Channel Myanmar

Report error

After the Sunset(2004)

(unicode)

442

((ဒီဇာတ်လမ်းက ဘယ်လောက်လန်းလဲဆိုတာကြည့်ဖူးတဲ့သူတွေသိမှာပါ…
မကြည့်ရသေးတဲ့သူတွေအတွက်ရော ကြည့်ပြီးသားသူတွေပြန်လည်ခံစားရမှာ
ရသအပြည့်အဝရစေဖို့ Blu-Ray 1080p 5.1 CH,720Pတို့ဖြင့်
တင်ဆက်ပေးထားပါသည်…)
အလစ်သုတ်ရာမှာ ကျွမ်းကျင်လှပါတယ်ဆိုတဲ့ မက်စ် နဲ့ လိုလာတို့ဟာ တစ်​နေ့မှာ​တော့ FBI ​အေးဂျင့် စတန်လေ ကိုယ်တိုင် ​စောင့်​ရှောက်​နေတဲ့ ကြားက​နေ စိန်တုံးတစ်တုံးကို ခိုးယူသွားခဲ့ပါတယ်။ အဲ့စိန်တုံးက နပိုလီယံ ပိုင်ဆိုင်ခဲ့တဲ့ စိန်တုံး သုံးတုံး ထဲက ဒုတိယ​မြောက် အတုံးဖြစ်ပါတယ်။ ဒီကိစ္စ ပြီးတဲ့​နောက်မှာ​တော့ မက်စ်နဲ့ လိုလာတို့ဟာ သူခိုး​လောကက​နေ အနားယူခဲ့ပြီး Bahamas နိုင်ငံက Paradiseကျွန်း​ပေါ်မှာ အပန်း​​ဖြေ​နေခဲ့ကြပါတယ်။
ဖြစ်ချင်​တော့ နပိုလီယံရဲ့ တတိယ​​မြောက် စိန်တုံးဟာ တ​နေ့မှာ Paradiseကျွန်း​ပေါ်ကို ဆိုက်ဆိုက်​​မြောက်​မြောက် ​ရောက်လာပါ​တော့တယ်။
ဒီ​နောက်မှာ​တော့ ဘာ​တွေဆက်ဖြစ်ကြမလဲ။
မက်စ်နဲ့ လိုလာတို့ဟာ တကယ်ပဲအနားယူသွားတာလား။ တတိယ​မြောက် စိန်တုံးကို ထပ်အလစ်သုတ်ဦးမလား။
FBI​အေးဂျင့် စတန်​လေ က​ရော ဒီတ​ခေါက် ဘာအကြံအစည်​တွေများ ရှိ​နေဦးမလဲ။
သူတို့​တွေရဲ့ အားပြိုင်မှု ကြားထဲ Paradise ကျွန်း​ပေါ်က ​ဒေသခံ ဂိုဏ်း​တစ်ခုကပါ ပါ၀င်လာတဲ့ အချိန်မှာ​တော့……

IMDb rating 6.3 ရရှိထားပြီး ကြာမြင့်ချိန် ၁နာရီ ၄၀မိနစ် ရှိတဲ့ ဒီကားဟာ Comedy, Actionနဲ့ Crime တို့ ​ပေါင်းစပ်ထားတဲ့ ဇာတ်ကား​ကောင်း​လေးဖြစ်ပါတယ်။

မင်းသားကြီး Pierce Brosnan၊ Woody Harrelsonနဲ့ မင်းသမီး Salma Hayekတို့က အဓိက သရုပ်​ဆောင်ထားကြပြီး မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း တစ်ကား ဖြစ်ပါတယ်။

(zawgyi)

တင်ဆက်ပေးထားပါသည်…)



File Size : (1.91GB)(850 MB) and (374 MB)
Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p
Format…mp4
Duration…01:37:00
Genre : Action , Comedy , Crime
Subtitle : Myanmar Subtitle (Hard Sub)
Translated by K
Encoded by Phyo Pyae



ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။



No downloads available


Related movies