Exit print mode Print Data A+ A- Undo all

Agora (2009)

Alexandria, Egypt. 391 A.D. The World Changed Forever.
Agora (2009)Agora (2009)

Synopsis:

442

ဟိုက်ပါးရှား – ဉာဏ်ပညာ အတွေးအခေါ် အလှတရား ကောင်းခြင်းအင်္ဂါအဖြာဖြာနဲ့ပြည့်စုံတဲ့ ဂရိအတွေးအခေါ်ပညာရှင်၊ ဘာသာရေးဆိုင်ရာအားပြိုင်မှုတွေကြားမှာ အလွမ်းမိုးမခံဘဲ လက်တွေ့ကျကျ နေထိုင်ဖြတ်သန်းပြီး စကြာဝဠာနဲ့ပတ်သက်တဲ့ သိပ္ပံနည်းကျအဖြေတွေကို စိတ်အားထက်သန်စွာ ရှာဖွေသိရှိဖို့ ကြိုးစားနေခဲ့တဲ့သူမကို ဘာသာရေးမှိုင်းတွေ အားပြိုင်မှုတွေ ပဋိပက္ခတွေက ဘယ်လိုများ………..???
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားလေးကတော့ ရိုမန်အင်ပါယာလက်အောက်ခံ အလက်ဇန်းဒရီးယားမြို့တော်မှာ မူလအစ ဂရိနတ်ဘုရားတွေကိုကိုးကွယ်နေကြရာမှ ခရစ်ယာန်ဘာသာကို ယုံကြည်သက်ဝင်သူများ တိုးပွားလာတဲ့အခါ ဘာသာရေးပဋိပက္ခများ အဓိကရုဏ်းများ ဘာသာရေးအယူမတူညီမှုကြောင့် သတ်ဖြတ်ကြမှုများ ဖြစ်ပွားလာခဲ့ကာ ခရစ်ယာန်ဘာသာဝင်တွေက အရေးသာသွားပြီး နတ်ဘုရားကိုးကွယ်ခြင်းမှ ခရစ်ယာန်ဘာသာသို့ ကူးပြောင်းလာတဲ့အရွေ့ကြီးဖြစ်လာခဲ့ပါတယ်။
စကြာဝဠာကြီးရဲ့ ထူးခြားဆန်းကျယ်လှတဲ့လျိူ့ဝှက်ချက်တွေကို သိပ္ပံနည်းကျဖော်ထုတ်စူးစမ်းချင်ပြီး ဘာသာရေးကို ထည့်မတွေးတတ်တဲ့ ဟိုက်ပါးရှားဆိုတဲ့အတွေးအခေါ်ပညာရှင်၊ ဟိုက်ပါးရှားရဲ့တပည့်ဘဝမှ မြို့စားဖြစ်လာခဲ့ပြီး သူမကို လူသိရှင်ကြားသဘောကျတဲ့ နတ်ဘုရားကိုးကွယ်သူ ဂရိမြို့စားအိုရက်စ်တီးစ်၊ ဟိုက်ပါးရှားကို ငယ်စဉ်ကတည်းက တိတ်တခိုးချစ်မြတ်နိုးခဲ့ပြီး သူမရဲ့ငယ်ကျွန်ဘဝမှ ခရစ်ယာန်သာသနာလက်မရွံ့ဖြစ်လာခဲ့တဲ့ ဒေးဗပ်စ် အဆိုပါ ယုံကြည်သက်ဝင်မှုမတူညီတဲ့ ဇာတ်ကောင်သုံးယောက်နှင့် ဘာသာရေး လူမျိုးရေး နိုင်ငံရေး သိပ္ပံပညာ အတွေးအခေါ်ပညာ ကျွန်စနစ် စတာတွေကို ထောင့်စေ့အောင် သရုပ်ဖော် ဖန်တီးရိုက်ကူးထားတဲ့ လုံးဝကို ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကောင်းပါပဲ။
IMDb rating 7.1/10 တောင်ရရှိထားပြီး ဘာသာရေးဆိုင်ရာ ဗဟုသုတများစွာရတဲ့အပြင် ဇာတ်ကားအစမှအဆုံးထိ ပျင်းစရာမကောင်းဘဲ စိတ်ဝင်စားအောင်ဆွဲဆောင်သွား နိုင်တဲ့အတွက် ကြည့်ရှုသင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုဆိုရင်လည်း မမှားပါဘူး။
ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။

 

File size…(2.3 GB)/(1.2 GB)
Quality….Webrip 1080p / 720p
Format…mp4
Duration….02:07:00
Genre…Adventure, Drama, History
Subtitle….Myanmar Subtitle (Hardsub)
Encoder….Mr. Anderson
Translated by Matteo



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Budget
USD $70 000 000,00
Revenue
USD $39 457 342,00
Popularity
17.26
Status
Released
ID IMDb.com
26428
ID Themoviedb.org
26428
TMDb Rating
6.963
TMDb votes
1314