, Joe Cobden, John Walsh, Julia Antonelli, Julian Richings, Julien Fortin, Karim Bourara, Karl Roy, Kwasi Songui, Kylie Rogers, Lee Villeneuve, Lily Bird, Lucas Gosselin, Luis Oliva, Luke Alexander James McPhail, Luz Tercero, Maev Beaty, Manuel Tadros, Marc-André Brisebois, Marc-André Casavant, Marie-Michelle Garon, Michael Esper, Michael Gandolfini, Mike Taylor, Nathan Lane, Parker Posey, Patrick Kwok-Choon, Patti LuPone, Peter Seaborne, Richard Kind, Ryan S. Hill, Stephanie Herrera, Stephen McKinley Henderson, Sylvain Landry, Tarah Schwartz, Théodore Pellerin, Tristan D. Lalla, Tyrone Benskin, Zoe Lister-Jones
Release Date
2023
Rated
R
Runtime
2h 59m
Country
United States, United Kingdom, Finland, Canada
Budget
USD $35 000 000,00
Revenue
USD $5 769 331,00
Popularity
40.445
Status
Released
ID IMDb.com
tt13521006
IMDB Rating
7.1
IMDB votes
19000
ID Themoviedb.org
798286
TMDb Rating
7.2
TMDb votes
271