After the Storm (2016)

Synopsis:
ကျနော်တို့တွေအားလုံး နေ့စဉ်ဘဝမှာ ရှင်သန်နေကြတာ ဘာရည်ရွယ်ချက်နဲ့လဲ
မရှင်သန်ဖူးသေးလို့ ရှင်သန်ကြည့်နေကြတာလား?? မနက်ဖြန်အတွက်ဆိုတဲ့
မျှော်လင့်ချက်လေးတွေနဲ့လား??
ရှင်သန်နေဆဲ မှာရော ရှင်သန်ဖော်ရှင်သန်ဖက်တွေကို ဘယ်လောက်အကျိုးပြုခဲ့ပြီလဲ??
လူတွေက ဘာလို့ ဆုံးရှူံးပြီးသားကိုမှ တန်ဖိုးထားကြတာလဲ??
အချစ်ဟာ အချိန်တွေကြာလာရင် သံယောဇဉ်ဖြစ်ရဲ့လား??
သံယောဇဉ်နဲ့ပဲနေနေတဲ့ အချိန်တွေကြာလာရင်ကော.. အချစ်ဆိုတာကျန်သေးရဲ့လား??
အဆုံးမဲ့စင်္ကြာဝဠာကြီးထဲမှာ မိမိဆိုတာကရော ဘယ်လောက်ထိအရေးပါနေလဲ??
ကျနော်တို့ဟာ ကိုယ်ဖြစ်ချင်တဲ့သူတစ်ယောက်ဖြစ်ဖို့ဘဝမှာကြိုးစားကြတယ် ဖြစ်သွားရင်ကော..ဘဝကြီးကနေပျော်သွားပြီလား??
ဖြစ်ဖို့ကြိုးစားနေဆဲကာလကရော ဘဝမဟုတ်ဘူးလား?? စတဲ့ mindblowingဖြစ်စေမယ့် မေးခွန်းလေးတွေ
ကိုယ့်ကိုယ်ကိုပြန်မေးရင်း ခပ်ငြိမ့်ငြိမ့်ဇာတ်ကားလေးထဲမှာ စီးမျောသွားပါလိမ့်မယ်..
မိန်းမရပြီးမှ မကြိုးစားခဲ့လို့ မိန်းမက ထားသွားခဲ့တဲ့လူတစ်ယောက်. ..
သူသိပ်ချစ်တဲ့သူ့သားလေးကိုလဲ ထောက်ပံ့ကြေးပေးရဦးမယ်
(သူတို့နိုင်ငံရဲ့ဥပဒေအရ) ပင်စင်စားအမေကြီးကိုလဲ ထောက်ပံ့ချင်သေးတဲ့ သားလိမာဖြစ်ချင်တဲ့ လူတစ်ယောက်…
စုံထောက်ကိုယ်စားလှယ်ရုံးမှာအလုပ်လုပ်ပြီး ဝတုတစ်ပုဒ်နဲ့ဆုရဖူးတဲ့ အရည်အချင်းနဲ့လူတစ်ယောက်
ဖြစ်ချင်တာတွေဖြစ်မလာတဲ့ ဘဝတစ်ခုမှာ အဓိပါယ်ရှာနေတဲ့လူတစ်ယောက်အကြောင်းဇာတ်ကားကောင်းတစ်ကားပါ
(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်သူကတော့ အောင်ချမ်းငြိမ်း ပဲဖြစ်ပါတယ်)
File Size : 900 MB / 370 MB
Quality : Bluray 720P
Running Time : 1hr 57minutes
Format : Mp4
Genre : Drama
Translator : Aung Chan Nyein
Encoder :Thanhtike Zaw
Download Here Yoteshin Link
Download Here Bluray 720p (900 MB) Openload Link
Download Small File Size 360p (370 MB) Openload Link
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။