Back to the Wharf ( 2020 )


Synopsis:
ဒီကားလေးကတော့ မင်းသားမင်းသမီးတွေ နာမည်သိပ်မကြီးမချောကြပေမယ့် တကယ့်ကို
ဇာတ်ကားကောင်းပြီး ပညာရစေတဲ့ ဇာတ်လမ်းကောင်းလေးမို့ ဘာသာပြန်တင်ဆက်လိုက်ပါတယ်
ဇာတ်လမ်းလေးအကျဉ်းပြောပြရရင်
စုန့်ဟောက်ဆိုတဲ့ အတန်းထဲ အမြဲအဆင့် ၁ ရနေသူလေးက လီထန်ဆိုတဲ့
မြို့တော်ဝန်အဖေ့အာဏာနဲ့ ဆိုးချင်တိုင်းဆိုး မိုက်ချင်တိုင်းမိုက်နေတဲ့
ကောင်လေးနဲ့ ငယ်သူငယ်ချင်းတွေပေါ့
စုန့်ဟောက်က စာလုပ်တာအပြင် ဂိမ်းဆိုင်မှာ ဂိမ်းကစားရတာကို
အတော်လေး စိတ်ဝင်စားသူပါ။
ဒါကြောင့်လည်း ကျောင်းနဲ့ အိမ်အပြင် ဂိမ်းဆိုင်မှာပဲ အချိန်ကုန်နေတတ်တယ်။
ဂိမ်ကစားတိုင်း ရန်လာရှာတဲ့ လူရမ်းကားတွေကို လီထန်က ရှင်းပေးနေကြပေါ့…
ဒါပေမယ့် တစ်နေ့ စုန့်ဟောက်အဆင့် ၁ ရလို့ တက္ကသိုလ်တန်းတက်ခွင့်ရတာကို
လီထန်အဖေက အာဏာနဲ့လုယူပြီးနောက်မှာတော့
သူတို့ဆက်ဆံရေးက တစ်မျိုးပြောင်းသွားခဲ့ပါတယ်။
တကယ်တော့ သူတို့ ဆက်ဆံရေးဆိုတာထက် စုန့်ဟောက်ရဲ့
ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်ဆို ပိုမှန်မယ်
စုန့်ဟောက်ဟာ သူ့အခွင့်ရေးကို လုယူသွားတာ သူယုံကြည်ရတဲ့
တစ်ဦးတည်းသော သူငယ်ချင်း လီထန်ဆိုတာ သိရတော့ စိတ်မထိန်းနိုင်ဘဲ
လီထန်ကို သွားရှာတဲ့လမ်းမှာ အိမ်မှာဝင်ရာကနေ လူသတ်မိလို့
အိမ်က ထွက်ပြေးခဲ့တာ အဆင့် ၁ ကျောင်းသားဘဝကနေ
မှတ်ပုံတင်အတုနဲ့ကျင်လည်နေတဲ့ လက်လုပ်လက်စားလေးဘဝကို ပြောင်းသွားခဲ့ပါတယ်
၁၅ နှစ်ကြာလို့ သူ့အမေ ရက်လည်အတွက် စုန့်ဟောက် ပြန်ရောက်လာချိန်မှာ
ဘယ်လိုတွေပြောင်းလဲပြီး ဘယ်လိုအခက်ခဲတွေရင်ဆိုင်နေရတယ်ဆိုတာတော့
ဇာတ်လမ်းလေးကြည့်လိုက်ကြတာပေါ့
Quality : HDRip 720p
Format : mp4
During : 1h 58min
Subtitle : Myanmar Subtitle ( hardsub )
Translated By Chu Chu
Encoded By LK
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။