Attack of the Hollywood Clichés! (2022)

Synopsis:
Attack of the Hollywood Clichés! (2022)
=============================
IMDb Rating – 6.1/10
လူတိုင်းလိုလို ရုပ်ရှင်တွေကြည့်နေရင်းက “ဒီကောင်မလေးက အနောက်က
လိုက်ဖမ်းတာခံနေရတာကို ဘာလို့ဒေါက်မြင့်ဖိနပ်ကြီးနဲ့ပြေးနေရတာတုန်း
ချွတ်ပြေးပါလား” တို့၊ “မင်းသားကို လူဆိုးတွေက တပြိုင်တည်းဘာလို့ မချ
ဘဲနဲ့ တစ်ယောက်ချင်းစီအလှည့်ကျချနေကြရတာတုန်း” တို့ “အရေးဟဲ့
အကြောင်းဟဲ့ဆိုရင် ဖုန်းကဘာလို့ဘက်ထရီထထကုန်ရတာလဲ” တို့ဆိုပြီး
မေးခွန်းပေါင်းသောင်းခြောက်ထောင်မေးဖူးကြမှာပါ။
ပြီးတော့ အချစ်ကားတွေမှာဆိုရင် မင်းသား၊ မင်းသမီးတွေ တစ်ယောက်ဆီကို
တစ်ယောက်ပြေးလိုက်သွားကြတဲ့အခန်းတို့ ၊ အက်ရှင်ကားဆိုလည်း ကားတွေ
နဲ့ လိုက်ဖမ်းရတဲ့အခန်းတို့ ဘာတို့ကို ကားတိုင်းနီးပါးလိုလိုမှာထည့်ထားတတ်
ကြတာ သတိထားမိမှာပါ။ အဲ့လိုမျိုးတွေကများများလာတော့ ကိုယ်တွေဆို
တစ်ခါတစ်လေ ဘော်ဒါတွေအချင်းချင်းပြန်အာလူးဖုတ်ပြောတတ်ကြတယ်
မလား။ မပူပါနဲ့ ကိုယ်တွေတင်မကဘူး ရုပ်ရှင်လောကသားတွေကိုယ်တိုင်ပါ
ပြောတတ်ကြပါတယ်။
ဒီတော့ ဒီအစီအစဉ်မှာ အဲ့လိုဖန်တစ်ရာတေနေတဲ့အကြောင်းတွေကို ရုပ်ရှင်
အနုပညာရှင်တွေ၊ ဝေဖန်ရေးဆရာတွေစသဖြင့်ပုဂ္ဂိုလ်အစုံကနေပြီးတော့
နာမည်ကျော်ရုပ်ရှင်ကားနမူနာအခန်းတွေပြန်ကြည့်ပြန်ပြပြီးတော့ ဆွေးနွေး
ဝေဖန်အာလူးဖုတ်ကြတာကို ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ စိတ်ဝင်စားဖို့လည်း
ကောင်း၊ ရယ်ဖို့ကောင်းတာတွေလည်းပါတယ်ဆိုတော့ ဒီ “Attack of the
Hollywood Clichés!” လေးကြည့်ရင်း အတူလိုက်ပါအာလူးဖုတ်လိုက်ကြပါဦး။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့
Fiona Gillen ဖြစ်ပါတယ်)
File Size……….(1.3 GB) / (470 MB) / (271 MB)
Quality…………WEB-DL 1080p / 720p / 480P
Duration………58Mins
Subtitle………..Myanmar Hardsub
Format…………MP4
Genre…………..Documentary, Comedy
Translator…….Fiona Gillen
Encoder……….SWM
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။