Exit print mode Print Data A+ A- Undo all

American Fiction (2023)

American Fiction (2023)American Fiction (2023)

Synopsis:

American Fiction (2023)

~ IMDb – 7.8/10, RT – 94%, Meta – 81% ~

442

Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက မျဉ်းက တော်တော်ပါးလွန်းတော့ သိဖို့တောင်ခက်လိမ့်မယ်။ American Fiction ဟာ ဒီအကြောင်းတွေကို အားရပါးရကြီး သရော်ထားတဲ့ရုပ်ရှင်ပါပဲ။

American Fiction ဟာ လာမယ့်အော်စကာအတွက် Best Picture, Best Adapted Screenplay, Best Actor, Best Supporting Actor, Best Original Score စတဲ့ ဆန်ခါတင်ငါးခုဝင်ထားတယ်။ Best Picture ဆန်ခါတင်ကားတွေထဲတော့ သူနဲ့အနီးစပ်ဆုံး အရသာတူတာက The Holdovers လို့ ပြောလို့ရတယ်။ The Holdovers လို ဇာတ်လမ်းမျိုးကြိုက်တဲ့လူတွေ ဒီဇာတ်လမ်းကို ကြိုက်မှာသေချာတယ်။ American Film Institute က စာရင်းလုပ်ထားတဲ့ ၂၀၂၃ရဲ့အကောင်းဆုံးရုပ်ရှင်၁၀ကားထဲ နံပါတ်တစ်ချိတ်ထားတယ်။ ချိတ်လည်းချိတ်သင့်တယ်။ ပုဂ္ဂလိကအမြင်အရတော့ မနှစ်က အမေရိကန်ဘက်က ထုတ်ထားတဲ့ကားတွေထဲ ဒီကားက တော်တော်မိုက်နေတယ်။ ဒါရိုက်တာ Cord Jefferson ဟာ အမေရိကန်ဖစ်ရှင်ကို ပွဲဦးထွက်ရိုက်ခဲ့ ဇာတ်ညွှန်းရေးခဲ့တာပေမဲ့ ဘယ်ပွဲဦးထွက်ကားနဲ့မှ မတူရလောက်အောင် တော်တော်လေး သေသပ်ပြီး တာသွားတယ်။ မွန့်ခ်နေရာက သရုပ်ဆောင်တဲ့ Jeffrey Wright ဟာလည်း သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားသလို Sterling K. Brown ကလည်း ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားတယ်။ အော်စကာဆန်ခါတင်ဝင်ထားတာမနည်းလို့ ကြည့်ကိုကြည့်ဖို့တွေးထားရင်တော့ ဇာတ်လမ်းကိုဆက်မဖတ်ဘဲ ကြည့်လိုက်တာက ပိုကောင်းလိမ့်မှာပါပဲ။ ဇာတ်ညွှန်းပါ ဆန်ခါတင်ဝင်ထားတာမို့ ဇာတ်လမ်းကို စိတ်ချပြီး ကြည့်လို့ရတယ်။

မွန့်ခ်ဆိုတဲ့ လူမဲ စာရေးဆရာတစ်ယောက်ရှိတယ်။ သူက ပရော်ဖက်ဆာ စာရေးဆရာ။ စာရေးကောင်းတဲ့လူဆိုတော့ စာပေလောကမှာ သူ့စာအုပ်တွေက ဘောင်ဝင်တယ်။ ပြဿနာက မရောင်းရတာပဲ။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လက်ရှောင်ကြတာများတယ်။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လူမဲသိပ်မဆန်ဘူးဆိုပြီး မထုတ်ချင်ကြဘူး။ သူကလည်း ဒါကြီးကို ခေါင်းထဲတောင် မထည့်တဲ့လူ။ သူ့စာပဲ သူရေးနေတာ အဖြူအမဲဆိုတာတွေ ခေါင်းထဲရှိလှတယ်မဟုတ်ဘူး။ သူ့အမြင်ကလည်း မှန်တာပဲ။ တကယ်တမ်း မခွဲခြားဘူးဆို လူမဲမို့ ထူးပြီး သနားနေစရာ အကြောင်းလည်း မရှိဘူးမလား။ တစ်ချိန်တည်းမှာပဲ သူ့လို လူမဲစာရေးဆရာမတစ်ယောက်က လူမဲတွေရဲ့ ဒုက္ခတွေအကြောင်းရေးပြီး ဘတ်ဆဲလ်လားဖြစ်နေပြီ။ သူကိုယ်တိုင် အဲဒီဒုက္ခတွေခံခဲ့ရတာလားဆိုတော့ မဟုတ်ဘူး။ ချမ်းချမ်းသာသာနေ ကျောင်းကောင်းကောင်းတက် လက်ထောက်အယ်ဒီတာအလုပ်လုပ်နေရင်းက ကောက်ရေးလိုက်တာ။ ဒါကိုမြင်တော့ မွန့်ခ်က တော်တော်သဘောမတွေ့ဘူး။ လူဖြူတစ်ယောက်ကရေးတဲ့ လူမဲတွေရဲ့ ဘဝအကြောင်းစာအုပ်တစ်အုပ်မှာ ဘာတွေပဲရေးထားရေးထား ဘယ်သူမှ တကယ်လို့မထင်သလို အဖက်လည်းမလုပ်ဘူး၊ လူမဲတစ်ယောက်က လူမဲတွေရဲ့ဘဝတွေ ဒုက္ခတွေအကြောင်း ဇာတ်နာအောင် ရေးလိုက်ရင်တော့ လူမဲတွေက သနားစရာတွေပါလားဆိုပြီး လူတွေက ထင်ကြလိမ့်မယ်။ ဒါကို သူသဘောမကျဘူး။ ဒုက္ခရောက်တဲ့အဖြစ်တွေရှိခဲ့ကြပေမဲ့လည်း လူမဲတွေဟာ အသနားခံတွေတော့မဟုတ်ဘူးလို့ သူက ယုံတယ်။ လူမဲတွေဟာ သနားစရာတွေပါလားဆိုတဲ့အသိကြီး စွဲသွားကြမှာ၊ လူမဲတွေကို အထင်သေးကြမှာကို သူက မလိုလားဘူး။

