Alibi.com(2016)


Synopsis:
ဟာသကားတွေစောင့်မျှော်နေသူတွေအတွက် ပြင်သစ်ဟာသကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ ဂရက်ဆိုတဲ့သူဟာ သူငယ်ချင်းတစ်ယောက်နဲ့အလီဘိုင်ဆိုတဲ့ကုမ္ပဏီတည်ထောင်ထားပါတယ်။သူတို့အလုပ်က နောက်မီးလင်း အရှုပ်ထုပ်ပေါင်းစုံကို လိုက်လံဖုံးဖိကူညီပေးတာပါ။တစ်ရက်မှာတော့ အချစ်ကိုအယုံအကြည်မရှိတဲ့ဂရက်က ဖလိုလို့ခေါ်တဲ့ ရှေ့နေကောင်မလေးနဲ့ ပန်းခြံမှာခွေးကိုလွှတ်ပေးလိုက်လို့ ကားတိုက်ခံရတာကစပြီး ရင်းနှီးသွားပါတယ်။နောက်တော့ သူတို့နှစ်ဉီးချစ်သူတွေဖြစ်လာကြပြီး ကောင်မလေးအိမ်လိုက်သွားရင်းက ဖလိုရဲ့အဖေက အလီဘိုင်ကုမ္ပဏီရဲ့ဖောက်သည်တစ်ဉီးဖြစ်နေတာကို သိလိုက်ရပါတယ်။
ဖလိုက လိမ်လည်တာကိုသိပ်မုန်းတာကြောင့် ဂရက်ကသူ့လုပ်ငန်းကိုလည်းမပြောပြရဲသလို သူ့အဖေကိုလုပ်ပေးရမဲ့ ပြဿနာကလည်း သူ့ကောင်မလေးကိုသူ့သရုပ်မှန်ပေါ်လာဖို့ တဖြည်းဖြည်းလမ်းဆီကိုရောက်လာပါတယ်။ဂရက်တစ်ယောက် ဖလို့အဖေရဲ့ပြဿနာတွေဖြေရှင်းပေးရင်း ဘယ်လိုအလွဲတွေနဲ့ကြုံရမလဲ ၊ဖလို့အဖေရဲ့လျှို့ဝှက်ချက် သူ့ရဲ့လျှို့ဝှက်ချက်ကိုဆက်လက်ထိန်းသိမ်းနိုင်ပါမလား။သူတို့နှစ်ယောက်ရဲ့အချစ်ရေးကရော ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကြည့်ရှုလိုက်ကြပါဉီး။
သရုပ်ဆောင်တွေအဖြစ်နဲ့ Philippe Lacheau ၊ Élodie Fontan ၊ Didier Bourdon တို့ကပါဝင်သရုပ်ဆောင်ထားပြီး မင်းသားကိုယ်တိုင်ကပဲရိုက်ကူးတင်ဆက်ထားတဲ့ ပြင်သစ် Comedy ကားလေးဖြစ်ပါတယ်။
File size…1.96GB / 826.5MB
Quality…Blu-Ray 1080p 5.1CH / 720p
Format…mp4
Duration….1h 29m
Genre ….. Comedy , Romance
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Nwe Hnin Thazin
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။