Exit print mode Print Data A+ A- Undo all

American Symphony (2023)

American Symphony (2023)American Symphony (2023)

Synopsis:

ဂျွန်ဘတ်စ်တီဆိုတာ အမေရိကန်ဂီတလောကမှာတော့
မသိတဲ့သူမရှိသလောက်ကို အောင်မြင်နေတဲ့ ဂီတပညာရှင်တစ်ယောက်ပါ။

၂၀၂၂ ခုနှစ် ဂရမ်မီဆုပေးပွဲမှာလဲ ဂရမ်မီဆုတွေတသီကြီးသိမ်းကြုံးယူသွားတဲ့သူပေါ့။
တေလာဆွစ်တို့ ဘယ်လီအိုင်းလစ်ချ်တို့ကိုကျော်ပြီး တစ်နှစ်တာအကောင်းဆုံး အယ်ဘမ်ဆုကိုပါ သိမ်းပိုက်သွားသူပါ။

442

သူ့ရဲ့ Freedom ဆိုတဲ့သီချင်းဟာလဲ အတော်ပေါက်သွားတဲ့သီချင်းလေးပါ။
သူ့ရဲ့ငယ်ဘဝမှာအိပ်မက်တစ်ခုရှိပါတယ် ဂီတဆိုတာ ပေါ့တွေ ဂျက်ဇ်တွေ ဘာတွေအမျိုးစားခွဲခြား
မနေပဲနဲ့ အားလုံးကိုပေါင်းစုပြီးတော့ American Symphony ဆိုတဲ့သံစုံတီးဝိုင်းနဲ့သီချင်းတစ်ပုဒ်ကိုဖန်တီးနေချင်တာပါ။

သူ့ရဲ့ငယ်ဘဝဟာလဲ ခက်ခဲခဲ့ပါတယ်။ မြေအောက်ရထား ဘူတာရုံတို့ လမ်းဘေးတို့မှာ အလကားသီချင်းဆိုပြီး
နေ့တိုင်းပဲစားပြီး ဘဝကိုဖြတ်သန်းခဲ့ရတာပါ။ ဒါပေမဲ့ စာရေးဆရာမ ဆူလိုက်ခ်နဲ့တွေ့ပြီး ဘဝရဲ့လက်တွဲဖော်ကိုတွေ့ရှိခဲ့ပြီး
နှစ်ယောက်သား အေးအတူပူအမျှဖြတ်သန်းခဲ့ပေမဲ့ ဆူလိုက်ခ်မှာက သွေးကင်ဆာရောဂါရှိနေတာပါ။

ဂျွန်ဘတ်စ်တီကလဲ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ Amreican Symphony ကို အကောင်ထည်ဖော်ဖို့ နှစ်နှစ်လောက်ကြာခဲ့ပြီး
ဒီကြားထဲ ဇနီးဖြစ်သူရဲ့ကင်ဆာရောဂါကလဲ နောက်ဆုံးအဆင့်ကိုရောက်နေပါပြီ။ သူ့အနေနဲ့ ဒီလိုဖိအားတွေ လူမည်းက ဒီလို
သံစုံတီးဝိုင်းကြီးလုပ်ရမလားဆိုပြီး ဝေဖန်တာတွေကြား ခဏခဏရပ်ပစ်ဖို့စဉ်းစားခဲ့ရပါတယ်။

ဒါပေမဲ့ ဇနီးဖြစ်သူ သူငယ်ချင်းအပေါင်းသင်းတွေရဲ့ဖေးမမှုကြောင့်ပဲ
ဒီ American Symphony ကြီးကိုလုပ်ဖြစ်ခဲ့တာပါ။ ဂျွန်ဘတ်စ်တီနဲ့ ဆူလိုက်ခ်တို့ရဲ့အချစ်ရေးဟာလဲ
အမေရိကန်မှာ လူကြိုက်အများဆုံးအချစ်ရေးပါပဲ။ သူတို့ရဲ့အကျဉ်းချုံးကျင်းပတဲ့
ဗီဒီယိုဖိုင်နဲ့ သီချင်းဟာလဲ ယူကျု့မှာနာမည်ကြီးပါပဲ။ ဂျွန်ဘတ်စ်တီရဲ့ သူ့အနုပညာ
ဘဝခရီးအကြောင်းရိုက်ထားတဲ့ Documentary လေးဟာ ၂၀၂၃ မှာထွက်ရှိလာခဲ့ပြီး
Channel Myanmar ပရိတ်သက်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ်။

File size…3.9GB / 900MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….1h 44m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by K Hein



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
N/A
Director
Matthew Heineman
Stars
Anna Wintour, Billie Eilish, James Taylor, Joe Saylor, Jon Batiste, Jonathan Dinklage, Justin Bieber, Lenny Kravitz, Lindsey Byrnes, Louis Cato, Questlove, Scott Tixier, Simon Helberg, Stephen Colbert, Stevie Wonder, Suleika Jaouad, Trevor Noah
Release Date
August 31, 2023(Telluride Film Festival)
Rated
PG-13
Runtime
1h 44m
Country
India
Popularity
30.252
Status
Released
ID IMDb.com
tt28865980
IMDB Rating
6.8
IMDB votes
3.7k
ID Themoviedb.org
1171816
TMDb Rating
7.1
TMDb votes
37