2015 ကထွက်ခဲ့တဲ့ အာလာဒင်ဟာသကားလေးကို ကြည့်ဖူးသူတိုင်းမှတ်မိကြဦးမယ်ထင်ပါတယ်။
ကွန်ပြူတာအထူးပြုလုပ်ချက်တွေလည်းမဆိုးသလို အလွန်လည်းရယ်ခဲ့ရတဲ့ ကားကောင်းလေးတစ်ကားပါ။
အဲဒီကားလေးရဲ့အဆက်နံပါတ် ၂ ကားလေးကိုတော့ ၂၀၁၈ မှာထွက်ရှိလာခဲ့တာပဲဖြစ်ပါတယ်။
ဟာသကားဖြစ်သည့်အားလျော်စွာ အလွန်ခွီးနေရမှာလည်းဖြစ်သလို ကွန်ပြူတာအထူးပြုလုပ်ချက်တွေနဲ့
ဇာတ်လမ်းဇာတ်ကွက်ကအလွန်ကောင်းပြန်တဲ့ ကားလေးတစ်ကားပါပဲ။
ဇာတ်လမ်းအကျဉ်းလေးကတော့
ပထမဇာတ်လမ်းက အာလာဒင်ဟာ နန်းတော်ကြီးမှာ ရွှေနန်းပြောင်ပြောင်းနန်းဆောင်ဆောင်နဲ့နေရပြီး အရင်လိုစွန့်စားခန်းတွေမရှိတော့တဲ့သူ့ဘဝကြီးကိုပျင်းနေပါတယ်။
မင်းသားဖြစ်သူအာလာဒင်ဘာမှသေချာမစီမံပေးနိုင်တာကြောင့်အဆင်မပြေဖြစ်နေရတဲ့တိုင်းပြည်ကြီးကို ရှားဇမန်ဆိုတဲ့သူရောက်လာပြီး တိုင်းပြည်သိမ်းဖို့လုပ်တဲ့အခါအင်အားမသာတာကြောင့်အရေးနိမ့်ပြီး မင်းသားအာလာဒင်အနေနဲ့ထွက်ပြေးရပါတော့တယ်။
အခက်အခဲတွေရောက်နေတဲ့ အာလာဒင်ဟာ သူလွှတ်ပေးခဲ့တဲ့ သူရဲ့ဂျင်းနီကိုပြန်ရှာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံရမယ်၊
ထွက်ပြေးသွားတဲ့အာလာဒင်ကိုယုံကြည်မှုကင်းမဲ့သွားတဲ့မင်းသမီးရဲ့ယုံကြည်မှုကိုဘယ်လိုပြန်ရအောင်ကြိုးစားရမယ်၊
ဇာတ်လမ်းထဲမှာဘယ်လိုလှည့်ကွက်မြုပ်ကွက်လေးတွေပါမယ်ဆိုတာကို ဟာသလေးတွေနဲ့
တောက်လျှောက်ကြည့်ရင်းဘဝအမောတွေပြေရစေဖို့ ဒီတစ်ခါညွှန်းလိုက်ရတဲ့ကားလေးကတော့ Aladdin 2(2018) ပဲဖြစ်ပါတယ်ခင်ဗျာ။
(Aladin 1 ကို ဒီမှာ https://channelmyanmar.to/the-new-adventures-of-aladdin-2015/ ဒေါင်းပါ။)
File size…(1.8 GB) and (1 GB)
Quality…BluRay 1080p & 720p 5.1CH (HEVC Encode)
Format…mp4
Duration….01:39:00
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung
Translated by San Thu Aung
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။