Channel Myanmar

Anveshi (2023)

N/A    

not rated 2h 17m BollywoodRomanceThriller

6.4
IMDB: 6.4/10 2.2k votes

India

78815

Report error

Anveshi (2023) သရဲခြောက်သောဆေးရုံကြီး

ဒီတစ်ခါမှာတော့ IMDb 6.4/10 ရှိတဲ့ Romance & Thriller
ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

442

ရွာလေးတစ်ရွာရဲ့ ဆေးရုံတစ်ရုံဟာ ဝါယာရှော့ဖြစ်ပြီး မီးလောင်သွားရာကနေ
မီးထဲမှာပါသွားတဲ့ ဒေါက်တာတစ်ယောက်ဟာ သရဲအဖြစ်နဲ့ရှိနေပြီး လိုက်ခြောက်နေတယ်လို့
သတင်းတွေထွက်နေပါတယ်။ ဒီလိုနဲ့ ပညာမတတ်တဲ့ရွာသားတွေဟာလည်း ဘယ်သူက
ဘာပြောပြော မျက်စိစုံမှိတ်ပြီး ယုံတတ်ကြတော့ ပိုပြီးတော့ ဆိုးတာပေါ့။

ဒီလိုနဲ့ တစ်နေ့မှာ ဆေးရုံရှေ့မှာတင် လူတစ်ယောက်သေဆုံးသွားရာကနေ ကိစ္စတွေက ပိုပြီးတော့
ဆိုးရွားလာခဲ့ပြီးတော့ ညဘက်ဆို လူခြေတိတ်သွားတဲ့အထိ ဘယ်သူကမှ အပြင်မထွက်ရဲကြတော့ပါဘူး။
ဒီလိုသရဲကိစ္စကို ယုံကြည်တဲ့သူတွေထဲမှာ ရဲအရာရှိဝန်ထမ်းတွေပါ ပါနေတော့ ပိုဆိုးတော့တာပေါ့လေ။

ဒီလိုနဲ့ အဲဒီရွာက သရဲဆိုတာကို အယုံအကြည်မရှိတဲ့လူတစ်ယောက်ဟာ ဒီကိစ္စကို အဖြစ်မှန်သိအောင်
လိုက်လံပြီးတော့ စုံစမ်းနေပါတော့တယ်။ တစ်ဖက်မှာလည်း သူငယ်ချင်းရဲ့ ညီမပျောက်လို့လိုက်ရှာရာကနေ
မထင်မှတ်ဘဲ ဘတ်စ်ကားပေါ်မှာတွေ့တဲ့ကောင်မလေး အာနူကို ချစ်မိသွားတဲ့ကောင်လေးတစ်ယောက်။
မြင်မြင်ချင်းမှာတင် ချစ်မိသွားပြီး နောက်ထပ် ထပ်တွေ့ရဖို့ မျှော်လင့်နေသူ။ ဒီလိုနဲ့ သူတို့နှစ်ယောက်ဟာ
မမျှော်လင့်ဘဲ ဘဏ်တစ်ခုမှာ ပြန်ဆုံတွေ့ကြရင်းနဲ့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေးဟာ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ ……
သူတို့နှစ်ယောက်နဲ့ သရဲခြောက်တဲ့ဆေးရုံကြီးကရော ဘယ်လိုတွေ ပတ်သတ်နေလဲ …..
သရဲခြောက်တယ်ဆိုတဲ့ ဆေးရုံကြီးဟာရော တကယ်ပဲ သရဲခြောက်တာဟုတ်ရဲ့လား ……

ဆိုတာတွေကို ကြည့်ရှုရမယ့် အရိုအချိုလေးတွေရော ထိတ်လန့်စရာလေးတွေရောပါ
ရသစုံခံစားရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။

(အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

File size…2.12GB / 1GB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 17m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Anveshi (2023)


No downloads available

Genres



Related movies