Exit print mode Print Data A+ A- Undo all

Austin Powers: International Man of Mystery(1997)

If he were any cooler, he'd still be frozen, baby!
Austin Powers: International Man of Mystery(1997)Austin Powers: International Man of Mystery(1997)

Synopsis:

Austin Powers: International Man of Mystery(1997)

***************************************************

442

IMDb 7/10
Rotten Tomatoes 71%
Commonsensemedia 3/5

James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့်

ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။

ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့

Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။

ကစ်တာဘယ်လောက်အထိလဲဆိုရင် Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး

ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်း Dr.Evilကလိုက်ဝတ်တာမျိုး၊

ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်း Random Taskဆိုတဲ့လူဆိုးဟာ

ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာ ရုပ်ဖြောင့်လို့အပြင်

ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံး

မျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။

အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ

ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။

ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့်

ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး

လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကို ထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး

ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်း ပိုDarkတဲ့ ဂျိန်းဘွန်းဇာတ်ကားတွေအဖြစ် ပုံစံပြောင်းခဲ့ရကြောင်း ဖြေခဲ့ပါတယ်။

ပြီးတော့ ဂျိန်းဘွန်းဇာတ်ကောင်ကိုင်တဲ့ Walther PPK/s .380ပစ္စတိုသေနတ်အတိုင်းလည်း Austin Powersဇာတ်ကောင်ဟာ

Walther PPK/s .380ကို ကိုင်ဆောင်ပါတယ်။

Austin Powersကားတွေဟာ ဂျိန်းဘွန်းကားတွေကိုပဲ ပြောင်ထားတာမဟုတ်ပဲ Star Warsဇာတ်ကားတွေ၊ အဲ့ဒီခေတ်က

ဗြိတိန်မှာနာမည်ကြီးခဲ့တဲ့ကြော်ညာတွေ၊ showတွေကိုပါ ပြောင်ထားတာအပြင် တရုတ်ရှင်ရှင်(ဟောင်ကောင်ကားဟောင်း)တွေမှာ

မှုန်ဝါးဝါးစာတန်းထိုးတာတွေကိုရော၊ ဗြိတိန်နိုင်ငံရဲ့အိမ်ရှေ ့စံဟောင်းကြီး ချားလ်စ်မင်းသားကိုပါ ပြောင်ထားတဲ့အတွက်

ဇာတ်ကားတွေထွက်လာတဲ့အချိန်မှာ ဗြိတိန်နဲ့အမေရိကဘက်မှာဝက်ဝက်ကွဲပေါက်ခဲ့ပြီး American Film Institueရဲ့

ဟာသကား၂၀၀၀ကနေ အရယ်ရဆုံးကားငါးရာရွေးတဲ့အထဲမှာ ထိပ်ဆုံးကား၁၀၀ထဲမှာပါတဲ့အရမ်းရီရတဲ့ကားတွေအဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။

(ဒါ့အပြင် ဒီကားဟာ ဘာသာပြန်ရခက်တဲ့ကားတွေထဲပါ ပါတယ်။ တချို ့ဟာသတွေက ဗြိတိန်နိုင်ငံထဲမှာပဲနေတဲ့လူတွေပဲ

နားလည်တဲ့ဟာသတွေဖြစ်နေတာတို့၊ စကားပြောတွေကလည်း အဓိပ္ပါယ်နှစ်ခွထွက်တဲ့စကားတွေဖြစ်နေတာတို့ကြောင့်

ပြန်ရတော်တော်ကိုခက်ပါတယ်။ တချို ့စာသားတွေဆိုရင် ဘိုလိုကြည့်မှရယ်ရပြီး ဘာသာပြန်လိုက်ရင်

မရယ်ရတာမျိုးတွေပါတဲ့အတွက် ပြန်ရတော်တော်ကိုလက်ပေါက်ကပ်ပါတယ်။ အတတ်နိုင်ဆုံးတော့ ဟာသအာဘော်ကိုထိမိအောင်ကြိုးစားထားပါတယ်)။

ဒါပေမယ့် ဒီကားထွက်လာခါနီးမှာ အိမ်ရှေ ့စံဟောင်းကြီးရဲ့ကြင်ယာတော်ဟောင်း မင်းသမီးဒိုင်ယာနာကွယ်လွန်သွားခဲ့လို့

သူတို့အိမ်ထောင်ရေးကိုဟာသလုပ်ထားတာပါတဲ့ ဒီကားကိုဗြိတိန်နိုင်ငံမှာ ရုံတင်ပြသတာကိုမလုပ်ခဲ့ရပါဘူး။

နောက်ပိုင်းအခွေထွက်လာမှပဲ ဗြိတိန်နိုင်ငံက လူတွေကြည့်ခွင့်ရကြတာပါ။

ဟာသကားဆိုပြီး ငပေါကားပါကွာဆိုပြီး ပေါ့သေးသေး မထင်ကြနဲ့ဦး

ဒီTrilogyမှာ ဟောလီးဝုဒ်အနုပညာလောကရဲ့တကယ့်ဂရိတ်၊ ဂရိတ်ကြီးဖြစ်တဲ့ ဒါရိုက်တာကြီး Steven Spielberg၊

