Adrishya Jalakangal (2023)


Synopsis:
Adrishya Jalakangal (2023) “မမြင်ရတဲ့ပြတင်းပေါက်များ”
IMDb-6.8/10
Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့
မလေယာလမ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးပါရစေ။
ဒီကားရဲ့ အဓိကဇာတ်လိုက်ဖြစ်သူ မင်းသားသောမတ်စ်က ကျွန်တော်ဒီကားရဲ့ ဇာတ်ညွှန်းကိုဖတ်တုန်းက
ငိုတောင်ငိုမိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေသွားပါသေးတယ်။
ဇာတ်ညွှန်းမှာတင် သရုပ်ဆောင်တစ်ယောက် ငိုရလောက်တဲ့ထိ ဒီရုပ်ရှင်က ဘာတွေများထူးခြားလို့လဲ။
လောကကြီးမှာ ကျွန်မတို့လူသားတွေအနေနဲ့ မတတ်နိုင်တဲ့အရာတွေရှိပါတယ် ကျွန်မတို့မမြင်နိုင်တဲ့ဖြစ်တည်မှုတွေ
မမြင်နိုင်တဲ့ကမ္ဘာလောကပေါ့ ဒါပေမဲ့ဒီလောကရဲ့ပြတင်းပေါက်လေးကို သွားဖွင့်လိုက်မိရင် ဘာတွေဖြစ်လာနိုင်မလဲ ။
စစ်ကြီးဖြစ်ခါနီး ရဲတွေက အိမ်ခြေရာမဲ့တွေကိုဖမ်းပြီး အရူးထောင်ပို့သတဲ့ နေရာမလောက်တော့ အရင်ရောက်နေတဲ့လူတွေကို
ကျန်းမာရေးစစ်ဆေးချက်ပေးပြီး ကောင်းတယ်ဆိုပြန်လွှတ်တယ်ပေါ့ ဒီမှာမင်းသားကြီး Tovino Thomas က အရူးထောင်ထဲ
ကန့်လန့်ပါသွားတဲ့တစ်ယောက်ပါ သူ့ကိုယ်သူလူကောင်းပြောလည်း အရူးတွေကဒီလိုပဲပြောကြတာဆိုပြီး ၆လလောက် စိတ္တဇဆေးရုံထဲနေခဲ့ရသူ ဆေးရုံခါတော့ သူ့ကိုအကောင်းဆိုပြီးပြန်လွှတ်လိုက်လေရဲ့ သူလည်းအလုပ်လုပ်မယ်ဆိုပြီး ရင်ခွဲရုံမှာအလုပ်ဝင်မိခါမှ သဘာဝလွန်ဖြစ်ရပ်တွေဖြစ်လာပါတော့တယ် ဒါကဘာများဖြစ်မလဲ ဒီသဘာဝလွန်ဖြစ်ရပ်တွေအကူအညီနဲ့ သူဘာတွေလုပ်သွားမလဲဆိုတာကိုတော့….
(အညွှန်းကို Yunni ကရေးသားပေးထားပြီး CM Bollywood Team မှဘာသာပြန်ဆိုထားပါတယ် )
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့
ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )
File size…1.5GB / 700MB
Quality…WEB DL 1080p / 720p
Format…mp4
Duration….2h 8m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by CM Bollywood Team
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။