Aces Go Places 1 to 5

Synopsis:
ဒီတစ်ခါတော့ Aces go places ဆိုတဲ့ တရုတ်ဟာသကားလေးကို မိတ်ဆက်ပေးပါရစေ
ဒီကားလေးက စုစုပေါင်း ၅ ကားတိတိ ထွက်ရှိခဲ့ပြီး ၅ကားဟာ ဆက်စပ်နေပါတယ်
ဒါကြောင့် စီအမ် ပရိတ်သတ်ကြီး ကြည့်ဖို့ ၅ ကားလုံးကို တဆက်ထဲ တင်ဆက်ပေးလိုက်ပါတယ်
King Kong နဲ့ စုံထောက်ဂတုံးတို့ဟာ အမြဲ တွဲနေကျ ရှေ့သွားနောက်လိုက်ညီတဲ့
သူငယ်ချင်းနှစ်ယောက်ပါ တစ်ယောက်ဒုက္ခကြုံလာရင်တစ်ယောက်က
ကူညီဖို့ဝန်မလေးကြသူတွေဖြစ်ကြပါတယ် မောင်နှမ၂ယောက်ဦးဆောင်တဲ့
လူဆိုးဂိုဏ်းက ညီမဖြစ်သူကို King Kong ဖွန်ကြောင်မိရာက
ဘဏ်ဓားပြအဖြစ်ချောက်ချခံရပြီး သူ့သူငယ်ချင်းဒုက္ခရောက်တာကို
မကြည့်နိုင်တဲ့ဂတုံးကဝင်ပါ ပါတော့တယ် ရှေ့နေငှားမှထောင်ကျဆိုသလိုပဲ
ဂတုံးပါလာပြီးမှနောက်တခါ ရတနာဆိုင်ဓားပြမှုနဲ့ ချောက်ချခံရပြန်ပါတော့တယ်
ဒီလိုနဲ့သူတို့၂ယောက်တိုင်ပတ်ကြပုံကို ရိုက်ထားတဲ့ဟာသဇာတ်မြူးလေးပါ
တစ်ကားလုံး ပါးစပ်မစိနိုင်အောင်ရယ်ရတဲ့ ဇာတ်ကားလေးဖြစ်လို့
ကြည့်ပြီးနောက်တမရစေရဘူးလို့ ရဲရဲကြီးအာမခံပေးလိုက်ပါတယ်နော်
ကဲ ပရိတ်သတ်ကြီးကတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်လိုက်
ကြပါတော့ဗျာ ဇာတ်ကားက ထွက်ထားတာကြာပြီ ဖြစ်တာကြောင့် ပထမဆုံးကားပဲ Bluray ရပြီး
ကျန်တဲ့ ၄ကားကိုတော့ DVD rip သာရခဲ့တာမို့ အဆင်ပြေဆုံးဖြစ်အောင် တင်ဆက်ပေးထားပါတယ်ဗျ
—————————————————————————————
ရုပ်ရှင်များကို လွယ်ကူစွာကြည့်ရှုလိုပါက CM App ကို www.cmapp.tv မှာ ရယူပါ။ CM App မှာ Streaming လည်းရသလို One Click Download လည်း ပြုလုပ်နိုင်ပါတယ်။