Anna and the Apocalypse (2017)
Oh the weather outside is frightful...

Synopsis:
အခု မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ 2017 ခုနှစ်မှာ ထွက်ထားတဲ့ Anna and the Apocalypse ဆိုတဲ့ ဇွန်ဘီ comedy ဇာတ်ကားလေးပါ
John Mcphail က ရိုက်ကူးထားပြီး IMDB 6.4 ထိ ရထားတဲ့ ဇာတ်ကားလေးပါ
အန်နာဆိုတဲ့ ကောင်မလေးရယ် ဂျွန်ဆိုတဲ့ကောင်လေးရယ်က အချစ်ဆုံးသူငယ်ချင်းတွေပါ
ကျောင်းပြီးရင် ဂျွန်က အနုပညာတက္ကသိုလ်တက်မယ် အန်နာကတော့ ခရီးထွက်မယ်ဆိုပြီး ကိုယ်စီ စိတ်ကူးယဉ်အိပ်မက်လေးတွေနဲ့ ပျော်ရွှင်စရာမြို့လေးမှာ နေထိုင်ကြပါတယ်
တစ်နှစ်တော့ ခရစ်စမတ်ချိန်မှာတော့ ခါတိုင်းနှစ်နဲ့ မတူဘဲ ပြဿနာတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်
အဲဒါကတော့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် မြို့ထဲက လူတွေဟာ ဇွန်ဘီတွေ ဖြစ်ကုန်ပြီး သူတို့ကို ရင်ဆိုင်တိုက်ခိုက်ရတာပါ
သူတို့သူငယ်ချင်းတွေဟာ မိသားစုတွေနဲ့ တကွဲတပြားဖြစ်နေကြပြီး သူတို့ချစ်ရတဲ့ မိဘတွေ မိသားစုတွေရှိတဲ့ဆီကို ရောက်ဖို့ မျှော်လင့်ချက်တွေကိုယ်စီနဲ့ ဇွန်ဘီတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်တိုက်ခိုက်ကြတာလေးတွေကို ရိုက်ပြထားတာပါ
ဒီဇာတ်ကားမှာ ထူးခြားတာကတော့ ဒိုင်ယာလော့တွေထဲမှာ သီချင်းလေးတွေ ညှပ်ပြီး သီဆိုပြထားတာပါ
တစ်ကားလုံးလိုလိုမှာ ပျော်စရာဇာတ်ဝင်သီချင်းလေးတွေနဲ့ လူငယ်ဆန်ဆန် ရိုက်ကူးထားတဲ့ ဇွန်ဘီကားကောင်းလေးပါ
စိတ်လှုပ်ရှားရသလို မိသားစုစိတ်ဓာတ် သူငယ်ချင်းတွေကြားက မေတ္တာတရားတွေကို ပေါ်လွင်အောင် ရိုက်ကူးပြထားတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ
နောက်ဆုံးမှာ အန်နာတို့ သူငယ်ချင်းတွေ သူတို့ချစ်ရတဲ့ မိသားစုတွေနဲ့ ပြန်ုဆုံကြရလား
မတွေ့ခင်မှာရော ဘယ်လိုအခက်အခဲတွေကို ကြုံရလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားရင်း စောင့်ကြည့်ကြပါလို့
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)
File Size : (750 MB) and (290 MB)
Quality : WEB-DL 720p
Running Time : 1h 33min
Format : Mp4
Genre : Comedy, Fantasy, Horror
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.WEB-DL.XviD.AC3-FGT
Translated by May Tharaphi Lwin
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။