Exit print mode Print Data A+ A- Undo all

Amour (2012)

Amour (2012)Amour (2012)

Synopsis:

442

 

ဇာတ်ကားနာမည်လေးကတော့ အချစ်ပါတဲ့၊ ပြင်သစ်လိုဆိုရင်တော့ Amour ပေါ့။ စကားလေးရှိတယ်မလား၊ ကျွန်တော်တို့က ၂၀ ရာစုမှာ ၉၀ ပြည့်နှစ်ဝန်းကျင်က အချစ်မျိုးကို ရှာဖွေနေကြတယ်ဆိုတာလေ။ ဒီဇာတ်ကားလေးကတော့ ကျွန်တော်တို့ ကြုံတွေ့ပိုင်ဆိုင်ဖူးချင်တဲ့ အချစ်ရဲ့ အလှတရားကို ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။

ဇာတ်လမ်းအကျဉ်း

ဂျော့နှင့် အန်းဟာ ဇရာရလာပြီဖြစ်ပြီးတော့ သားသမီးတွေလည်း အတောင်စုံလို့ အမြင့်ပျံသွားကြပြီဖြစ်လို့ နှစ်ယောက်တည်း အိမ်ကလေးမှာ တစ်ယောက်နှင့်တစ်ယောက် အမှီသဟဲပြုရင်း ကျန်ရစ်ခဲ့တဲ့ ဇနီးမောင်နှံပါ။ တစ်နေ့မှာတော့ အန်းဟာ အသက်အရွယ်ရလာတာကြောင့် အောက်ပိုင်းအကြောသေသွားခဲ့ပါတယ်။

ဂျော့က အန်းကို ဆေးရုံတက်စေခဲ့ပေမယ့် အန်းတစ်ယောက် ဆေးရုံကြောက်တာသိတဲ့အတွက် အိမ်ကိုပဲခေါ်ပြန်လာပြီး သူကိုယ်တိုင် ပြုစုပါတော့တယ်၊ သားသမီးတွေကလည်း ဆေးရုံပို့တာဖြစ်ဖြစ် သက်ကြီးရွယ်အို စောင့်ရှောက်ပေးတဲ့ဆီ ပို့တာဖြစ်ဖြစ် လုပ်ခိုင်းကြပေမယ့် တအားချစ်ကြရှာတဲ့ ဇနီးမောင်နှံ နှစ်ယောက်သားကတော့ အိမ်လေးမှာပဲ သူနာပြုတွေငှား ဆရာဝန်တွေခေါ်ပြီး နှစ်ပါးသွားပါတော့တယ်။ ဒီဇာတ်ကားလေးမှာတော့ ဂျော့နှင့်အန်းကြားထဲက မပြောင်းလဲသွားတဲ့ ချစ်ခြင်းမေတ္တာနှင့် ရှေ့ဆက်ကြပုံကို ကြည့်နူးဆွတ်ပျံ့ဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။

 

File size…(1.8 GB)/(730 Mb)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:07:00
Genre…Drama
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Matteo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $8 900 000,00
Revenue
USD $29 800 000,00
Popularity
25.643
Status
Released
ID IMDb.com
tt1602620
IMDB Rating
7.9
ID Themoviedb.org
86837
TMDb Rating
7.761
TMDb votes
1527