Channel Myanmar

Aftershock ( 2010 )

Tang shan da di zhen    

Not Rated 2h 15min DramaHistory

7.5
IMDB: 7.5/10 8603 votes

,

China

654610

Report error

ဒီဇာတ်ကားလေးဟာ 2010 ခုနှစ်ကထွက်ရှိထားပြီး Vote ပေါင်း 8603 နဲ့

imdb မှာ 7.5 အထိ Rating ကောင်းထားတဲ့ ဇာတ်ကားလေးပါပဲ

442

Rotten Tomatoes လည်း 91 % ရထားပါတယ်

သဘာဝဘေးအန္တရာယ်ဆိုတာ ကြုံလာရင် လူတိုင်းရှောင်လွှဲလို့မရတဲ့

ကပ်ဆိုးကြီးတစ်ခုပါ ဒီလိုကပ်ဆိုးတွေကြောင့် ပျော်ရွှင်နေရတဲ့ မိသားစုတွေ

သေကွဲတွေသာမက ရှင်ကွဲပါကွဲကြရပါတယ် ယခုတင်ဆက်ပေးမဲ့ ရုပ်ရှင်ရဲ့

အကြောင်းအရာဟာဆိုရင်ဖြင့် ၁၉၇၆ခုနှစ် တရုတ်နိုင်ငံ ထန်ရှန်မြို့မှာ ဖြစ်ခဲ့တဲ့

ငလျင်ဒဏ်ကြောင့် ထိခိုက်နစ်နာခဲ့သူ နှစ်သိန်းလေးသောင်းရဲ့ ဘဝတွေကို

အမှတ်ရအောက်မေ့ဖွယ်ရာ တင်ဆက်ထားခြင်းဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့

ငလျင်ဘေးကြီးကြောင့် ပြိုကွဲသွားရတဲ့ မိသားစုလေးအကြောင်းကို

ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ် ဇာတ်ကြောင်းလေးကတော့….

ထန်ရှန်မြို့လေးမှာ ယွမ်နီဆိုတဲ့ အမျိုးသမီးလေးဟာ အမွှာ သား သမီးနှစ်ယောက်

ယောကျာ်းနဲ့အတူ မိသားစုဘဝလေးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေသူ တစ်ယောက်ပါ

ဒါပေမဲ့ ကံအကြောင်းမလှတဲ့အခါမှာတော့ ထန်ရှန်မြို့မှာ ငလျင်အကြီးစားတစ်ခု

လှုပ်ခတ်ပြီး ယောကျာ်းဖြစ်သူက ယွမ်နီကို ကာကွယ်ရင်း ငလျင်ဘေးမှာ ဆုံးပါးသွားခဲ့ပါတယ်

ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာဆိုသလို ယောကျာ်းသာသေရုံမကပဲ

ကလေးနှစ်ယောက်ဟာလည်း ကွန်ကရစ်တုံးကြီး အောက်မှာပိမိပြီး တစ်ယောက်ပဲ

ကယ်လို့ရမဲ့ အနေအထားဖြစ်ခဲ့ပါတယ် ပထမကတော့ ယွမ်နီအနေနဲ့ မိဘမေတ္တာအရ

ဘယ်သားသမီးကိုမှ မစွန့်လွှတ်ချင်ခဲ့ပေမဲ့ တစ်ယောက်ကိုပဲ ကယ်လို့ရမဲ့အခြေအနေမှာ

မသက်သာဘဲ သမီးလေးကို စွန့်လွှတ်လိုက်ပြီး သားကိုကယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်

အဲ့ဒီဆုံးဖြတ်ချက်ဟာ သူတို့ရဲ့ ဘဝတစ်လျှောက်လုံးမှာ အရိပ်မည်းကြီးလိုလိုက်ပါလာပြီး

သူတို့အနေနဲ့ ဘယ်လိုတွေ ဆက်လက် ရှင်သန်ရုန်းကန်ကြရမလဲဆိုတာကို

ဇာတ်လမ်းပုံစံ အေးအေးလေးနဲ့ ကြည့်ရှုခံစားကြရမှာပါ

 

Translated & Review By Yamin Ei

Encoded By LK



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။

Aftershock ( 2010 )


No downloads available

Genres



Related movies