Exit print mode Print Data A+ A- Undo all

Alien: Covenant (2017)

The path to paradise begins in hell
Alien: Covenant (2017)Alien: Covenant (2017)

Synopsis:

442

 

Alien ဆိုတာ ၈၀ပြည့်နှစ်ကျော် ၉၀ဖွားတွေအတွက်တော့ စွဲလန်းခဲ့ရတဲ့ ဂြိုလ်သားကားတွေပါပဲ…..အဲဒီခေတ်အခါတုန်းကတော့ တော်တော်လေးကို လူကြိုက်များခဲ့ပြီး အခုထိလည်းအောင်မြင်နေတုန်းပါ အားလုံးပေါင်း ၆ကားထွက်ရှိထားပြီး ၇ကားမြောက်ကတော့ အခုထိကြည်လင်ပြတ်သားတဲ့ Version မထွက်သေးတာကြောင့် အရင်ထွက်ပြီးသး ၆ကားကို ကြည်လင်ပြတ်သားပြီး စာတန်းထိုးမှန်မှန်နဲ့ ပြန်လည်ပြင်ဆင် တင်ဆက်ပေးလိုက်ပါတယ်…..ထွက်ရှိပြီးသားကားတွေကတော့……

(1) Alien (1979)
(2) Aliens (1986)
(3) Alien³ (1992)
(4) Alien: Resurrection (1997)
(5) Prometheus (2012)
(6) Alien: Covenant (2017)
(7) Alien: Romulus (2024) – အကြည်မထွက်ရှိသေး…..

 

Timeline အရကြည့်မယ်ဆိုရင်တော့…..

(1) Prometheus (2012) – 2093
(2) Alien: Covenant (2017) – 2104
(3) Alien (1979) – 2122
(4) Alien: Romulus (2024) – 2142 [အကြည်မထွက်သေး] (5) Aliens (1986) – 2192
(6) Alien³ (1992) – 2197
(7) Alien Resurrection (1997) – 2381

တို့ဖြစ်ပါတယ်……Alien: Romulus (2024) ကလွဲပြီး ကျန်၆ကားလုံးကို CM မှာတင်ဆက်ထားပြီးဖြစ်လို့ ကြည့်ရှုအားပေးနိုင်ပါပြီ…..

*****************************************************************************************************************

ဒီတစ်ပတ်ရုပ်ရှင်ကြည့်ရင်း အပန်းဖြေဖို့ကိုတော့ သည်းထိတ် ရင်ဖိုစိတ်ကူးယဉ် သိပ္ပံအက်ရှင် ကား Alien:Covenant ကို ညွှန်းဆိုလိုက်ပါတယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Prometheus ဇာတ်ကားရဲ့ အ ဆက်အဖြစ် ထွက်ရှိလာတဲ့ ဂြိုဟ် သားရုပ်ရှင်စီးရီးဖြစ်ပြီး ဒါရိုက်တာရစ်ဒလေစကော့ရဲ့ လက်ရာဖြစ် ပါတယ်။

Covenant ဆိုတဲ့ ယာဉ်ပျံ ကြီးပေါ်က အဖွဲ့သားတွေဟာ အာကာသ ဟင်းလင်းပြင် အစွန်အ ဖျားက ဂြိုဟ်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။ ဘယ်သူနဲ့မှ မထိတွေ့ရသေးတဲ့ ကောင်းကင် ဘုံတစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကတော့ သက်ရှိ ရယ်လို့ ဘာမှမတွေ့ရတဲ့ အမှောင်ထုလွှမ်းနေတဲ့ အန္တရာယ် ကမ္ဘာ ကြီးတစ်ခုပါ။

အဲဒီဂြိုဟ်ပေါ်ကို ဆင်းပြီး လေ့လာကြတဲ့အခါမှာ ပျက်စီး နေတဲ့ အင်ဂျင်နီယာယာဉ်ပျံတစ် ခုကို ခြေရာခံမိခဲ့ကြပါတယ်။ နောက်တော့ ယာဉ်ပျံပေါ်က လူတချို့က ဂြိုဟ်သားရောဂါပိုး မတော်တဆ ကူးစက်ခံခဲ့ရပြီး အဲဒီလူတွေထဲကနေ ဂြိုဟ်သား တစ်ကောင် ဖြစ်တည်လာကာ ယာဉ်ပေါ်ကလူတွေကို တိုက်ခိုက် ပါတော့တယ်။