နောက် သူကျောင်းမှာပြဿနာတက်ပြီး အိမ်ကို ခဏပြန်လာတော့ သူ့အမေက အယ်ဇိုင်းမားဖြစ်နေပြီး သူ့ညီမကသေသွားတယ်။ တစ်ချိန်လုံးသူ့ညီမကပဲ သူ့အမေကို ကြည့်ရှုပေးနေခဲ့တာဆိုတော့ သူ့ညီမသေသွားတဲ့အချိန် သူ့အမေကို ကြည့်ဖို့က သူ့ခေါင်းပေါ်ကျလာတယ်။ ငွေကလည်းမရှိ စိတ်ကလည်းရှုပ်နေတော့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ လူမဲအဆန်ဆုံး စိတ်ညစ်စရာကောင်းတဲ့ ဘဝတစ်ခုအကြောင်း ရိုင်းရိုင်းစိုင်းစိုင်းတွေချည်း ရေးချလိုက်တယ်။ သူ့သဘောကတော့ ရှင်းပါတယ်။ ဒီလောက်လူမဲတွေရဲ့သနားစရာဇာတ်တွေကို လိုချင်တဲ့ကောင်တွေကို ယူကြစမ်းဆိုပြီး ထုတ်ဝေချင်စရာတစ်စက်မှမကောင်းတဲ့ တော်တော်ဆိုးဆိုး စာအုပ်ကိုရေးချလိုက်တာပဲ။ ပြီးတော့ သူ့မန်နေဂျာဆီဖုန်းဆက်ပြီး ဒီစာအုပ်ကို တိုက်တွေကို ပို့ခိုင်းလိုက်တယ်။ သူ့နာမည်နဲ့တောင် မပို့ဘူး။

