Bad Moms
Party like a mother.

Synopsis:
IMDB Rating 6.2 ရထားတဲ့ အမေရိကန် Comedy Moviesလေးပါ။
အဓိကသရုပ်ဆောင်အနေနဲ့
Mila Kunis , Kristen Bell, Kathryn Hahn တို့အဓိကပါဝင်ထားကြပါတယ်။
ဘတ်ဂျက်အနေနဲ့ USD 20 million ပဲကုန်ကျခဲ့ပေမယ့်
Box office မှာ USD 189 million အထိ အမြတ်ငွေရခဲ့ပါတယ်။ Award အနေနဲ့လည်း
အေမီအဖြစ်သရုပ်ဆောင်တဲ့ Mila Kunis က
Jupiter Award 2017 မှာ Best International Actress ရခဲ့သလို
ဒီထဲက အမျိုးသမီးသရုပ်ဆောင် ငါးဦးလုံး Cinemacon,USA 2016 ကရွေးချယ်တဲ့
Female Stars of the year ဆုကိုရခဲ့ပါတယ်။
ဇာတ်ကားကလည်း
People’s Choice Award, USA 2017 မှာ Favorite Comedic Movies ဆုရထားပါတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့ အသက်သုံးဆယ်ကျော် အေမီက ကော်ဖီကုမ္ပဏီတစ်ခုမှာ
အလုပ်လုပ်နေတဲ့ ကလေးနှစ်ယောက်အမေပါ။
အမေကောင်းတစ်ဦးဖြစ်ဖို့ အဖက်ဖက်ကကလေးတွေကို အရမ်းဦးစားပေး လုပ်ကိုင်ပေးနေတဲ့ အမေတစ်ယောက်။
စီးပွားရေးအောင်မြင်နေတဲ့ ခင်ပွန်းသည်ရှိပေမယ့် ကလေးနှစ်ယောက်နဲ့
အလုပ်နဲ့ တစ်နေ့တာလုပ်ငန်းတွေ တောက်လျောက် မအားလပ်နိုင်အောင်
အမေတစ်ယောက်အနေနဲ့ အလုပ်ရှုပ်လှပါတယ်။
ခင်ပွန်းသည်အပေါ်လည်း စိတ်အာရုံမစိုက်နိုင်တော့ တစ်နေ့မှာ သူ့ခင်ပွန်း အင်တာနက်မှာ
တခြားမိန်းမတစ်ဦးနဲ့ဖောက်ပြန်နေတာသိလိုက်ရတယ်။
ကီကီဆိုတဲ့ ကလေးအမေတစ်ယောက်ကလည်း အလုပ်မလုပ်ပေမယ့်
ကလေးလေးယောက်နဲ့ အိမ်တွင်းပုန်းမေမေ လုပ်ပြီးအထီးကျန်ဖြစ်နေရတယ်။
ကာရာဆိုတဲ့ ခပ်ပေပေခပ်တေတေ Single mom တစ်ယောက်ကလည်း ဘယ်သူမှအပေါင်းအသင်းမလုပ်လို့
တစ်ယောက်တည်းအထီးကျန်နေရတယ်။
ဒီအခြေအနေမှာ သူတို့သုံးယောက်ပေါင်းမိပြီး
ဘယ်လိုတွေဆက်ဖြစ်သွားကြလဲ ဆိုတာကို ဇာတ်ကားထဲမှာ ကြည့်လိုက်ပါ။
သုံးယောက်ပေါင်းလောင်းကျော်မယ့် ဆိုးတဲ့မေမေတွေပါ။
(P.S-အမေရိကန်ဟာသကားတွေရဲ့ ထုံးစံအတိုင်း စကားအပြောအဆို မယဉ်ကျေးတာတွေပါပြီး
ဟိုဟိုဒီဒီ Adultကိစ္စအကြောင်းလေးတွေပြောသလို Nudy Sense အခန်းလေးလည်း ၂စက္ကန့်လောက်ပါပါတယ်)
Quality…..BluRay 1080p
Duration…..01:40:00
Format…Mp4
File Size…(724 MB , 362 MB)
Translator…..Little Twinlay
Encoder…..Moe Myint Lwin
Download with Yoteshin Link
Download with Openload
Download with Openload (Small Size)
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။