Exit print mode Print Data A+ A- Undo all

Arcadian (2024)

Family is stronger than fear.
Arcadian (2024)Arcadian (2024)

Synopsis:

442

 

နစ်ကလက်ကေ့ ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဒီကားလည်း ပေါကားမဟုတ်ပါဘူး။ သူ့ကားတွေက အခုနောက်ပိုင်း နည်းနည်းချင်း ပြန်ကောင်းလာတာတော့ တွေ့နေရပါပြီ။ IT ရုပ်ရှင်ထဲက မင်းသား Jaeden Martell က နစ်ရဲ့ သားအဖြစ်ပါဝင်ထားပါတယ်။ အက်ရှင် ဟော်ရာ အမျိုးအစားပါပဲ။

ဇာတ်လမ်းအကျဉ်း

ဒီရုပ်ရှင်ကလည်း ကမ္ဘာပျက်ပြီးနောက်ပိုင်း အခြေအနေကို တည်ထားတာပါပဲ။ ကမ္ဘာဘာလို့ပျက်လဲ မပြဘဲ အသက်ရှင်ကျန်ခဲ့တဲ့လူတစ်စု ဆက်အသက်ရှင်ဖို့ ကြိုးစားပုံကိုပြတဲ့အမျိုးအစားပါပဲ။ နစ်ဟာ သားနှစ်ယောက်နဲ့အတူ အိမ်တစ်လုံးမှာနေတယ်။ လူနည်းစုလေးတွေဟာ ကိုယ့်မိသားစုနဲ့ကိုယ့်ခြံနဲ့ကိုယ် အသက်ရှင်ဖို့ ကြိုးစားနေကြတာပါ။ သူတို့အတွက် အန္တရာယ်ကတော့ ညတိုင်း အိမ်တွေထဲကို အတင်းဝင်ဖို့ ကြိုးစားတဲ့ သတ္တဝါကြီးတွေပါပဲ။ မှောင်တာနဲ့ ကိုယ့်အိမ်ကိုယ် အချိန်မီပြန်ပြီး အိမ်ကို အမြဲလုံနေအောင် နေကြရတာပါ။ ဒါပေမဲ့ နစ်ရဲ့ သားအကြီးကောင်က အခြားခြံက ကောင်မလေးကို ဖွန်အကြောင်လွန်ပြီး ညဘက်နောက်ကျသွားတဲ့အခါ လမ်းမှာပိတ်မိသွားပါတယ်။ ဒါကို နစ်က လိုက်ကယ်ဖို့ကြိုးစားရင်း အကောင်ဗလောင်ကြီးတွေနဲ့ ရင်ဆိုင်ရပုံတွေကို ပြထားတာပါ။ ဒီလို ရုန်းကန်တိုက်ခိုက်ရတဲ့အမျိုးအစားတွေကို ကြိုက်တတ်တဲ့သူတွေ ကြည့်သင့်ပါတယ်။

 

File size…(1.4 GB)/(660 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:32:00
Genre… Action, Horror, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Mr. Anderson



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Revenue
USD $859 453,00
Popularity
47.954
Status
Released
ID IMDb.com
tt22939186
IMDB Rating
5.9
ID Themoviedb.org
1051896
TMDb Rating
6.9
TMDb votes
11