အဲဒါနဲ့ပဲ ယာဉ်ပျံပေါ်မှာ အခြေအနေတွေ ရှုပ်ယှက်ခတ်ကုန်ပြီး နောက်ဆုံးမှာ ဂြိုဟ်သား ကို ရှင်းပစ်နိုင်ခဲ့ပါတယ်။ နောက် တော့ ရောဂါကူးစက်ခံရသူတွေ ဆီကနေ ဂြိုဟ်သားတွေ ပေါက် ပွားလာခဲ့ကာ ယာဉ်ပေါ်ကလူ တွေကို အန္တရာယ်ပေးပါတော့ တယ်။ စိတ်ကူးယာဉ်သိပ္ပံအက်ရှင် ဇာတ်လမ်းတွေရဲ့ ရိုက်ချက်တွေ အတိုင်း ခေတ်လွန် လက်နက် တွေ၊ ဂြိုဟ်သားနဲ့ လူတွေရဲ့ တိုက်ပွဲတွေကို အထူးပြုလုပ်ချက် ကောင်းကောင်းနဲ့ တင်ဆက်ထား တာမို့ သိပ္ပံဇာတ်လမ်းကြိုက်တဲ့ ပရိသတ်တွေ သဘောကျမှာပါ။ ဒီတစ်ခါဇာတ်ကားမှာကော ဒါရိုက်တာစကော့က ဘယ်လို တွေ လက်စွမ်းပြထားသလဲဆို တာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ အကဲဖြတ်လိုက်ဦး။

ဒီဇာတ်ကားထဲက သရုပ် ဆောင်တွေကတော့ ဒေးဗစ် 8/ ဝေါလ်တာအဖြစ် မိုက်ကယ်ဖက်စ်ဘန်ဒါ၊ ဒန်နီယယ်အဖြစ် ကက် သရင်းဝေါတာစတန်တို့နဲ့အတူ ဘီလီခရူဒက်ပ်၊ ဒန်နီမက်ဘ ရိုက်၊ ဒန်မီရန်ဘီချာ၊ ကာမန်းအီ ဂျိုဂိုစသူတွေ ပါဝင်ထားကြတာ ပါ။ ဘာသာပြန်သူကတော့ မင်းသက်ဦး ဖြစ်ပြီး ဇာတ်လမ်း အညွန်းကိုတော့ ဇီးကွက် မှ ကူးယူဖော်ပြပါတယ်

 

File size…(2 GB)/(1 GB)
Quality….Blu-Ray 1080p / 720p
Format… mp4
Duration…. 02:02:00
Genre… Monster Horror, Sci-fi Epic, Space Sci-fi, Horror, Sci-fi, Thriller
Subtitle….Myanmar Subtitle (Hardsub)
Encoder….Garfield
Translated by Min Thet Oo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Original title
Alien: Covenant
Director
Claire Frayn, Danielle Blake, Greg Tynan, Matthew Webb, Melina Burns, Merran Elliot, Raymond Kirk, Ridley Scott, Sarah Hood, Scott Lovelock
Stars
Alexander England, Amy Seimetz, Billy Crudup, Callie Hernandez, Carmen Ejogo, Danny McBride, Demián Bichir, Jussie Smollett, Katherine Waterston, Michael Fassbender, Nathaniel Dean
Release Date
19 May 2017
Rated
R
Runtime
2h 2min
Awards
2 wins & 13 nominations
Country
USA, UK
Budget
USD $97 000 000,00
Revenue
USD $232 380 243,00
Popularity
26.534
Status
Released
ID IMDb.com
tt2316204
IMDB Rating
6.4
IMDB votes
244,876
ID Themoviedb.org
126889
TMDb Rating
5.9
TMDb votes
5752