Exit print mode Print Data A+ A- Undo all

Angel Heart (1987)

Harry Angel has been hired in search for the truth. Pray he doesn't find it.
Angel Heart (1987)Angel Heart (1987)

Synopsis:

442

 

 

လောကမှာ ဘယ်အရာကိုမှ အလကားမရနိုင်တာမို့ တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတတ်တာက သဘာဝပါပဲ။ ဒါပေမယ့် ကိုယ်ရလိုက်တဲ့အရာတစ်ခုက ပေးဆပ်လိုက်ရတာနဲ့ ထိုက်တန်မှု ရှိပါ့မလားဆိုတာကတော့.. IMDB 7.2/10, Rotten Tomatoes 82% ရရှိထားတဲ့ Mysetery/Psychological Horror/Thriller အမျိုးအစား၊ ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုအများအပြားရရှိထားတဲ့ Old but gold ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၀ ပြည့်နှစ်များဆီက နာမည်ကြီး ဒါရိုက်တာကြီး (အခုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့) Alan Parker ရဲ့ Mississippi Burningတို့ Birdyတို့လို ပြောင်မြောက်တဲ့လက်ရာတွေထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။

ဇာတ်လမ်းကိုပြောရမယ်ဆိုရင်တော့ အလွတ်စုံထောက်တစ်ယောက်ဖြစ်တဲ့ ဟားရော့ဒ်အိန်ဂျယ့်ဆီကို လူးဝစ်ဆိုင်ဖရာဆိုတဲ့ အမှုသည်တစ်ယောက်က လူပျောက်ရှာပေးဖို့ အမှုလာအပ်ခဲ့တာပါ။ ရှာပေးရမယ့်လူက ဂျွန်နီဖေးဘရစ်ဆိုတဲ့ အဆိုတော်ဖြစ်ပြီး ဓာတ်ပုံလည်းမရှိ နေရပ်လိပ်စာလည်းမသိဘဲ သူ နောက်ဆုံးတက်ခဲ့တဲ့ဆေးရုံလိပ်စာကလွဲလို့ ဘာဆိုဘာမှမသိတာမို့ ကောက်ရိုးပုံထဲ အပ်ပျောက်ရှာရသလိုကနေ စခဲ့ရပါတော့တယ်။ ဇွဲကြီးတဲ့အိန်ဂျယ်တစ်ယောက် သူ့အမှုသည်စိတ်ချမ်းသာဖို့အရေး ဂျွန်နီဖေးဘရစ်နဲ့ သိကျွမ်းခဲ့တဲ့လူတွေကို အင်တာဗျူးရင်း၊ ကြိုးကြိုးစားစား လိုက်လံတွေ့ဆုံရင်းနဲ့ အမှုက ထင်သလို ရိုးရှင်းတဲ့ လူပျောက်မှုမဟုတ်တာကို သိလိုက်ရပါတော့တယ်။

မှော်နက်ပညာလို့ခေါ်တဲ့ စုန်း၊ ကဝေအတတ်တွေနဲ့ ဆက်စပ်နေတဲ့အပြင် မထင်မှတ်ဘဲ သူအင်တာဗျူးခဲ့တဲ့လူတွေက ကြေကွဲဖွယ်အဖြစ်ဆိုးတွေနဲ့ ကြုံခဲ့ရပြီး သူ့ဆီကိုပါ အဲဒီအဖြစ်ဆိုးတွေက တွယ်ငြိယစ်နွယ်လာခဲ့ချိန်မှာတော့.. အဲဒီအဖြစ်ဆိုးတွေက လွတ်အောင် သူ ရုန်းထွက်နိုင်သွားမှာလား.. ဂျွန်နီဖေးဘရစ်ကိုရော ရှာဖွေတွေ့ရှိသွားနိုင်မှာလား.. သူရှာတွေ့ခဲ့တဲ့အမှန်တရားကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ စိတ်ဝင်စားဖွယ် ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းရဲ့ အဆုံးနားလောက်မှာ အိန်ဂျယ်ပြောလိုက်တဲ့ မန္တလေးဆိုတာက Road to Mandalay ဆိုတဲ့ကဗျာကို ရည်ညွှန်းတာပါ.. ဟုတ်ပါတယ်..မြန်မာနိုင်ငံက မန္တလေးပါ.. မြန်မာနိုင်ငံကိုရောက်လာခဲ့တဲ့ ဗြိတိသျှစစ်သားတစ်ဦးက မန္တလေးမြို့အကြောင်း ၁၈၉၀ခုနှစ်လောက်က လွမ်းဆွတ်ဖွယ်ရေးဖွဲ့ထားခဲ့တဲ့ ကဗျာပါ.. မြန်မာနိုင်ငံက ချစ်သူကိုရည်ညွှန်းဖွဲ့ဆိုထားတယ်လို့လည်း ဆိုကြပြီးတော့.. သီချင်းလည်း ရှိပါတယ်.. ဇာတ်ကားနဲ့ ကဗျာနဲ့ ဘယ်လိုဆက်စပ်လဲဆိုတာကတော့ … Spoiler ဖြစ်သွားမှာစိုးလို့ သိချင်ရင် ဇာတ်ကားကိုပဲ ကြည့်ကြည့်လိုက်ကြပါလို့။ ဪ.. သွေးထွက်သံယိုအခန်းတွေနဲ့ အသက်ပြည့်မှ ကြည့်လို့ရမယ့်အခန်းတွေပါတာမို့ ထုံးစံအတိုင်း ကြောက်တတ်ရင်၊ အသက်မပြည့်သေးရင် ပြည့်အောင်ဖြည့်ကြည့်ကြပါလို့)

 

File size…(2.9 GB)/(1.2 GB)/(570 Mb)
Quality….Webrip 1080p / 720p / 480p
Format…mp4
Duration….01:53:00
Genre…Horror, Mystery
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Emily



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $17 000 000,00
Revenue
USD $17 186 348,00
Popularity
17.127
Status
Released
ID IMDb.com
635
ID Themoviedb.org
635
TMDb Rating
7.1
TMDb votes
1286