Animal World (2018)


Synopsis:
ဂဏန်းတွေတွက်ရချက်ရတာ သဘောကျပြီး စိတ်လှုပ်ရှားစရာ ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ၂၀၁၈ ထွက်ထားတဲ့ Animal world ဆိုတဲ့ တရုတ်ကားကောင်းတစ်ကား တင်ဆက်ထားပါတယ်…
ဒီဇာတ်ကားမှာထူးခြားတာတစ်ခုက Antman ရဲ့ ယောက္ခမလောင်း သိပ္ပံပညာရှင်ကြီး မိုက်ကယ် ဒေါက်ကလပ် ပါဝင်အားဖြည့်ထားတာပါပဲ…
သင်္ချာတော်ပြီး ဥာဏ်ကောင်းတဲ့ ဂျန်ခိုက်စန်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ အဖေအသတ်ခံရပြီးတဲ့နောက်မှာ အမေကလည်း ကိုမာဝင်သွားခဲ့တဲ့အတွက် အမေ့ဆေးဖိုးရှာရင်း အိမ်ထောင်တာဝန်ကို မနိုင်မနင်းထမ်းနေရတဲ့ လူတစ်ယောက်ဖြစ်တယ်…
တစ်နေ့တော့ အိမ်ပွဲစားလုပ်တဲ့သူငယ်ချင်းတစ်ယောက်ဟာ အမြတ်အစွန်းအကြီးအကျယ်ရမယ့် အိမ်တစ်လုံးကိုစပ်တူဝယ်ဖို့ သူတိုက်ခန်းကိုပေါင်ဖို့ အကူအညီလာတောင်းပါတယ်…
ပထမတော့ငြင်းလိုက်ပြီး နောက်တော့ အမေ့ဆေးဖိုးနဲ့စားဝတ်နေရေးကျုပ်တည်းလာတဲ့ ခိုက်စန်ဟာ အိမ်ပေါင်ဖို့ သဘောတူလိုက်တော့တယ်…
အဲ့ဒီအချိန်ကစပြီး သူ့သူငယ်ချင်းဆိုတဲ့လူလုံးဝပျောက်သွားပြီး သူနဲ့မသိတဲ့ သူစိမ်းတွေ သူ့ကိုလာခေါ်ကာ သူ့သူငယ်ချင်းနစ်နေတဲ့အကြွေးစာရင်းတွေပြပါတော့တယ်…။
သူ့အိမ်ကိုအပေါင်ထားထားတာဖြစ်တဲ့အတွက် သူလည်းအကြွေးပြဿနာထဲဝင်ပါပြီး အကြွေးကိုပြန်ဆပ်ဖို့အတွက် လူစိမ်းတွေက သူ့ကိုကစားပွဲတစ်ပွဲဆော့ကစားဖို့ ကမ်းလှမ်းပါတော့တယ်….
ဂျန်ခိုက်စန် ပါဝင်ကစားရမယ့်ပွဲဟာ ဘယ်လိုကစားပွဲမျိုးဖြစ်မှာလဲ..
သူကစားပွဲထဲက အသက်ရှင်လျက်ပြန်ထွက်ရမှာလားဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲရှုစားတော်မူပါ
Ratings – IMDb – 6.4, Rotten tomatoes – 70%
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ)
File Size : (950 MB) and (390 MB)
Quality : NF WEB-DL 720p
Running Time : 2h 12min
Format : Mp4
Genre : Adventure , Thriller
Subtitle : Myanmar Subtitle (Hard Sub)
Source : 1080p NF WEB-DL DDP5.1 x264-Ao
Translated by Zuel Khant Thwin
Encoded by Thanhtike Zaw
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။