anohana: The Flower We Saw That Day – The Movie (2013)


Synopsis:
Qty – Bluray 720p
Duration – 1hr 39min
Gern – Drama
Translator – Myo Myint Naing
Encoder – Kyaw Ye Aung
ဇာတ်လမ်းအကျဉ်းကတော့ တစ်ခါတုန်းက တစ်ယောက်နဲ့တစ်ယောက်တော်တော်ခင်ခဲ့ကြတဲ့ သူငယ်ချင်း ၆ ယောက် ရှိတယ်။ ဒါပေမဲ့ သူတို့ထဲက တစ်ယောက်ကမမျှော်လင့်ပဲ မတော်တဆမှုတစ်ခုဖြစ်ပြီး ဆုံးသွားတယ်။ အဲ့ဒီအချိန်ကစပြီးတော့ သူတို့သူငယ်ချင်း တစ်စုလုံး တစ်ယောက်နဲ့တစ်ယောက်အနေစိမ်းသွားကြရော။ ဒီအဖြစ်အပျက်တွေ ဖြစ်ပြီးကတည်းက သူတို့အုပ်စုရဲ့ခေါင်းဆောင် ဂျင်းတန်က စိတ်ဓာတ်ကျပြီး အမြဲလိုလို တစ်ယောက်ထဲအချိန်တွေကို ကုန်ဆုံးနေတာပေါ့။
တစ်ရက်မှာတော့ ဆုံးသွားတဲ့ကောင်မလေးရဲ့ ၀ိညာဉ်ဟာ သူ့ရှေ့ရောက်ချလာပြီး သူ့အနေနဲ့ ဆုတောင်းတစ်ခု ဖြည့်ဆည်းပေးဖို့တောင်းဆိုလာတယ်။ ဆုတောင်းပြည့်မှ သူကနောင်ဘဝကို ကူးနိုင်မှာတဲ့။
ဒါပေမဲ့ မန်းမာက သူ့ဆုတောင်းသူ မမှတ်မိတော့ ဂျင်းတန် လည်း သူတို့နဲ့ စိမ်းသွားတဲ့ သူငယ်ချင်းတွေဆီ အကူအညီတောင်းရတော့တာပေါ့။
ဒါနဲ့ ကောင်မလေးရဲ့ဝိညာဉ် ဘဝကူးနိုင်အောင် အဖြေရှာရင်း သူတို့အချင်းချင်းပြန်အဆင်ပြေသွားကြမလား ပြီးတော့ အဲ့နေ့က အဖြစ်အပျက်နဲ့ပတ်သတ်ပြီး အချင်းချင်းလျှို့ဝှက်ချက်တွေကကောဘာတွေလဲ ဆိုတာ?
ဇာတ်လမ်းအမျိုးအစားကတော့ Comedy, Drama ဖြစ်ပြီးတော့၂၀၁၁ ခုနှစ်မှာထွက်ရှိခဲ့တဲ့ series ကို ပြန်ပြီး ရိုက်ထားတဲ့ movie ဖြစ်ပါတယ်။ စာရေးဆရာမကတော့Mari Okada ဖြစ်ပါတယ်။ ကလေးဘဝအပြစ်ကင်းတဲ့ အတွေးတွေ ၊ ခံစားချက်တွေ ၊ ကိုယ်ပိုင်အခက်အခဲတွေ နဲ့အတူ သနားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေက ဒရာမာကြိုက်ပရိတ်သတ်တွေအဖို့ဇာတ်ကားကောင်းတစ်ခုဖြစ်စေမှာပါ။
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။