Channel Myanmar

Report error

လောကကြီးမှာ ရာထူးရာခံရှိသူတွေ ငွေကြေးဥစ္စာပေါကြွယ်ဝသူတွေဆိုတာအမှုကိစ္စတစ်ခုခု ကျူးလွန်ခဲ့ပြီးရင်တောင် သက်ဆိုင်ရာအကြီးအကဲတွေကိုအဆင့်ဆင့်လာဘ်ထိုး ဖုံးဖိရင်း ပြစ်ဒဏ်မခံရပဲ လွတ်မြောက်လေ့ရှိပါတယ်

ဒီဇာတ်ကားလေးမှာလည်း အဘွားအိုတစ်ယောက်ရဲ့ ဆယ်နှစ်အရွယ် မြေးမလေး မန်ဒါဟာသူ့ရဲ့အိမ်အပြန်လမ်းမှာ လူယုတ်မာတစ်ယာက်ရဲ့ မတော်တရော်ပြုခြင်းခံရပြီးသူပြေးလွှားဆော့ကစားနေကျ နေရာအနီးတစ်ဝိုက်က အမှိုက်ပုံတစ်ခုမှာစွန့်ပစ်ခံထားရပါတယ်

442

အဘွားအိုနဲ့မိသားစုအပေါင်းအသင်းတွေဟာ မြေးမလေးကို ရှာတွေ့တွေ့ချင်းမှာပဲရဲအရာရှိတစ်ဦးကို ကျိုးကြောင်းကုန်စင်ပြောပြပြီး အမှုဖွင့်ဖို့ကြိုးစားပါတယ်

ဒါပေမဲ့လည်း ကလေးမရဲ့ထွက်ဆိုချက်တစ်ခုအရ တရားခံဟာအမတ်မင်းတစ်ဦးရဲ့ဖြစ်ကြောင်း သိရှိပြီးနောက်ပိုင်းမှာတော့အဆိုပါ ရဲရာရှိဟာ နစ်နာသူ ကလေးမလေးအတွက် တရားမျှတမှုကိုရှာဖွေပေးရမဲ့အစား နစ်နာသူနဲ့မိသားစုဝင်တွေကျူးလွန်မိနေတဲ့တရားမဝင်လုပ်ငန်းတွေကိုသာ အပြစ်ဖို့ပြောဆိုလာပါတယ်

ဒီလိုနဲ့ တရားဥပဒေအရ သူ့မြေးမလေးအတွက် တရားမျှတမှုကို မရယူပေးနိုင်တော့ကြောင်းသိလိုက်တဲ့ အဘွားအိုကတော့ တရားမျှတမှုကိုရဖို့ထက်သူ့နည်းသူ့ဟန်နဲ့ လူမဆန်တဲ့ မဒိမ်းကောင်ကို လက်စားချေနိုင်ဖို့ကြိုးစားတဲ့အခါမှတော့

သူ့ရဲ့ကြိုးစားအားထုတ်မှုကကော အရာရောက်ပ့ါမလား

သူရည်မှန်းထားတဲ့အတိုင်း လုပ်နိုင်ပါ့မလားဆိုတာ ဆက်လက်စောင့်ကြည့်ရအောင်ဗျာ



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Ajji(2017)
Ajji(2017)
Ajji(2017)
Ajji(2017)


No downloads available

Genres



Related movies