Exit print mode Print Data A+ A- Undo all

Alvin and the Chipmunks (2007)

The Original Entourage
Alvin and the Chipmunks (2007)Alvin and the Chipmunks (2007)

Synopsis:

ငယ်ဘဝတုန်းက တိရစ္ဆာန်​လေး​တွေနဲ့ လူ​တွေ တွဲဖက်ရိုက်ခဲ့ကြတဲ့

ရုပ်ရှင်​တွေ အများကြီးကြည့်ဖူးခဲ့မှာပါ။

442

အဲဒီတုန်းက​ 3D effectဘာညာလည်း

မသိနားမလည်​သေးတဲ့ အရွယ်ဆို​တော့ တိရစ္ဆာန်

အစစ်​လေး​​တွေကို သေချာသင်​ပေးပြီး ရိုက်ထားသလို ထင်ခဲ့ရတဲ့

အကြိမ်​ရေလည်း မနည်းပါဘူး။

 

ဒီလိုဇာတ်ကား​​တွေထဲမှာ Alvinတို့

ရှဉ့်​လေးသုံး​ကောင်ရဲ့ ဇာတ်ကား​တွေလည်း အပါအဝင်ပါပဲ။

သူတို့ရဲ့ င​မွှေထိုးလုပ်ပုံ​၊ ဗရုတ်ကျပုံ​တွေ၊ သူတို့အသံနဲ့ ဆိုထားတဲ့

သီချင်း​တွေက ငယ်ဘဝရဲ့အမှတ်တရ ဖြစ်ခဲ့သလို ​နောက်ပိုင်းမှာ

နာမည်ကြီးသီချင်းအ​များစုကို Chipmunks versionလို့ ပြန်ပြီး

ဖန်တီးလာတဲ့အထိ ဒီရှဉ့်​လေး​တွေရဲ့ လွှမ်းမိုးမှုက တစ်ကမ္ဘာလုံး

အတိုင်းအတာထိ ရှိခဲ့တာပါ။

 

ဒီဇာတ်ကားက Alvin, Simonနဲ့ Theodoreဆိုတဲ့ chipmunk

ရှဉ့်​လေးသုံး​ကောင်ကို စတင်မိတ်ဆက်​ပေးခဲ့တဲ့ ဇာတ်ကားပါ။

မ​အောင်မြင်တဲ့ ​တေး​ရေးဆရာ ​​ဒေးဗစ်ဆီဗီးလ်ဆီကို ဒီရှဉ့်​လေး

သုံး​​ကောင်က ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တာပါ။

ဖိအားများ​နေတဲ့ ​ဒေ့ဗ်တစ်​ယောက် ရှဉ့်​လေး​တွေနဲ့ စ​တွေ့ချိန် သူတို့ရဲ့

​သောင်းကျန်းမှုကို မခံနိုင်လို့ ​မောင်းထုတ်ခဲ့​ပေမဲ့ မထင်မှတ်ဘဲ

သူတို့ရဲ့ talentဖြစ်တဲ့ သီချင်းဆိုတာကို ကြားလိုက်ရပြီး​နောက်

Chipmunkတွေအတွက် ပင်တိုင်သီချင်း​ရေး​​ပေးသူ ဖြစ်လာပြီး

​အောင်မြင်မှု​တွေ ရလာခဲ့ပါတယ်။

 

ဒါကိုမနာလိုတဲ့ ​တေးသံသွင်းပိုင်ရှင်က ​ဒေ့ဗ်ဆီက​နေ ရှဉ့်​တွေကို

လုယူဖို့ အမျိုးမျိုးအဖုံဖုံကြိုးစားခဲ့ပြီး သူ့​ရဲ့ကိုယ်ကျိုးအတွက်ပဲ

ကြည့်ကာ ရှဉ့်​လေး​တွေကို အသုံးချဖို့ ကြိုးစားခဲ့ပါတယ်။

သူနဲ့ရှဉ့်​လေး​တွေကြားက အထင်လွဲမှု​​တွေကို ​ဖြေရှင်းဖို့ကြိုးစားရင်း

​​ဒေ့ဗ်အ​နေနဲ့ လောဘအိုး producerရဲ့လက်​က​နေ ရှဉ့်​လေး​တွေ

လွတ်​မြောက်နိုင်​အောင် ဘယ်လိုကယ်တင်မလဲဆိုတာ သီချင်း

မြူးမြူး​လေး​တွေ၊ chipmunk​​လေးတွေရဲ့ချစ်စရာ​ကောင်းတဲ့

သီဆိုပုံ​တွေနဲ့အတူ ခံစားရမှာပါ။

 

 

File size…   2.2 GB /  629 MB
Quality… BluRay 1080p / 720p
Format… mp4
Duration…. 1h 32m
Genre ….. Comedy/Music
Subtitle…. Myanmar Subtitle (Hard Sub)
Encoder…. Thit San Khant
Translated by JimX



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $60 000 000,00
Revenue
USD $361 366 633,00
Popularity
48.042
Status
Released
ID IMDb.com
tt0952640
ID Themoviedb.org
6477
TMDb Rating
5.807
TMDb votes
4232