Barcelona: A Love Untold (2016)


Synopsis:
KathNielလို့ ချစ်စနိုးခေါ်ကြတဲ့ Kathryn Bernardo နဲ့ Daniel Padilla တို့ရဲ့ နောက်ထပ်အချစ်ဇာတ်လမ်းလေးတစ်ပုဒ်…
ဒီဇာတ်ကားကလဲ သူတို့နှစ်ယောက်ရဲ့ တခြားဇာတ်လမ်းတွေလိုပဲ Rating တွေ ကောင်းခဲ့ပြီး နာမည်ကျော်ကြားလူကြိုက်များခဲ့တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။
ဇာတ်လမ်းကတော့…
ကိစ္စတစ်ခုကြောင့် မိသားစုကိုအရှက်ရစေပြီးနောက် မီယာဟာဖခင်ဆီက
ချီးမွှမ်းခြင်းခံရတဲ့ သမီးတစ်ယောက်ဖြစ်ဖို့ပြန်လည်ကြိုးစားချင်တဲ့အတွက်
စပိန်နိုင်ငံဘာစီလိုနာမြို့ကိုအလုပ်ရှာဖွေဖို့ စွန့်စွန့်စားစားထွက်လာခဲ့ပါတယ်….
တစ်ဖက်မှာ အယ်လီဟာလည်းသူ့ရဲ့ပယောဂကြောင့် ချစ်သူသေဆုံးခဲ့ရတယ်ဆိုတဲ့
နောင်တကိုရင်မှာပိုက်ပြီး ချစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက် ကာတွန်းတွေ
ရုပ်ရှင်တွေဖန်တီးချင်တဲ့ဝါသနာကိုစွန့်ပြီး ကမ္ဘာ့ဗိသုကာမြို့တော်ဘာစီလိုနာမှာ
ဗိသုကာပညာလာရောက်သင်ကြားရင်းမီယာဆိုတဲ့ကောင်မလေးနဲ့နှစ်ဦးသား
တွေ့ဆုံခဲ့ကြပါတယ်….
မီယာဟာ တိုက်ဆိုင်စွာပဲ အယ်လီချစ်သူဟောင်းစီလင်းနဲ့ရုပ်ချင်းခွဲမရအောင်
တူနေတဲ့အတွက်အယ်လီဟာ မီယာကိုဘာစီလိုနာမှာကူညီစောင့်ရှောက်ပေးရင်း
ချစ်ကြိုးသွယ်သွားခဲ့တဲ့ လူငယ်သဘာချစ်ခြင်းမေတ္တာတရားတွေကိုဖော်ပြထားတဲ့
ကားလေးတစ်ကားဖြစ်ပါတယ်….
ဒီဇာတ်လမ်းလေးမှာလူတိုင်းဟာအချစ်ခံရဖို့ထိုက်တန်ပါသလား ????
ကျူးလွန်ခဲ့အပြစ်တစ်ခုကြောင့်တစ်သက်လုံးပြန်လည်ပေးဆပ်စရာလိုပါသလား ???
လဲကျနေရာကနေပြန်လည်ရှင်သန်ဖို့ ဘယ်လိုခွန်အားတွေပေးခဲ့သလဲဆိုတဲ့
မေးခွန်းလေးတွေကို တပြိုင်နက် အဖြေထုတ်ပေးခဲ့ပါတယ်….
တကယ်ဆိုရင်တော့ ပရိတ်သတ်ကြီးအနေနဲ့ ဇာတ်ညွှန်းတောင်ဖတ်စရာမလိုပဲ
နာမည်ကြီးဖိလစ်ပိုင်စုံတွဲ Cathniel ပါတယ်ဆိုရုံနဲ့တင် ကြည့်ကောင်းမယ့်
ဇာတ်ကားကောင်းတစ်ကားဆိုတာ သိကြမှာပဲဖြစ်ပါတယ်…
(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို May Thazin Myint မှတင်ဆက်ထားပါတယ်။)
Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/52 မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။
File size…(2.3 GB)/(860 MB)
Quality…WEB-DL AMZ (Clean Version) 1080p / 720p
Format…mp4
Duration….02:11:45
Subtitle….Myanmar Subtitle (Hardsub)
Encoder….Ka Naung
Translated by May Thazin Myint
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။