Channel Myanmar

All Aboard for Love (2023)

ComedyRomanceTV Movie

5.7
IMDB: 5.7/10 votes

65054

Report error

442

 

CM ပရိသတ်တွေအတွက် အခုတင်ဆက်ပေးချင်တဲ့ ကားကတော့ ပေါ့ပေါ့ပါးပါးနဲ့ အချစ်ဒရာမာဇာတ်ကားကောင်းလေးတစ်ခုဖြစ်တဲ့ “All Aboard for Love” ပါ။ ဒီကားကို ရိုက်တဲ့ ဒါရိုက်တာကတော့ နာမည်ကြီး The Wedding Planners စီးရီးကို ရိုက်တဲ့ အေမီဖိုစ့် ဖြစ်ပါတယ်။ အဲ့ဒီစီးရီးထဲက ကတ်သရင်းဒေးဗစ်ကလည်း ဒီဇာတ်လမ်းမှာ အဓိကဇာတ်လိုက် အယ်လီဆင်နေရာကနေ ပါဝင်အားဖြည့်ထားပါတယ်။ တွဲဘက်အနေနဲ့ Supernatural တို့ Suits တို့လို နာမည်ကြီးတီဗွီစီးရီးတွေနဲ့ The Christmas Chronicles ကားတို့မှာ သရုပ်ဆောင်ခဲ့တဲ့ အစ်ရှ်မောရစ်ကနေပြီး ဂျိုအယ်ဆိုတဲ့ နေရာကနေ ‌ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ဂျိုအယ်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားလေးဖြစ်ပြီး နွေရာသီအပန်းဖြေဖို့အတွက် သူငယ်ငယ်က နေခဲ့တဲ့ မာရိုးလှေဆိပ်လေးဆီကို အလည်လာပါတယ်။ အယ်လီဆင်က အဲ့ဒီလှေဆိပ်လေးရဲ့ ပိုင်ရှင်ဖြစ်ပြီးတော့ သူက အတ္တလန္တိတ်သမုဒ္ဒရာထဲကို အလည်ခရီးသွားဖို့ ပြင်ဆင်နေတာပါ။ သူ လှေဆိပ်ရဲ့ ပိုင်ရှင်နေရာကို အခြားတစ်ယောက်စီ လွှဲပြောင်းပေးတဲ့ကိစ္စတွေလုပ်နေရင်း အလည်လာတဲ့ ဂျိုအယ်နဲ့ တွေ့ပြီး သူတို့ နှစ်ယောက် ဘယ်လိုနှစ်ပါးသွားကြမလဲ၊ အခက်အခဲတွေကရော ဘာတွေဖြစ်မလဲ၊ ပြဿနာတွေကို ဘယ်လိုရှင်းကြမလဲဆိုတာတွေကို ဒီ fancy drama ကားလေးမှာ ကြည့်နိုင်မှာဖြစ်ပါတယ်။

 

File size…(1.7 GB)/(899 MB)
Quality….Webrip 1080p / 720p
Format…mp4
Duration….01:26:00
Genre…TV Movie, Comedy, Romance
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Zwe Thukha



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies