Asura: The City of Madness(2016)


Synopsis:
Asura: The City of Madness(2016)
IMDb…6.6,,,Rotten..80%
” ကျုပ်ရဲအဖြစ်အလုပ်လုပ်တဲ့ အန်နမ်မြို့က အကျင့်ပျက်တဲ့သူတွေနဲ့ပြည့်နှက်နေပြီ..
ဒီနောက်ပိုင်းပြန်လည်ဖွံ့ဖြိုးခြင်းတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ခြိ်မ်းခြောက်လာကြတယ်..
အန်နမ်ရဲ့မြို့တော်ဝန် ပါ့ခ်ဆွမ်ဘဲဆိုတာရှိတယ်..သူက တစ်မြို့လုံးကို၀ါးမြိုချင်နေတာ…
သူ့ပြိုင်ဘက်ကလည်း ဘယ်ငြိမ်နေပါ့မလဲ…နေ့တိုင်းမှာတိုက်ပွဲတွေဖြစ်လို့…
ကျုပ်ကတော့ အနိုင်ရတဲ့သူနဲ့ပဲပူးပေါင်းတယ်…”
ဒါကတော့ ရဲတစ်ဦးဖြစ်တဲ့ ဟွမ်ဒိုဂျောင်ရဲ့အယူအဆပါပဲ….သူက ငွေရဖို့ဆို
ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် ပူးပေါင်းပြီး ခွေးတစ်ကောင်လိုအလုပ်လုပ်မယ့်သူ….
ဒီကားကတော့ အန်နမ်မြို့တော်ဝန်နဲ့ အတိုက်အခံပါတီတွေကြားမှာ လူမိုက်ဂန်းစတားတွေ..စုံထောက်တွေနဲ့
ရှေ့နေတွေကြားကို ကောင်းကောင်းကြီးရိုက်ပြထားတာ..သူတော်စင်တွေ ယုန်ကလေးလိုကောင်တွေ
တစ်ယောက်မှ မပါဘူး..ယုံပုံစံဖြစ်နေရင်တောင် ယုန်ယောင်ဆောင်ထားတဲ့ ကျားတွေ မြေခွေးတွေပဲဖြစ်တယ်…
သွေးထွက်သံယိုခန်းပေါင်းများစွာပါသလို နိုင်ငံရေးရဲ့ ပဋိပက္ခပေါင်းစုံကို အလွှာစုံ နယ်ရုပ်စုံရဲ့ ရွှေ့ကွက်ပေါင်းများစွာကိုတွေ့မြင်ရမယ်..
နောက်ပြီးဒီကားက ဇာတ်လမ်းအစမှ အဆုံး Tempo ကျသွားတယ်လို့ရယ်မရှိဘူး…ကြည့်ရင်း
ကျော်ထဲစိမ့်အောင်လန့်လာသလို ဆက်လည်းမကြည့်ဘဲမနေနိုင်အောင် ဆွဲဆောင်မှုရှိလွန်းတယ်..
သရုပ်ဆောင်တွေကလည်း ကိုရီးယားတကယ့်အထင်ကရ လူတွေကြီးပဲ…
The king,The Divine Moveနဲ့ Cold eye တို့မှာ ကြမ်းခဲ့ ရမ်းခဲ့တဲ့မင်းသားကြီးWoo-sung Jungကိုတော့
ထွေထွေထူးထူးထပ်မိတ်မဆက်တော့ဘူး..စပွိုင်လာမပါလေ..ဘာဇာတ်လမ်းအကြောင်းမှမပြောလေ
ကြည့်လို့ကောင်းတဲ့ဇာတ်ကားမို့ ဒီလောက်နဲ့တော်ပါရစေ…
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…
File Size : (2.13GB),(1.03GB) and (392 MB)
Quality : BluRay 1080p 5.1CH, Blu-Ray 720p
Format…mp4
Duration…02:16:00
Genre : Action, Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by May Tharaphi Lwin
Encoded by Phyo Pyae
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။