ကံဆိုးတာလား ကံကောင်းတာလားတော့ မသိဘူး။ ဒီလောက်စုတ်ပြတ်ရိုင်းစိုင်းနေအောင်ရေးထားတဲ့စာအုပ်ကိုမှ နာမည်ကြီးစာအုပ်တိုက်တစ်ခုက ဘတ်ဆဲလ်လားဖြစ်လာမယ့်စာအုပ်ဆိုပြီး ဒေါ်လာ၇သိန်းခွဲပေးပြီး အတင်းထုတ်ဖို့လုပ်တယ်။ ဒီစာအုပ်ကို သူ့ဘဝရဲ့ဖြစ်ရပ်မှန်လို့ပါ ထင်နေကြတယ်။ သူကလည်း ‌ငွေကလည်းလိုနေ ပိုက်ဆံကလည်းအများကြီးရမှာမို့ သူ့ကိုယ်သူ စာအုပ်ထဲကလူပါ ဝရမ်းပြေးပါဆိုပြီး ချော်လဲရောထိုင်ချလိုက်တယ်။ အစက ထုတ်ချင်စိတ်ပေါ်နေသေးပေမဲ့ သူရေးထားတဲ့စာအုပ်က သူမုန်းတဲ့စာအုပ်ပုံစံမျိုးဆိုတော့ ထုတ်ဝေသူတွေ ထုတ်ချင်စိတ်ပျောက်အောင် စာအုပ်နာမည်ကို “Fuck” လို့ ပြောင်းပေးမှ ထုတ်မယ် မပေးရင် မထုတ်ဘူးလို့ ကောက်ညစ်တယ်။ ဟိုကလည်း အတည်ကြီးထုတ်မယ်လုပ်တယ်။ မထုတ်ရသေးခင်မှာပဲ သူ့စာအုပ်က သူ့ဘဝဇာတ်ကြောင်းဆိုတာကို ကြားထားတဲ့ ဒါရိုက်တာတစ်ယောက်က သူ့ဆီက ဒီဇာတ်လမ်းကိုလာဝယ်တယ်။ အဲဒီဒါရိုက်တာကလည်း ပြောရရင် အော်စကာမျှားတဲ့ကားတွေ ရိုက်တဲ့ကောင်။ သူ့အမေကို လမ်းတစ်ဘက်မှာ ထားခဲ့ပြီး ဒီဒါရိုက်တာနဲ့ သူလာတွေ့ရတာဆိုတော့ ပြောနေရင်း အရေးပေါ်ကားအချက်ပေးသံကြားတော့ သူ့အမေကို စိတ်ပူပြီး ထပြေးရော။ ဟိုဘဲကလည်း အစစ်ဟုတ်မဟုတ် အကဲခတ်နေတာ။ ရဲကားသံကြားတာနဲ့ တန်းပြေးသွားတယ် ဒီကောင်ဝရမ်းပြေးအစစ်ပဲဆိုပြီး ဒေါ်လာလေးသန်းပေးပြီး သူ့မန်နေဂျာဆီကနေ ရိုက်ခွင့်ဝယ်သွားတယ်။ သူပြောသလို သောက်တလွဲတွေလုပ်လေ ပိုချမ်းသာလေ ဖြစ်နေရော။

ဒီအချိန်မှာ စာပေဆုပေးရေးအဖွဲ့က ဒိုင်အဖွဲ့ထဲလူမဲပါစေချင်လို့ဆိုပြီး သူ့ကလောင်အစစ်ရယ် အစောကစာအုပ်ရေးတဲ့စာရေးဆရာမရယ်ကို ဒိုင်အဖွဲ့ထဲလည်း ထည့်ထားသေးတယ်။ စားတာက ကလောင်တုနဲ့ရေးထားတဲ့ သူ့စာအုပ်က အရမ်းအောင်မြင်နေတော့ ဆုပေးဖို့ သူတို့ဖတ်ရတဲ့စာအုပ်တွေထဲ ထပ်တိုးစာရင်းဝင်လာတယ်။ ဒီလောက်သောက်တလွဲချထားတဲ့ စာအုပ်က ဒီလောက်အောင်မြင်နေတော့ သူ့မှာ တော်တော်အကျပ်ရိုက်နေရတယ်။ ဒီစာအုပ်ကိုတော့ ဘယ်လိုမှ ဆုမပေးသင့်ကြောင်း အတွင်တွင်ပြောပေမဲ့ သူရယ် လူမဲစာရေးဆရာမရယ်ကလွဲ ကျန်တဲ့ဒိုင်သုံးယောက်က ဒီစာအုပ်ကိုပဲ ပေးချင်ကြတယ်။ စားတာတော့ တော်တော်စားပါတယ်။ ဘက်မလိုက်ပါဘူးဆိုပြီး လူမဲစာရေးဆရာ၂ယောက်ထည့်ထားပေမဲ့ ဒီစာအုပ်ကိုမကြိုက်တဲ့ သူတို့အမြင်ကို အဖက်မလုပ်ဘဲ ကျန်တဲ့လူဖြူ၃ယောက်က တစ်မဲသာနေတာနဲ့ပဲ “Fuck” ဆိုတဲ့ စာအုပ်ကို ဆုပေးဖို့ ရွေးချယ်လိုက်ကြတယ်။

