Ali and Nino (2016)
While the world was falling apart, they were falling in love.

Synopsis:
ဒီဇာတ်ကားဟာ 1918 ခုနှစ်က မူဆလင်ကောင်လေးနဲ့
ခရစ်ယာန်ကောင်မလေးတို့နှစ်ယောက်ရဲ့ အချစ်ကိုပုံဖော်ထားတာပါ။
မူရင်းဝတ္ထုကလည်း အတော်အသင့်နာမည်ရှိပါတယ်။
ရေနံတွင်းတွေပေါများလှတဲ့ အဇာဘိုင်ဂျန်ကို ရုရှားတွေသိမ်းထားပြီး
ပထမကမ္ဘာစစ်ဖြစ်နေချိန်ပေါ့။ အဇာဘိုင်ဂျန်ဟာ ပါရှား၊ ဂျော်ဂျီယာနဲ့
အိမ်နီးချင်းနိုင်ငံဖြစ်ပြီး ဥရောပတိုက်နဲ့ အာရှတိုက်အကြားကနိုင်ငံဖြစ်တဲ့
အတွက် အချက်အချာကျလှပါတယ်။ ရုရှားကိုလိုနီနိုင်ငံဖြစ်တဲ့အတွက်
နိုင်ငံအတွင်းမှာ ရုရှားမိတ်ဖက်စီးပွားရေးသမားတွေလည်း ခြေရှုပ်လှပါတယ်။
အဇာဘိုင်ဂျန်မင်းသား အလီနဲ့ ဂျော်ဂျီယာမင်းသမီး နီနိုတို့ဟာ လူမျိုးမတူ၊
ဘာသာကွဲပြားတဲ့ကြားက ချစ်ခဲ့ကြပါတယ်။ အဇာဘိုင်ဂျန်ဘုရင်က
သူတို့အချစ်ရေးကို သဘောတူပေမဲ့ နီနို့အဖေဂျော်ဂျီယာမင်းသားကတော့
ရှုပ်ထွေးလှတဲ့နိုင်ငံရေးအခြေအနေတွေကြောင့် အချိန်ဆွဲလျက်ရှိပါတယ်။
ဒါ့အပြင် နီနိုကို မော်စကိုစီးပွားရေးသမားတစ်ယောက်ကလည်း
အပိုင်ကြံဖို့ကြိုးစားနေပါတယ်။ ရှုပ်ထွေးလှတဲ့နိုင်ငံရေးတွေကြားမှာ
အလီနဲ့နီနိုတို့ ဘယ်လိုဆုံဆည်းကြမလဲဆိုတာကို ကမ္ဘာစစ်နောက်ခံထားပြီး
ကြည့်ရှုရမှာဖြစ်တဲ့အတွက် သမိုင်းစိတ်ဝင်စားသူ အချစ်ဇာတ်လမ်းကောင်း
ကြိုက်သူတို့အတွက် လက်မလွှတ်သင်တဲ့ဇာတ်ကားတစ်ကားပါ။
File size…1.37GB / 578MB
Quality…Blu-Ray 1080p 5.1 CH/ 720p
Format…mp4
Duration….1h 40m
Genre ….. Drama , Romance , War
Subtitle….Myanmar Subtitle (Hard Sub)
Encoder….Min Wai
Translated by Jane
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။