Exit print mode Print Data A+ A- Undo all

Arnold Is a Model Student (2023)

Arnold Is a Model Student (2023)Arnold Is a Model Student (2023)

Synopsis:

Arnold is a Model Student ( 2023 )

Arnold is a Model Student ဟာ မျက်မှောင်ခေတ် ထိုင်းမှာကြုံနေရတဲ့ ပြဿနာတွေကို တင်ပြထားတဲ့ ထိုင်းရုပ်ရှင်ဖြစ်ပြီး
Sorayos Prapapanက ဇာတ်ညွှန်းရေးသား ရိုက်ကူးထားတယ်။
မျက်မှောက်ခေတ်ထိုင်းကျောင်းသားတွေရဲ့ အခြေအနေကို မီးမောင်းထိုးပြပြီး
ထိုင်းပညာရေးရဲ့ ဦးတည်ချက်ကို မေးခွန်းထုတ်ထားတဲ့ ရုပ်ရှင်ပါပဲ။
Prapapan ဟာ ဒီရုပ်ရှင်ကို ထိုင်းမှာ ၂၀၂၀ တုန်းက ဖြစ်ခဲ့တဲ့ bad student movement နဲ့
အဲဒီဆန္ဒပြမှုတုန်းကသုံးခဲ့တဲ့ ကျောင်းသားလက်စွဲစာအုပ်ကို အခြေခံပြီး ရိုက်ထားတာပါ။
ဒီရုပ်ရှင်ရဲ့အခန်းတွေကိုလည်း အဲဒီလက်စွဲစာအုပ်က အခန်းတွေနဲ့ပဲ ခွဲထားတယ်။

442

Prapapanရဲ့ ကားနာမည် Arnold is a Model Student ဟာ ကားထဲက ကျောင်းသားတွေရဲ့ ဆန္ဒပြမှုနဲ့ ဆန့်ကျင်ဘက်ဖြစ်နေသလို
ရုပ်ရှင်မှာလည်း ဆန္ဒပြတဲ့ကျောင်းသားတွေနဲ့ ဆန့်ကျင်စွာ ရပ်တည်နေတဲ့ အာနိုးဟာ အဓိကဇာတ်ကောင်ဖြစ်နေခဲ့တယ်။
သူ့ဇာတ်အိမ်ဟာ bad student movementကို အခြေတည်ထားပေမဲ့ သူ့အဓိကဇာတ်ကောင်က ဒီအရွေ့နဲ့ဆန့်ကျင်ပြီး
ဒီပျက်စီးနေတဲ့ စနစ်ကြီးကနေ သူ့အခွင့်အရေး သူအရယူတဲ့သူအဖြစ်ပြပြီး ဒီနှစ်ခုကို မျဉ်းပြိုင်အနေနဲ့သုံးပြီး
ထိုင်းပညာရေးစနစ်ရဲ့ လာဘ်ထိုးမှုတွေ အကျင့်ပျက်ခြစားမှုတွေ တက္ကသိုလ်ဝင်ခွင့်နဲ့ပတ်သက်တဲ့အလိမ်အညာတွေ
ဆရာဆရာမတွေရဲ့ အာဏာအလွဲသုံးစားလုပ်ခြင်းတွေကို ပြထားတယ်။

Arnold is a Model Student ဟာ မျက်မှောက်ခေတ် ထိုင်းပညာရေးက ပြဿနာတွေကို
တင်ပြချင်တဲ့ ရည်ရွယ်ချက်တော့ကောင်းပေမဲ့ လုံးဝကြီး သရုပ်ပေါ်အောင်ပြနိုင်ခဲ့တဲ့ ရုပ်ရှင်တော့ မဖြစ်ခဲ့ပါဘူး။
ဒါပေမဲ့လည်း စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုကို ဇာတ်အိမ်တည်ထားတာဖြစ်သလို
ပညာရေးစနစ်တွေနဲ့ပတ်သက်ပြီး ဒီလိုတင်ပြတဲ့ကားတွေ သိပ်မတွေ့ရတတ်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။

အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။

Genre….. Comedy, Drama
Quality…. 1080p | 720p
File size… 1GB | 488MB
Format… mp4
Duration…. 1h 23min
Subtitle…. Myanmar Subtitle (Hardsub)
Translator ….. WiRa Aung
Encoder ….. Aaron



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Arnon pen nakrian tuayang
Release Date
23 November 2023
Runtime
1h 23min
Awards
4 Wins & 8 Nominations
Popularity
3.406
Status
Released
ID IMDb.com
997519
IMDB Rating
6.5
IMDB votes
133
ID Themoviedb.org
997519
TMDb Rating
6
TMDb votes
3