Always I Am (2023)

Synopsis:
Always I Am ( 2023 )
==================
Always I Am ကို ကိုရီးယား Art House ရုပ်ရှင်လို့ပြောရင်လည်း ကောင်းကောင်းကြီးရလောက်တယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေမှာ အမြင်ရများတဲ့ ဇာတ်ပို့ဇာတ်ရံတွေကို အဓိကထားသုံးထားပေမဲ့ လူကြိုက်နည်းတဲ့ ရုပ်ရှင်ဖြစ်မယ်လို့တော့ ထင်ရတာပဲ။ ဒါလည်းမသေချာပါဘူး၊ Little Forsestလိုကားမျိုးတွေကို လူအများစု ကြိုက်တတ်ကြတော့ ဒီရုပ်ရှင်ကိုလည်း ကြိုက်ရင်လည်း ကြိုက်ကြမှာပဲ။ အဲဒီထက်တော့ နည်းနည်းလေး ပိုအေးစက်တယ်။ သေချာတာတစ်ခုကတော့ Always I Am ဟာ ဟုန်းဆန်းဆူပရိသတ်တွေတော့ ကြည့်ကို ကြည့်သင့်တဲ့ရုပ်ရှင်မျိုးပဲ။
ဇာတ်ကတော့ ခက်ခဲတဲ့လက်တွေ့ကနေ မေ့ထားခဲ့တဲ့ တစ်ချိန်တစ်ခါဆီက လွတ်လပ်မှုတွေကို ပြန်ရှာကြတဲ့ လူတွေအကြောင်းလို့ပြောရမယ်။ အဆိုတော်တို့ ရုံးအလုပ်သမားတို့ ဘာတို့လို ဆိုးလ်လို မြို့ကြီးပြကြီးမှာ မွန်းကျပ်လာရာကနေ နယ်ဘက်ကျေးဘက်ကို စိတ်ပြေလက်ပျောက် ခဏခရီးထွက်သွားကြရင်း တစ်ချိန်ကမေ့ထားခဲ့တဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိကြတဲ့အကြောင်းအရာကို ရိုက်ပြထားတယ်။ ဇာတ်လမ်းတည်ဆောက်ပုံရော ပြောပြချင်တဲ့အမြင်ရော တော်တော်လေးကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်အဖွင့်မှာရေးထားတာက ” တကယ့်မရှိလို့မဖြစ်တဲ့အရာတွေဟာ မျက်လုံးနဲ့မမြင်နိုင်တဲ့အရာတွေပဲ”တဲ့။ Always I Am ဟာ အဲဒီအရာတွေအကြောင်းပေါ့။
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ )
File size_(2.3GB)/(950MB)
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:53:00
Genre_Drama, Music
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by W
Quality_Blu-Ray 1080p / 720p
Format_mp4
Duration_01:53:00
Genre_Drama, Music
Subtitle_Myanmar Subtitle (Hardsub)
Encoder_a hao
Translated by W
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။
Release Date
April 19, 2023
Runtime
1hr 53min
Country
(South Korea)
ID IMDb.com
tt28079508