ဆိုခဲ့သလို အမေရိကန်ဖစ်ရှင်ဟာ လူစိတ်ဝင်စားတဲ့ လူကရုဏာသက်တဲ့ အကြောင်းအရာတွေကို အသုံးချပြီး အကျိုးရှာနေတဲ့ စာရေးဆရာ၊ စာပေဆုပေးပုံကနေစလို့ ဆုရအောင် တမင်ရိုက်ပြချင်နေတဲ့ ဒါရိုက်တာတွေအထိ အကုန်လုံးကို သရော်ထားတဲ့ ရုပ်ရှင်ပါပဲ။ အော်စကာဆုပေးပွဲအနေနဲ့လည်း ဇာတ်လမ်းကောင်းပေမဲ့လည်း အဲဒီလို Black Trauma Porn ဆန်ဆန်ရိုက်ထားတဲ့ကားတွေကို Best Picture အထိပေးခဲ့ဖူးတာရှိတော့ သူတို့သရော်ချက်ကနေ အော်စကာလည်း မလွတ်ပါဘူး။ ဒါပေမဲ့လည်း အမေရိကန်ဖစ်ရှင်ဟာ အော်စကာငါးဆုတော့ ဝင်ထားတုန်းပါပဲ။ ပေးလောက်မယ်လို့တော့ မထင်လှပေမဲ့ “ငါတို့က အဲဒီလိုမဟုတ်ပါဘူးကွာ”ဆိုပြီး ကောက်ပေးချင်လည်း ပေးပါလိမ့်မယ်။ သူကတော့ Black Trauma Porn ကိုပဲ ခေါင်းစဉ်တပ်သရော်ထားပေမဲ့ ပိုဗာတီပွန်းနဲ့မကွာလှတဲ့အတွက် အကုန်လုံးကို သရော်ချလိုက်သလိုတော့ ဖြစ်သွားတယ်။ နိုင်ငံအရပ်ရပ်က ဆုရရုပ်ရှင်တွေထဲ Poverty Porn ဆန်တဲ့ ရုပ်ရှင်တွေ တစ်နှစ်တစ်မျိုး မရိုးရအောင် ထွက်လာလိုက်တာ ခုဆို ရိုက်သတ်လို့တောင် မကုန်ဘူး။ ကောင်းတာတွေလည်း ကောင်းကြပေမဲ့ မေးခွန်းထုတ်စရာက‌တော့ ဖြစ်နေမှာပဲဆိုတော့ အဲဒီလိုအနုပညာတွေအကုန်လုံးကို သရော်ထားတဲ့ American Fiction ဟာ တော်တော်အားရစရာတော့ကောင်းနေတယ်။ ဘယ်လောက်ထိ သရော်လဲဆို အဆုံးထိကို အားရပါးရကို သရော်သွားတာပါပဲ။

American Fiction ထဲက အဓိကဇာတ်ကောင် မွန့်ခ်ဟာ မခွဲခြားပါဘူးဆိုတာကို “ငါတို့ကမခွဲခြားပါဘူးကွာ ငါတို့ကမခွဲခြားပါဘူး” တတွင်တွင်ပြောပြီး ခွဲခြားနေတာကို မနှစ်မြို့တဲ့သူ၊ အနုပညာကို ပိုသန့်စင်စေချင်တဲ့လူတစ်ယောက်ပေါ့။ ကျန်တာတွေထက် Poverty Porn ဆန်တဲ့ ရုပ်ရှင်တွေတော့ နှစ်တိုင်း ၁၀ကားမက ထွက်နေတုန်းဆိုတော့ American Fiction ဟာ အဲဒီမသန့်စင်တဲ့ အနုပညာကို သန့်စင်စေချင်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်လို့ပြောရမှာပါပဲ။

(ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်)

Size – 4.3GB, 1.7GB, 825MB
Quality – 4K HEVC, 1080p, 720p
IMDb Rating – 7.8/10
Format – mp4
Duration – 1H 57Min
Genre – Comedy, Drama
Subtitle – Myanmar Subtitle (Hardsub)
Translated by WiRa Aung
Encoded by Y



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Director
Cord Jefferson
Stars
Adam Brody, Alexander Pobutsky, Bates Wilder, Carmen Cusack, Celeste Oliva, Chhoyang Cheshatsang, Christopher Barrow, David De Beck, Dustin Tucker, Elle Sciore, Erika Alexander, Greta Quispe, Issa Rae, J.C. MacKenzie, Jason Armani Martinez, Jeffrey Wright, Jenn Harris, John Ales, John Ortiz, Joseph Marrella, Justin Andrew Phillips, Kate Avallone, Keith David, Leslie Uggams, Megan Robinson, Michael Cyril Creighton, Michael Jibrin, Michael Malvesti, Michele Proude, Miriam Shor, Myra Lucretia Taylor, Neal Lerner, Nicole Kempskie, Okieriete Onaodowan, Patrick Fischler, Raymond Anthony Thomas, Ryan Richard Doyle, Samantha Gordon, Skyler Wright, Stephen Burrell, Sterling K. Brown, Tokunbo Joshua Olumide, Tracee Ellis Ross
Release Date
2023
Rated
R
Runtime
1h 57m
Awards
Nominated for 5 Oscars, 52 wins & 164 nominations total
Country
United States
Budget
USD $16 000 000,00
Revenue
USD $15 400 000,00
Popularity
63.718
Status
Released
ID IMDb.com
tt23561236
IMDB Rating
7.8
IMDB votes
11000
ID Themoviedb.org
1056360
TMDb Rating
7.386
TMDb votes
57