မင်းသားကြီး Michael Caine၊ Tom Cruise၊ Larry Thomas၊ Brian George၊ Tom Arnoldတို့အပြင်

Former Bond Girl Lois Chiles၊ Britney Spearsတို့ဟာ အဓိကဇာတ်ဆောင်နေရာမှာရော၊

ဧည့်သည်သရုပ်ဆောင်နေရာမှာပါ အသီးသီးပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒါ့အပြင် အလန်းဆုံးဆုံးကတော့ အဆိုတော် Beyonceဟာ တတိယကားမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်ထားတာပါ။

ပြီးတော့ ပထမကားရဲ့ဇာတ်လမ်းဟာလည်း Marvel hero Captain Americaကိုပြောင်ထားတာဖြစ်ပါတယ်။

ပထမကားမှာ မင်းသားဟာ အေးခဲခံလိုက်တဲ့အတွက် ပြန်နိုးလာချိန်မှာ Captain Americaလိုပဲ

ပြောင်းလဲသွားတဲ့ခေတ်နဲ့အံဝင်ခွင်ကျဖြစ်မနေတာ ပါ ပါတယ်။

ဒါ့အပြင် ဟာသမင်းသားကြီး Jim Carreyကို မူလက Dr.Evilနေရာမှာ

သရုပ်ဆောင်ဖို့လုပ်ထားပေမယ့် မင်းသားကြီးဟာ Liar Liarဇာတ်ကားနဲ့ရိုက်ရက်တိုက်နေတဲ့အတွက် မပါဖြစ်ခဲ့တာပါ။

Austin Powersနေရာကသရုပ်ဆောင်ထားတဲ့မင်းသားကြီး Mike Meyersဟာ ဒီကားရဲ့ဇာတ်ကောင်ကိုဖန်တီးရာမှာ

ပိုအာရုံစိုက်ချင်တဲ့အတွက် A third Wayne’s World (1992)ရုပ်ရှင်ကိုမရိုက်တော့ပဲ Austin Powersဇာတ်ကောင်ကိုပဲ

ဇောက်ချပြီးဖန်တီးခဲ့တဲ့အတွက် ဒဏ္ဍာရီဆန်တဲ့ Austin Powersဇာတ်ကောင်ဟာ အသက်ဝင်လာခဲ့တာပါ။

ပြီးတော့ ဒီကားထဲကဇာတ်ကောင်တွေဟာ Deadpoolလိုပဲ 4th wallခနခနဖောက်တတ်ပါသေးတယ်

ကဲ…ပြောတာလေအရမ်းရှည်နေပြီဆိုတော့ ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကိုပြောပြကြတာပေါ့

ပထမကားရဲ့ဇာတ်လမ်းအကျဉ်းကတော့…..

Austin Powersကိုအနိုင်မယူနိုင်ပဲဖြစ်နေတဲ့ DrEvilဟာ

ကိုယ့်ကိုယ်အေးခဲခဲ့ပြီး အနာဂတ်မှပြန်လာဖို့လုပ်ဆောင်ခဲ့ပါတယ်။

DrEvilကိုတားဆီးဖို့အတွက် Austin Powersဟာလည်း အေးခဲခံခဲ့ပြီး

DrEvilကြီး ပြန်ရောက်လာတဲ့အချိန်မှာ နိုးထလာခဲ့ပါတယ်။

Drကြီးကို Austinတားဆီးနိုင်ပါ့မလား

Drကြီးကလည်း Austinကိုအနိုင်ယူနိုင်တော့မှာလားဆိုတာကို

ကိုယ်တိုင်ပဲဆက်ပြီးကြည့်ရှုကြပါ

Yeah! Baby! Yeah

ဒီကားဟာ ဟာသကားပေမယ့် အောက်လုံးဟာသတွေအများကြီးပါလို့

အသက်၁၅နှစ်အောက်မကြည့်ရတဲ့ထဲမှာပါကြောင်းလည်း အသိပေးပါရစေ

 

File size…1.59GB / 870MB / 428MB
Quality…1080p HEVC 5.1CH / 720p / 480p 
Format…Mp4
Duration….1h 29mins
Subtitle….Myanmar Subtitle ( Hard Sub)
Encoder….YK
Translated by Dr.Nyan

 



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Jay Roach
Stars
Elizabeth Hurley, Michael York, Mike Myers
Release Date
2 May 1997
Rated
PG-13
Runtime
1h 29m
Awards
3 wins & 8 nominations
Country
USA
Budget
USD $16 500 000,00
Revenue
USD $67 683 989,00
Popularity
37.912
Status
Released
ID IMDb.com
tt0118655
IMDB Rating
7.0
IMDB votes
231k
ID Themoviedb.org
816
TMDb Rating
6.5
TMDb votes
2538