Batman Ninja (2018)


Synopsis:
“Batman ရဲ့ဇာတ်လမ်းအားလုံးကို သင်ကြားဖူးလား။
အားလုံးကိုမကြားဖူးတာတော့သေချာပါတယ်။”
တကယ်လည်းအကုန်မကြားဖူး မမြင်ဖူးဆိုတာကို သက်သေပြတဲ့အနေနဲ့ Warner Bros. ကနေပြီးတော့ ဂျပန်ဒါရိုက်တာ
Junpei Mizusaki နဲ့အတူပေါင်းပြီး Batman ကို ဂျပန် Anime ပုံစံထုတ်လိုက်ပါပြီ။
Trailer ထွက်တုန်းက Superhero fan တွေကြားမှာအရမ်းရေပန်းစားခဲ့ပြီးတော့ Series အဖြစ်ထွက်ရှိမယ်လို့
အများထင်ကြေးပေးခဲ့ပေမယ့် တကယ်ထွက်လာတဲ့အခါမှာ Movie အဖြစ်သာထွက်ရှိလာခဲ့ပါတယ်။
Animation ဇာတ်ကောင်တွေကို Anime ဇာတ်ကောင်အဖြစ် ဖန်တီးထားတာကြောင့် အမြင်ဆန်းသစ်နေမှာဖြစ်ပြီးတော့ Anime တို့ရဲ့ထုံးစံအတိုင်း Fight Scene တွေဟာလည်း သာမန် Animation ကားတွေနဲ့မတူပဲ သာလွန်ပြီး ကွဲထွက်နေပါတယ်။
ဇာတ်လမ်းအကျဉ်း
——————
Batman ဟာ Gotham မြို့မှာ Gorila Grodd ကိုတိုက်ခိုက်နေပါတယ်။ ထိုအချိန်မှာ Grodd ရဲ့ အချိန်ယန္တရားအသက်ဝင်သွားတာကြောင့် ထိုအနီးအနားတစ်ဝိုက်မှာရှိတဲ့လူတွေအားလုံး ဂျပန်ပဒေသရာဇ်ခေတ်ကိုရောက်သွားကြပါတယ်။
Batman ဂျပန်ပဒေသရာဇ်ခေတ်ကို ရောက်ရောက်ချင်းမှာပဲ ဆာမူရိုင်းတွေလိုက်ဖမ်းခြင်းကိုခံရကြောင့် ထွက်ပြေးရင်း တောထဲအရောက်မှာ Selina Kyle aka Catwoman နဲ့တွေ့ပါတော့တယ်။
Selina Kyle အကြောင်းစုံရှင်းပြတဲ့အခါမှာ Batman ဟာ ဂျပန်ပဒေသရာဇ်ခေတ်ကို သူများတွေထက် ၂နှစ်ကြာနောက်ကျပြီးမှ ရောက်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။
သူရောက်သွားတဲ့အချိန်မှာပဲ Time Jump နဲ့အတူ ပါလာတဲ့ Gotham ရဲ့ Villain တွေဖြစ်တဲ့ Joker, Penguin, Two Faces, Deathstroke, Poison Ivy တို့ဟာ ပိုင်ဆိုင်ရာနယ်မြေအသီးသီးဆီမှာ အုပ်ချုပ်နေပြီးတော့ Grodd တစ်ကောင်ကတော့
အချိန်ယန္တရားနဲ့အတူပျောက်နေပါတယ်။
ထိုခေတ်ကနေ ထွက်နိုင်မယ့်တစ်ခုတည်းသော သော့ချက်ဖြစ်တဲ့ အချိန်ယန္တရားကို Batman တစ်ယောက် ရှာဖွေရင်း ဘယ်လိုအခက်အခဲတွေတွေ့ရမလဲဆိုတာတော့ ကိုယ်တိုင်ပဲဆက်လက်ရှုစားလိုက်ကြပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူက ဆရာအူး မျိုးသန့်ပါ)
File Size : (750 MB) and (375 MB)
Quality : Blu-Ray 720p
Running Time : 1hr 25min
Format : Mp4
Genre : Animation, Action
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.BluRay.x264.DTS-MT
Translated by Myo Thant Kyaw
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။